၁။ရပ်ထားသောယာဉ်ကိုဝင်ရောက်တိုက်မိခြင်း
ရပ်ထားသောယာဉ်ကိုအခြားယာဉ်တစ်စီးမှ
ဝင်ရောက်မိတဲ့အခါမှာတိုက်တဲ့ယာဉ်အမှားပဲဖြစ်ပါတယ်။ဒါပေမယ့်ညအချိန်အမှောင်ထဲမှာဘေးမီးဖွင့်
မထားဘဲလမ်းမပေါ်ရပ်ထားခဲ့မယ်။အန္တရာယ်
မဖြစ်နိုင်အောင်သတိပေးမယ့်သူရှိမနေခဲ့ရင်တော့
ရပ်ထားတဲ့ယာဉ်မှာလည်းတာဝန်ရှိနိုင်ပါတယ်။
၂။ရှေ့ယာဉ်အားနောက်ယာဉ်မှဝင်ရောက်တိုက်မိခြင်း
နောက်ကယာဉ်မှာတာဝန်ရှိပါတယ်။ဒီနေရာမှာ
တချို့ကပြောကြပါတယ်။ရှေ့ယာဉ်က ရုတ်တရက်ဘရိတ်အုပ်လို့တိုက်ရတာပါလို့ပြောကြပါတယ်။
ဒါပေမယ့်ယာဉ်သွားလာမှုစည်းကမ်းနည်းဥပဒေပုဒ်မ ၁၄၅မှာရှေ့ယာဉ်ရုတ်တရက်ရပ်တန့်လျှင်နောက်မှ
ယာဉ်သည်ထိခိုက်မှုမဖြစ်စေရန်သင့်လျော်သော
အကွာအဝေးမှလိုက်ရမည်လို့ဖော်ပြထားပါတယ်။
သင့်လျော်သောအကွာအဝေးဆိုတာကတော့ပုံသေ
မရှိနိုင်ပါဘူး။ရှေ့ယာဉ်အရှိန်များရင်များသလို
အရှိန်နည်းရင်နည်းသလိုထိခိုက်မှုမရှိပဲရပ်တန့်နိုင်မယ့်အကွာအဝေးကိုချိန်ဆမောင်းနှင်ရမှာပါ။
အဲ့ဒီအတွက်ရှေ့ယာဉ်မှ ခွေးဖြတ်ပြေးလို့ဖြစ်ဖြစ်
လူဖြတ်ပြေးလို့ပဲဖြစ်ဖြစ်အကြောင်းတစုံရာကြောင့်
ရပ်တန့်ချိန်မှာနောက်ယာဉ်သည်လည်းထိခိုက်မှုမရှိအောင်ရပ်တန့်နိုင်ရပါမယ်။ဖရီးကြောလို့ခေါ်တဲ့
ရပ်မျဉ်းမရှိတဲ့ ကွေ့ကြောတည့်ကြောမှာတိုက်ရင်တော့
ရှေ့ယာဉ်အမှားဖြစ်ပါတယ်။လမ်းညွှန်အမှတ်အသား
ကိုလိုက်နာခြင်းမရှိတဲ့အတွက်ပါ။
၃။လမ်းဆုံတွင်ယာဉ်(၂)စီးတိုက်ခြင်း
မိန်းလမ်းမကြီးနဲ့လမ်းသွယ်ဆိုရင်တော့လမ်းသွယ်
ယာဉ်ရဲ့တာဝန်ပဲဖြစ်ပါတယ်။နည်းဥပဒေပုဒ်မ ၁၄၉(ခ)အရလမ်းမကြီးမှ ယာဉ်သည်ဦးစားပေးရတဲ့အတွက်ပါ။တကယ်လို့တူညီလမ်းဆုံမှာဆိုရင်တော့
နည်းဥပဒေပုဒ်မ ၁၄၉(က)အရလက်ယာဘက်
ယာဉ်သည်ဦးစားပေးရပါတယ်။တူညီလမ်းဆုံသို့
ယာဉ်(၂)စီးတပြိုင်တည်းရောက်ရှိလျှင်ဦးစွာရောက်ရှိသောယာဉ်ကိုဦးစားပေးရမည်ဖြစ်ပြီးတချိန်တည်းရောက်ရှိလျှင်လက်ယာဘက်ယာဉ်ကိုဦးစား
ပေးရမည်လို့သက်မှတ်ထားတဲ့အတွက်ပါ။
၄။လမ်းလယ်တွင် မျက်နှာချင်းဆိုင်တိုက်မိခြင်း
ဒါကတော့ယာဉ်(၂)စီးလုံးမှာတာဝန်ရှိပါတယ်။လက်ယာကပ်မောင်းစနစ်ဖြစ်တဲ့ဒီနိုင်ငံမှာ သာမန်အားဖြင့်
မည်သည့်ယာဉ်မဆိုလက်ယာကပ်မောင်းရမှာဖြစ်တဲ့အတွက်ပါ။နည်းဥပဒေပုဒ်မ ၁၄၁မှာလည်းဖော်ပြ
ထားပါတယ်။အမြန်လမ်းတွေလိုယာဉ်ကြော(၃)
ကြောရှိတဲ့လမ်းဆိုလက်ဝဲဘက်အစွန်းကြောသည်
ကျော်တက်ရန်နှင့်အမြန်မောင်းနှင်ရန်မှာသာ
အသုံးပြုရမှာဖြစ်ပါတယ်။
၅။T ပုံသဏ္ဍန်လမ်းဆုံတွင်တိုက်မိခြင်း
Tလမ်းဆုံမှာတိုက်ရင်လည်းလမ်းမပေါ်ကွေ့
ထွက်တဲ့ယာဉ်ကအမှားပဲ ဖြစ်ပါတယ်။
၆။တည့်ယာဉ်နှင့်ဝဲဘက်သို့'ဂ'ကွေ့ကွေ့သော
ယာဉ်တိုက်မိခြင်း
နည်းဥပဒေပုဒ်မ ၁၄၈ နဲ့ ၁၅၀ အရတည့်တည့်လာနေတဲ့
ယာဉ်မရှင်းပဲ ကွေ့တဲ့ယာဉ်ကအမှားပဲဖြစ်ပါတယ်။
"လွတ်မယ်ထင်လို့ကွေ့တာပါ" တို့"ရှေ့ကတည့်တည့်လာတဲ့ယာဉ်ကအရှိန်များတာ" တို့ပြောတက်ကြပါတယ်။
ဘယ်လိုပဲပြောပြောရှင်းရမှာပါပဲ။
၇။လမ်းပြောင်းပြန်ကျော်တက်၍မျက်နှာချင်း
ဆိုင်ယာဉ်နှင့်တိုက်မိခြင်း
နည်းဥပဒေပုဒ်မ ၁၄၆အရရှေ့မှမျက်နှာခြင်း
ဆိုင်လာသောယာဉ်မရှင်းဘဲလမ်းပြောင်းပြန်ကျော်တက်တက်တဲ့ယာဉ်မှာတာဝန်ရှိပါတယ်။
၈။အဝိုင်းတွင်ယာဉ်(၂)စီးတိုက်မိခြင်း
နည်းဥပဒေပုဒ်မ၁၄၉အရအဝိုင်းပတ်နေတဲ့ယာဉ်သာအမှန်ဖြစ်ပါတယ်။အဝိုင်းပတ်ယာဉ်ဦးစားပေးရမှာ
ဖြစ်ပေမယ့်မြို့တော်တော်များများမှာအဝိုင်းပတ်နေတဲ့ယာဉ်တွေကပဲရပ်ပေးနေတာကိုမြင်နေရပါတယ်။
၉။ယာဉ်မှလူကိုတိုက်ခြင်း
စက်တပ်ယာဉ်နဲ့လူတိုက်မိပြီဆိုရင်တော့
စက်တပ်ယာဉ်သာအမှားဖြစ်ပါတယ်။
Credit >>> Original uploader(Bo Win)