ဒီဇာတ်ကားလေးမှာတော့ အိန္ဒိယတစ်နိုင်ငံလုံး မုဒိမ်းကျင့်သတ်ဖြတ်မှုတွေ၊ အမျိုးသမီးငယ်တွေ ပျောက်ဆုံးမှု တွေနဲ့ ပြည့်နှက်နေတဲ့အချိန်မှာ ကိုတာရဲစခန်းကို အက်စ်ပီရွိုင်ဆိုတဲ့ ရဲမေတစ်ဦးရောက်ရှိလာခဲ့တယ်။ မုဒိမ်း ကျင့်ပြီး ရက်ရက်စက်စက်သတ်ဖြတ်ခံရတဲ့ အမျိုးသမီးတစ်ဦးအလောင်းကို အဆောက်အဦးပျက်တစ်ခုရဲ့ ကန်စပ်တစ်ခုမှာ ရုပ်ပျက်ဆင်းပျက်တွေ့ရပြီးအက်စ်ပီရဲမေကတော့ မီဒီယာနဲ့ တွေ့ဆုံပွဲမှာ “အဲ့ဒီ အောက်တန်း စား ရာဇဝတ်ကောင်ရဲ့ ကော်လံကို ဆွဲပြီး တရားရုံးကို ခေါ်ခဲ့မယ်”လို့ ကတိပေးထားခဲ့တယ်။ ဒါကို ကြားသွားတဲ့ တရားခံဟာ မာနခဲ မိန်းမတွေကိုမှ ခံတွင်းတွေ့တတ်သူဆိုတော့ ရဲမေကို စိန်ခေါ်မှုတွေ ပြုလုပ်လာပါတော့တယ်။ လူသတ်မှုတွေ တစ်ခုနဲ့တစ်ခုကို ချိတ်ဆက်ပြီး သတ်ဖြတ်လာတယ်။ လူသတ် သမားဟာ အကျိုးစီးပွား မရရင် လူသတ်မှုနဲ့နာမည်ကြီးချင်လာတယ်။ ရဲမေရဲ့ အနီးကပ်အထိလူသတ်မှုတွေ လုပ်လာတယ်။ အင်မတန်မှ ပါးနပ်တဲ့ လူသတ်သမားဗီလိန်နဲ့ အထက်ကဖိအားပေးသလိုပြည်သူတွေရဲ့ ဆန့်ကျင်မှုတွေကိုပါ ခံလာရတဲ့ ရဲမေတို့ရဲ့ ကစားပွဲကို ကြည့်ရှုခံစားရမှာပါ။
Mardaani 2 (2019)


