၂. ဘာလို့ ဒီဘဝမှာ အစားအသောက်ကောင်းများဖြင့် နေရပါသလဲဆိုတော့ အရင်ဘဝက မရှိဆင်းရဲသားတွေကို ပေးကမ်းလှုဒါန်းခြင်းကြောင့် ဖြစ်သည်။
၃. ဘာဖြစ်လို့ ဒီဘဝမှာ ဆင်းရဲပြီး အဝတ်ကောင်းတွေ မဝတ်နိုင်ရသလဲဆိုတော့ အရင်ဘဝက သင်ဟာ ကပ်စေးနှဲ ကော်တရာဖြစ်ပြီး အလှုမလုပ်ခြင်းကြောင့် ဖြစ်သည်။
၄. ဒီဘဝမှာ ကိုယ်ပိုင်တိုက်ကြီး ခြံကြီးများနှင့် နေနိုင်ခြင်းဟာ
အရင်ဘဝက ဘုန်းကြီးကျောင်းတွေမှာ ဆန်အလှုပေးခြင်းကြောင့် ဖြစ်သည်။
၅. ဘာလို့ ဒီဘဝမှာ တိုးတက်အောင်မြင်ပြီး ပျော်ရွှင်မှုတွေ ပိုင်ဆိုင်နေရသလဲဆိုတော့ အရင်ဘဝက ဘုန်းကြီးကျောင်းဆောက်ဖို့ ငွေလှုဒါန်းခြင်းကြောင့် ဖြစ်သည်။
၆. ဘာလို့ ဒီဘဝမှာ သင်ဟာ လှပကျော့မော့နေရပါသလဲဆိုရင်တော့ အရင်ဘဝမှာ သင်ဟာ ဘုရားပန်းကပ်လှုခြင်းကြောင့် ဖြစ်သည်။
၇. ဘာလို့ ဒီဘဝမှာ ပညာရည်မြင့်မားနေရသလဲဆိုတော့ အရင်ဘဝမှာ သင်ဟာ သတ်သတ်လွှတ်စားသည့်အပြင် ဘုရားတရားများနှင့်ပျော်မွေ့နေသူလည်း ဖြစ်သည်။
၈. ဘာလို့ ဒီဘဝမှာ သင်က ချစ်ခင်သူပေါများပြီး သူငယ်ချင်းရောင်းရင်းများနှင့် ပြည့်စုံနေရပါသလဲဆိုရင်တော့ အရင်ဘဝမှာ ကောင်းကျိုးများဖြင့်သာ ကူညီခဲ့ခြင်းကြောင့် ဖြစ်သည်။
၉. ဘာလို့ ဒီဘဝမှာ မိဆုံဖဆုံဖြင့် နေရသလဲဆိုရင်တော့ အရင်ဘဝမှာ
ရိုသေလေးစားပြီး အကူညီပေးတတ်သူနှင့် ဘက်မလိုက်ခြင်းကြောင့် ဖြစ်သည်။
၁၀. ဘာလို့ ဒီဘဝမှာ မိဘမဲ့ကလေးဖြစ်နေရသလဲဆိုတော့ အရင်ဘဝက ဌက်ပစ် ၊ ငါးမျှား ၊ တိရိစ္ဆာန် အသိုက်အမြုံများကို ဖြိုချခြင်းကြောင့် ဖြစ်သည်။
၁၁. ဘာလို့ ဒီဘဝမှာ သက်ရှည်ကျန်းမာနေရသလဲဆိုတော့ အရင်ဘဝမှာ ဌက်လွှတ်၊ ငါးလွှတ် စသည့် သက်ရှိသတ္တဝါလေးတွေကို လွှတ်ပေးခြင်းကြောင့် ဖြစ်သည်။
၁၂. ဘာကြောင့် ဒီဘဝမှာ အသက်တိုရသလဲဆိုတော့ အရင်ဘဝက တိရိစ္ဆာန်များကို သတ်ထားခဲ့ခြင်းကြောင့် ဖြစ်သည်။
၁၃. ဒီဘဝမှာ ဘာလို့ သူတစ်ပါးရဲ့ အခိုင်းစေအဖြစ်နေရပါသလဲဆိုရင် အရင်ဘဝမှာ မရှိဆင်းရဲသားကို နိမ်ထားခဲ့ခြင်းကြောင့် ဖြစ်သည်။
၁၄. ဘာ့ကြောင့် သင့်မျက်လုံးက ဒီဘဝမှာ လှပနေရသလဲဆိုတော့
အရင်ဘဝက ဘုရားမှာ ဆီမီးပူဇော်ခဲ့ခြင်းကြောင့် ဖြစ်သည်။
၁၅. ဘာလို့ ဒီဘဝမှာ အသိပညာမဲ့ ၊ နားမကြား သူတစ်ယောက် ဖြစ်ရပါသလဲဆိုရင် အရင်ဘဝက မိဘရှေ့တွင် ကြမ်းတမ်းစွာ ဆဲဆိုခဲ့ခြင်းကြောင့် ဖြစ်သည်။
၁၆. အဘယ့်ကြောင့် ဒီဘဝမှာ အဆိပ်နှင့်ပတ်သက်၍ သေရသလဲဆိုရင် အရင်ဘဝက စမ်းရေ ၊ သောက်သုံးရေများကို အဆိပ်ခတ်ခဲ့ခြင်းကြောင့် ဖြစ်သည်။
၁၇. ဘာ့ကြောင့် ဒီဘဝမှာ ဆွဲကြိုးချပြီး သေဆုံးရပါသလဲဆိုရင် အရင်ဘဝက တိရိစ္ဆာန်များကို ထိုနည်းကဲ့သို့ ပြုလုပ်ခဲ့ခြင်းကြောင့် ဖြစ်သည်။
၁၈. အကယ်၍ ဒီဘဝမှာ ခင်ဗျားသူ့ကို သတ်ရင် နောက်ဘဝမှာလည်း သူက ခင်ဗျားကို သတ်ပါလိမ့်မည်။ ဘယ်တော့မှ မဆုံးနိုင်တဲ့ သံသရာ
ဆက်ကွင်းဖြစ်ပါလိမ့်မယ်။
၁၉. ဒီဘဝမှာ ခင်ဗျားတို့လည်း ဒီသံသရာအကြောင်းတွေ ဆက်ပြီးပြောပြသွားနိုင်မယ် ဆိုရင် နောက်ဘဝမှာ ခင်ဗျားတို့ကောင်းကြောင်းနဲ့ လူတွေရဲ့ ရိုသေလေးစားခြင်းကို ခံရပါလိမ့်မယ်။
မေတ္တာဖြင့်- - #မိုးမခ ( ဧရာ အနောက် )
#Credit to org