#စိတ်ဓါတ်ကျခဲ့ရင်_မရပ်တန့်လိုက်ပါနဲ့
#၃_စင်တီမီတာကိုသတိရပါ💪💪⛳⛳⛳

ဝါးပင်တစ်ပင်က ၃ စင်တီမီတာ ကြီးဖို့ 
၄ နှစ်အချိန်ပေးရပါတယ်။ 

အဲ့ဒီ ၄ နှစ် နောက်ပိုင်းမှာတော့ 
ဝါးပင်တစ်ပင်ဟာ 
၁ ရက်ကို ၃၀ စင်တီမီတာ အထိ ကြီးထွားနိုင်ပါတယ်။

၆ ပတ်အတွင်း ၁၅ မီတာ လောက်အမြင့်ကိုရောက်နိုင်တယ်။

ဒါဟာ ဘာလို့လဲဆိုတော့
ပထမဆုံး ၄ နှစ် မှာ အဲ့ဒီဝါးပင်က အမြစ်မှာ အခြေခိုင်အောင်အားစိုက်နေလို့ပဲဖြစ်ပါတယ်။

ဒါကြောင့် ဒီနေ့
ကိုယ်လုပ်သမျှ အကျိုးရလဒ်မမြင်ရတဲ့အချိန်မှာ
ကိုယ်ကြိုးစားသလောက် အရာမထင်ဘူးလို့ထင်တဲ့အချိန်မှာ ဝါးပင်လေးကို သတိရစေချင်ပါတယ်။

ကိုယ်က ၁၀ မီတာမြင့်ချင်ရင် ၁၀ မီတာအတွက် အခြေခိုင်အောင်လုပ်ရမယ်။ 
အဲဒီတော့ အချိန်က ၁ နှစ် ကြာချင်ကြာမယ်။

ကိုယ်က
၁၀၀ မီတာ မြင့်ချင်ရင်
၁၀၀ မီတာ အမြင့်ကိုခံနိုင်တဲ့အခြေခံရှိရမယ်လေ။ 
အဲဒီတော့ ၁၀ နှစ် အချိန်ပေးရင် ပေးရမယ်လို့
ထင်ပါတယ်။

ဒါကြောင့် ကိုယ်ကြိုးစားသလောက် ချက်ချင်းအကျိုးမမြင်ရရင်လည်း
စိတ်ဓာတ်ကျပြီးတော့ နောက်မဆုတ်ပါနဲ့လို့ပြောချင်ပါတယ်။

ကိုယ်သာ အခြေခိုင်အောင် အမြစ်ပွား၊ကြိုးစားနေသ၍ တစ်နေ့ကျရင် အမြင့်ကိုရောက်နိုင်ပါလိမ့်မယ်။

ဘာဖြစ်လို့လဲဆိုတော့ လူအများစုက 
အဲ့ဒီ ၃ စင်တီမီတာ ကနေ မကျော်နိုင်ကြပါဘူး။
အဲ့ဒါကြောင့် ကျရှုံးသူက အောင်မြင်သူထက်များနေတာပေါ့ ။

ကိုယ့်ရဲ့ ၃ စင်တီမီတာ ကို ကျော်ဖြတ်နိုင်ရင်တော့ 
သင်က အမြင့်ကိုမကြာခင်ရောက်မယ့်သူပါပဲ ။

စိတ်ဓာတ်ကျရင် ၃ စင်တီမီတာ ကိုသတိရပါ ။
ငါ့ရဲ့ ၃ စင်တီမီတာ ပဲလို့ ပြောပြီး အားအင်ပြန်ပြည့်နိုင်ပါစေ။

Credit;Original Writer