နေမကောင်းတဲ့အခါမှာ
“ငါ့မှာ အနာရောဂါ ဖြစ်လာပြီ၊ မေ့မေ့လျော့လျော့ ပေါ့ပေါ့တန်တန်နေ လို့ မတော်ဘူး”လို့ သတိထားရပါမယ်။ အနာရောဂါ က ငါ့ကို သတိပေးတာပဲ၊ သေခြင်းတရား ရောက် မလာခင်မှာ တရားနဲ့နေဖို့ သတိပေးတာပဲ”လို့ ဆင် ခြင်ရပါမယ်။
ဘယ်သူ့ကိုမှ အပူမရှာ၊ ဒုက္ခမပေးဘဲ ကိုယ့် တရားနဲ့ကိုယ် နေတတ်ရပါမယ်ဖြစ်ပေါ်လာတဲ့ ရုပ် တရားတို့ရဲ့ ဖောက်ပြန်မှု၊ နာမ်တရားတို့ရဲ့ ပြောင်း လဲမှုတွေကိုရှုမှတ်နေရင် အကောင်းဆုံးပါ။ ထင်ထင် ရှားရှား တွေ့နေရတဲ့ ရုပ်နာမ်ခန္ဓာတို့ရဲ့ နှိပ်စက်မှု, ဆင်းရဲမှု, သာယာဖွယ် တပ်မက်ဖွယ်ကင်းမှုတွေကို အာရုံပြုသတိကပ်ထားတာ အကောင်းဆုံးပါပဲ။ တုန် လှုပ်ချောက်ချားနေမယ့် အစားပူပန်စိုးရိမ်နေမယ့် အစား ပူပန်မှုတွေ ငြိမ်းအေးအောင် တရားနဲ့သာ နေလိုက်တာ အကောင်းဆုံးပါ။
ဓမ္မဒူတ အရှင်ပညိဿရ
