G - 20 အကြောင်းသိမှတ်စရာ

G - 20 နိုင်ငံများအဖွဲ့ကို ၁၉၉၉ခုနှစ်တွင်စတင်ဖွဲ့စည်းခဲ့ပြီးရည်ရွယ်ချက်မှာ ၁၉၉၇ခုနှစ်တွင် အာရှစီးပွားရေးအကျပ်အတည်းဖြစ်ပြီးနောက်ပိုင်းဖွံဖြိုးတိုးတက်သောကမ္ဘာလုံးဆိုင်ရာဈေးကွက်ကြီးပေါ်ထွန်းလာစေရေးအတွက်ပူးပေါင်းဆောင်ရွက်ပေးကြရန်ဖြစ်သည်။အဖွဲ့ဝင်နိုင်ငံများမှ
ခေါင်းဆောင်များပါဝင်သောထိပ်သီးအစည်းအဝေးကိုနှစ်စဉ်အလှည့်ကျနိုင်ငံများ၌ကျင်းပကာကမ္ဘာ့စီးပွားရေးတည်ငြိမ်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆွေးနွေးခဲ့ကြသည်။အဖွဲ့ဝင်နိုင်ငံများမှာ ဂျာမနီ၊ပြင်သစ်၊ရုရှား
အီတလီ၊ဗြိတိန်၊တူရကီ၊တောင်အာဖရိက၊အမေရိကန်၊မက္ကဆီကို၊ကနေဒါ၊ဘရာဇီးလ်၊အာဂျင်တီးနား၊ဂျပန်၊တရုတ်၊ကိုရီးယား၊အိန္ဒိယ၊အင်ဒိုနီးရှား
ဆော်ဒီအာရေးဗီးယား၊သြစတြေးလျ တို့ဖြစ်ကြသည်။