Introduction
2. S + be + C (adj)
ဒါက ဒုတိယပုံစံ၊ နောက်က adjective လာတယ်။
He + is + fair (သူ အသားဖြူတယ်)
He + is + dark (သူ အသားမည်းတယ်)
He + is + short (သူ အရပ်ပုတယ်)
He + is + tall (သူ အရပ်ရှည်တယ်)
He + is + thin (သူ ပိန်တယ်)
(fair ကို is နဲ့ တွဲလိုက်ရင် “အသားဖြူတယ်”ဆိုတဲ့ compound verb ဖြစ်လာတယ်။ ကျန်တာတွေလဲ ဒီအတိုင်းပါပဲ)
အငြင်းလုပ်ချင်ရင် not ထည့်ပေး။
He + is + not fair (သူ အသားမဖြူဘူး)
He + is + not dark (သူ အသားမမည်းဘူး)
မေးခွန်းလုပ်ချင်ရင် is ကို ရှေ့ကိုပို့ပေး။
Is + he + fair? (သူ အသားဖြူသလား)
Is + he + dark? (သူ အသားမည်းသလား)
ဒါကို ထည့်လို့ရတယ်။
Is + he + not fair? (သူ အသားမဖြူဘူးလား)
Is + he + not dark? (သူ အသားမမည်းဘူးလား)
Isn’t he dark? လို့ ရေးနိုင်တယ်။
နမူနာတွေကို ကြည့်လိုက်ပါ။
1. She is beautiful.(သူ(မ)ဟာ လှပတယ်)
“Beautiful = လှပသော” ဆိုတာ Adjective(နာမဝိသေသန) ပဲ ရှိသေးတယ်။ ……is + beautiful ဆိုမှ “လှပသည်” လို့ အဓိပ္ပါယ်ရတယ်။ နှစ်လုံးပေါင်းထားလို့ compound လို့ခေါ်တယ်။
2.This car is new. (ဒီကားက သစ်တယ်)
သစ်သောဆိုတဲ့ new ဟာ is နဲ့ပေါင်းတော့ “သစ်သည်” ဆိုတဲ့ compound verb ဖြစ်သွားတယ်။
3.He is old.(သူ အသက်ကြီးပြီ)
(old =အသက်ကြီးသော / ……is + old = အသက်ကြီးသည်)
4.Bagan is famous. (ပုဂံမြို့ဟာ ကျော်ကြားတယ်)
(Famous = ကျော်ကြားသော/ ……is + famous = ကျော်ကြားသည်)
5.Myanmar is pleasant. (မြန်မာပြည်သာယာတယ်)
(Pleasant = သာယာသော/ ……is + pleasant = သာယာသည်)
6.The old man is ill.(အဖိုးကြီးနေမကောင်း ဖြစ်နေတယ်)
(ill =နေမကောင်းသော/……is + ill =နေမကောင်းဖြစ်သည်)
7.The Shwedagon pagoda is high.(ရွှေတိဂုံဘုရား(ဉာဏ်တော်) မြင့်တယ်)
(high = မြင့်သော/ ……is + high= မြင့်သည်)
8.Fire is hot.(မီးဆိုတာ ပူတယ်)
(hot =ပူသော / ……is + hot = ပူသည်)
9.The Ayeyawaddy River is long.(ဧရာဝတီမြစ်ဟာ ရှည်လျားတယ်)
(long = ရှည်လျားသော/…is + long =ရှည်လျားသည်)
10.The Pacific Ocean is deep.(ပစိဖိတ်သမုဒ္ဒရာဟာ နက်ရှိုင်းတယ်)
(deep = နက်သော/…is + deep= နက်သည်)
ကဲ…လေ့ကျင့်ခန်းပေးမယ်။ ကိုယ်တိုင်ဖြေကြည့်။
လေ့ကျင့်ခန်း(၂)
၁။ သူမသည် ရုပ်ချော၏။
၂။ သူမသည် အသားဖြူသည်။ (အသားဖြူသော =fair)
၃။ သူမသည် အရပ်မြင့်သည်။
၄။ သူမသည် အနည်းငယ်ဝသည်။
၅။ သူမသည် အသက်မကြီး(သေး)ပါ။ (မကြီးသေးဘူးဆိုရင်တော့ not ထည့်ပေးလိုက်နော်)
၆။ သူမသည် သေးသေးသွယ်သွယ်မဟုတ်ပါ။ (သေးသွယ်သော = slim)
၇။ သူမ၏ဆံပင်မှာ ရှည်လျား၍ ဖြောင့်စင်းသည်။ (ရှည်လျားသော = long/ ဖြောင့်စင်းသော = straight)
၈။ သူမ၏မျက်နှာမှာ ပြည့်ဖောင်း၍ မျက်လုံးများမှာ ဝိုင်းစက်၏။ (ပြည့်ဖောင်းသော = full/ ဝိုင်းစက်သော = round)
(ဒီမှာ ဝါကျနှစ်ကြောင်းပေးထားတယ်။ နှစ်ကြောင်းရေးပြီး အလယ်မှာ and နဲ့ဆက်ပေး)
၉။ သူမ၏ နှာတံမှာ ဖြောင့်စင်း၍ ပေါ်လွင်သည်။ (ပေါ်လွင်သော = prominent)
၁၀။ သူမ၏ မျက်ဝန်းများမှာ ရွှန်းလဲ့၍ မျက်လုံးများမှာ ဆွဲဆောင်မှုရှိသည်။(မျက်ဝန်းများ = irises/ ရွှန်းလဲ့သော= lustrous/ ဆွဲဆောင်မှုရှိသော = attractive)
၁၁။ သူမ၏ဆံပင်မှာ လှိုင်းတွန့်နေသည်။ (လှိုင်းတွန့်နေသော = wavy)
၁၂။သူ(မ)၏ ဆံပင်မှာ ရှုပ်ပွ၍မနေပါ။(ရှုပ်ပွနေသော = bushy)
၁၃။ သူမ၏အပြုံးမှာ ချိုမြသည်။
၁၄။ သူမသည် ရိုးသား၍ ကြင်နာတတ်သည်။(ရိုးသားသော = simple/ ကြင်နာတတ်သော = kind-hearted)
၁၅။ သူမသည် ကြင်နာတတ်၍ စိတ်ကောင်းရှိသည်။
၁၆။ သူမသည် လုံ့လဝီရိယရှိ၍ ဇွဲကောင်းသည်။(လုံ့လဝီရိယရှိသော = hardworking/ ဇွဲကောင်းသော= diligent)
၁၇။ သူမသည် တာဝန်ကျေသည်။ (တာဝန်ကျေသော = dutiful)
3. S + C (phrase)
ဒီပုံစံမှာ နောက်ကစကားစု Phrase(စကားစု) လာတယ်။
He + is + in Yangon.(သူ ရန်ကုန်မှာရှိတယ်)
He + is + on the road.(သူ လမ်းပေါ်မှာရှိတယ်)
He + is + in the room.(သူ အခန်းထဲမှာ ရှိတယ်)
He + is + under the tree.(သူ သစ်ပင်အောက်မှာရှိတယ်)
He + is + at the door.(သူ တံခါးဝမှာရှိတယ်)
(in Yangon, on the road,………etc…… ဆိုတာတွေကို phrase(စကားစု)လို့ခေါ်တယ်)
ဒါကို အငြင်းဝါကျလုပ်ချင်ရင် Not ထည့်လိုက်ရုံပဲ။
He + is + not Yangon. (သူ ရန်ကုန်မှာမရှိဘူး)
He + is + not on the road. (သူ လမ်းပေါ်မှာမရှိဘူး)
မေးခွန်းလုပ်ချင်ရင်တော့ Is ကို ရှေ့ပို့ပေး။
Is + he + not Yangon? (သူ ရန်ကုန်မှာ မရှိဘူးလား)
Is + he + not on the road? (သူ လမ်းပေါ်မှာ မရှိဘူးလား)
Isn’t + he + on the road? ………လို့လဲ သုံးနိုင်တယ်။
(in Yangon, on the road,………etc…… ဆိုတာတွေကို phrase(စကားစု)လို့ခေါ်တယ်။ တိတိကျကျဆိုရင်တော့ preposition ပါတဲ့ phrase ဖြစ်လို့ prepositional phrase လို့ခေါ်တယ်။)
ဘယ်လိုခေါ်တယ်……ညာလိုခေါ်တယ်ဆိုတာတွေက ကျောင်းသားတွေအတွက် မသိလည်းဖြစ်တယ်။ နောက်တဖြည်းဖြည်းသိလာလိမ့်မယ်။ ခုလောလောဆယ် ရေးတတ်အောင် ကြိုးစား။
နမူနာစာကြောင်းတွေကို အရင်ကြည့်လိုက်………
1. The book is on the table.(စာအုပ် စားပွဲပေါ်မှာရှိတယ်)
The book က Subject(S)
is က Verb to be(V)
on the table က Phrase(Ph)
2. Mother is in the kitchen.(အမေ မီးဖိုချောင်ထဲမှာ ရှိတယ်)
Mother က Subject(S)
is က Verb to be(V)
in the kitchen က Phrase(Ph)
3. The fan is on the wall.(ပန်ကာ နံရံပေါ်မှာ ရှိတယ်/တပ်ထားတယ်)
The fan က Subject(S)
is က Verb to be(V)
on the wall က Phrase(Ph)
4.Someboys are beside the school.(ကောင်လေးတစ်ချို့ ကျောင်းရဲ့ဘေးမှာရှိတယ်)
Someboys က Subject(S)
are က Verb to be(V)
beside the school က Phrase(Ph)
5. Someone is at the gate.(တစ်စုံတစ်ယောက် ဝင်ပေါက်မှာရှိတယ်)
Someone က Subject(S)
is က Verb to be(V)
at the gate က Phrase(Ph)
6. The teacher is on the stage.(ဆရာ စင်မြင့်ပေါ်မှာရှိတယ်)
The teacher က Subject(S)
is က Verb to be(V)
on the stage က Phrase(Ph)
7. No one is in the class.(အတန်းထဲမှာ ဘယ်သူမှ မရှိဘူး)(ရှေ့မှာ no ပါလို့ “မရှိ” ဖြစ်သွားတာ)
No one က Subject(S)
is က Verb to be(V)
in the class က Phrase(Ph)
8. A boy is by the door.(ကောင်လေးတစ်ယောက် တံခါးနားမှာ ရှိတယ်)
A boy က Subject(S)
is က Verb to be(V)
by the door က Phrase(Ph)
9. They are at the end of the fence.(သူတို့ ခြံစည်းရိုးအဆုံးမှာ ရှိတယ်)
They က Subject(S)
are က Verb to be(V)
at the end of the fence က Phrase(Ph)
10. The money is under the book.(ပိုက်ဆံဟာ စာအုပ်အောက်မှာ ရှိတယ်)
The money က Subject(S)
is က Verb to be(V)
under the book က Phrase(Ph)
ကဲ…ခုပေးတဲ့နမူနာတွေကို သဘောပေါက်ရင် လေ့ကျင့်ခန်းတွေ ဖြေကြမယ်။
လေ့ကျင့်ခန်း(၃)
၁။ ကျွန်တော်တို့၏ကျောင်းသည် သံလျင်မြို့တွင် ရှိသည်။
၂။ ၎င်းသည် မြို့လည်တွင် ရှိသည်။(အလယ် = at the centre, in the heart, in the middle)
၃။ ၎င်းသည် မြို့ပြင်တွင် မရှိပါ။
၄။ ၎င်းသည် ဘတ်စ်ကားမှတ်တိုင်အနီးတွင် ရှိသည်။
၅။ ပန်းပင်တချို့ ကျောင်းရှေ့တွင် ရှိသည်။
၆။ အသီးအရွက်စိုက်ခင်းတစ်ခု ကျောင်းနောက်တွင် ရှိသည်။(အသီးအရွက်စိုက်ခင်း= vegetable plot, vegetable garden)
၇။သစ်ပင်ကြီးတစ်ပင် စိုက်ခင်း၏အဆုံးတွင် ရှိသည်။
၈။ အလံတိုင်တစ်ခု ကျောင်းရှေ့တွင် ရှိသည်။(အလံတိုင် = flagstaff)
၉။ အလံတစ်ခု အလံတိုင်ထိပ်တွင်ရှိသည်။
၁၀။ ကျောင်းအုပ်ဆရာကြီးရုံးခန်းသည် ဒုတိယထပ်တွင် ရှိသည်။
၁၁။ ကျောင်းစာကြည့်တိုက်သည် ရုံးခန်းအောက်တွင် ရှိသည်။
၁၂။ ဓာတ်ခွဲခန်းသည် စာကြည့်တိုက်၏အနောက်ဘက်တွင် ရှိသည်။
၁၃။ ကွန်ပျူတာခန်းသည် ဓာတ်ခွဲခန်းနောက်တွင် ရှိသည်။
၁၄။ ဆရာများနားနေခန်းသည် ရုံးခန်းဘေးတွင် ရှိသည်။
၁၅။ ဘုရားခန်းသည် ကျောင်း၏ခေါင်းရင်းဘက်တွင် ရှိသည်။
၁၆။ အဓိကဝင်ပေါက်သည် ကျောင်း၏ရှေ့တွင် ရှိ၏။
၁၇။ ကျောင်းအားကစားကွင်းသည် ကျောင်း၏မျက်နှာချင်းဆိုင်တွင် ရှိသည်။
၁၈။ ဘတ်စ်ကားလမ်းကြောင်းသည် ကစားကွင်းဘေးတွင်ရှိသည်။
၁၉။ ထိုင်ခုံနှင့် အမိုးပါသော ဘတ်စ်ကားမှတ်တိုင်သည် လမ်းဘေးတွင်ရှိသည်။(ထိုင်ခုံနှင့်အမိုးပါသောဘတ်စ်တိုင် = bus shelter)
၂၀။ အိမ်သေးသေးလေးတစ်လုံး ဘတ်စ်ကားမှတ်တိုင်အနီးတွင် ရှိသည်။
4. S + be + C (adverb)
ဒီပုံစံမှာ နောက်က adverb လာတယ်။
He + is + there. (ဟိုမှာ)
He + is + here. (ဒီမှာ)
ဒီပုံစံမှာ there, here ဆိုတာတွေကို adverb (ကြိယာဝိသေသန) အနေနဲ့ သုံးထားတယ်။
အငြင်းဝါကျ ပြုလုပ်ချင်ရင် not ထည့်ပေးရုံပဲ။
He is not here. (သူ…ဒီမှာ မရှိဘူး)
မေးခွန်းဝါကျလုပ်ချင်ရင် ကို ရှေ့ပို့ပေးလိုက်
Is he here? (သူ…ဒီမှာရှိသလား)
ဒီနမူနာတွေကို လေ့လာထား
1. He is out.( သူ အပြင်ထွက်သွားတယ်)(မရှိဘူးလို့ ပြောချင်တာ)
He is not out. သူ အပြင်ကို မသွားဘူး)(ရှိတယ်လို့ပြောချင်တာ)
(out တို့ in တို့ဟာ adv သဘောမျိုးပေမဲ့…… သဒ္ဒါကျကျဆိုရင် Adverbial particle လို့ ခေါ်တယ်။ ကျောင်းသားအဆင့်အနေနဲ့ နားရှုပ်မှာစိုးလို့… ဒီလိုသုံးတယ်လို့ပဲ မှတ်ထားရင် ရပါပြီ)
2. The book I wanted was out.(ငါလိုချင်တဲ့စာအုပ်(စာကြည့်တိုက်မှာ)မရှိဘူး)
3. He is in.(သူ(အထဲမှာ)ရှိတယ်)(ရုံးခန်းထဲ၊ အိမ်ထဲ၊ အခန်းထဲ)
He is not in.(သူ(အထဲမှာ)မရှိဘူး)
4. Nobody is outside.(ဘယ်သူမှ အပြင်ဘက်မှာ မရှိဘူး)
5. Nothing is inside.(အထဲမှာ ဘာမှမရှိဘူး)
6.No one is inside.(အထဲမှာ တစ်ယောက်မှ မရှိဘူး)
(Nothing တို့ No one တို့မှာ not အဓိပ္ပါယ်ပါပြီးသားဖြစ်နေလို့ “မရှိဘူး”လို့ အဓိပ္ပါယ်ပြန်ရတယ်)
7. Some one is inside.(တစ်စုံတစ်ယောက် အထဲမှာ ရှိတယ်)
8. He is abroad.(သူ နိုင်ငံခြားမှာ ရှိတယ်)
9. They were upstairs.(သူတို့အပေါ်မှာရှိ(ခဲ့)ကြတယ်)
10. Your book is over here.(မင်းရဲ့စာအုပ် ဒီနားမှာရှိတယ်)
11. The bus-stop is over there.( ဘတ်စ်ကားမှတ်တိုင် ဟိုနားမှာ ရှိတယ်)
လေ့ကျင့်ခန်း(၄)
၁။ အထဲမှာ ဘယ်သူ ရှိသလဲ။(မြန်မာလို adv (အထဲမှာ)က ရှေ့ဆုံးရောက်နေတယ်။အင်္ဂလိပ်လို နောက်ဆုံးပို့လိုက်)
၂။ သူတို့ အထဲမှာ ရှိကြတယ်။(adv ကို နောက်ဆုံးမှာ ထားရေးပါ)
၃။ သူတို့ အပြင်မှာ မရှိကြဘူး။(adv ကို နောက်ဆုံးမှာ ထားရေးပါ)
၄။ ဘယ်သူမှ ဒီမှာ မရှိဘူး။(ဒီမှာ ဘယ်သူမှ မရှိဘူး)
၅။ ကောင်မလေးတစ်ချို့ ဟိုနားမှာ ရှိကြတယ်။
**********************************
1. S + be + C (noun)
လေ့ကျင့်ခန်း(၁)
၁။သူသည် ကျောင်းသားတစ်ယောက် ဖြစ်သည်။
၂။သူသည် အလုပ်သမားတစ်ယောက် မဟုတ်ပါ။
၃။သူ၏ဇာတိမြို့မှာ ပုသိမ်မြို့ ဖြစ်သည်။
၄။၎င်းသည် မြို့ကြီးတစ်မြို့ ဖြစ်သည်။
၅။သူ၏မိဘများမှာ ဦးဘနှင့်ဒေါ်လှ တို့ ဖြစ်ကြသည်။
၆။သူ၏အဖေသည် အသက်၄၀ခန့် ရှိသည်။
၇။သူ၏အဖေသည် အရာရှိတစ်ယောက် ဖြစ်သည်။(အရာရှိ - officer)
၈။သူ၏အမေသည် အသက်၃၀ကျော်ခန့် ရှိသည်။
၉။သူမသည် အိမ်ရှင်မကောင်းတစ်ယောက် ဖြစ်သည်။
၁၀။သူတို့သည် သူ၏ကျေးဇူးရှင်များ ဖြစ်ကြသည်။(ကျေးဇူးရှင် - benefactor)
၁၁။သူသည် အသက်၁၇နှစ် ရှိသည်။
၁၂။သူသည် ဝိရိယကောင်းသော ကျောင်းသားတစ်ယောက် ဖြစ်သည်။
၁၃။သူသည် ဉာဏ်ကောင်းသော ကျောင်းသားတစ်ယောက် ဖြစ်သည်။(ဉာဏ်ကောင်းသော - bright, brilliant)
၁၄။သူသည် အဆိုတော် ဖြစ်သည်။
၁၅။သူသည် ကျွန်တော်၏အတန်းဖော် သူငယ်ချင်း ဖြစ်သည်။(အတန်းဖော်သူငယ်ချင်း - classmate)
၁၆။သူသည် ကျွန်တော်၏ အိမ်နီးချင်းလည်း ဖြစ်သည်။(အိမ်နီးချင်း - neighbour)
၁၇။သူသည် ကျွန်တော်၏ ကစားဖော်လည်း ဖြစ်သည်။(ကစားဖော် - playmate)
၁၈။သူသည် နာခံတတ်သော ကျောင်းသားတစ်ယောက်ဖြစ်သည်။(နာခံတတ်သော - obedient)
၁၉။သူသည် ရုပ်ရည်ကြည့်ကောင်းသော ကောင်လေးတစ်ယောက် ဖြစ်သည်။
၂၀။သူသည် ကောင်းသောဘောလုံးသမားတစ်ယောက် ဖြစ်သည်။
၂၁။သူသည် ကျွန်တော်၏ အကောင်းဆုံးသူငယ်ချင်း ဖြစ်သည်။
၂၂။သူသည် ရိုးသားသူတစ်ယောက် ဖြစ်သည်။
၂၃။သူသည် အငယ်ဆုံးသား ဖြစ်သည်။
၂၄။သူသည် ဘောလုံးသမားတစ်ယောက် ဖြစ်သည်။
၂၅။သူသည် ပျင်းရိတတ်သူ မဟုတ်ပါ။
၂၆။သူ၏အစ်ကိုမှာ အလုပ်သမားတစ်ယောက် ဖြစ်သည်။
၂၇။သူသည် ဗဟုသုတရှိသောသူ ဖြစ်သည်။(ဗဟုသုတရှိသော - knowledgeable)
၂၈။သူ၏အဖေသည် ခေါင်းဆောင်ကောင်းတစ်ယောက် ဖြစ်သည်။
၂၉။သူ(မ)သည် ချောမောလှပသော မိန်းကလေးတစ်ယောက် ဖြစ်သည်။
၃၀။သူသည် သန်မာသူတစ်ယောက် ဖြစ်သည်။
၃၁။သူသည် တာဝန်ကျေသော ကျောင်းသားတစ်ယောက် ဖြစ်သည်။(တာဝန်ကျေသော - dutiful)
၃၂။သူသည် အားကစားသမားတစ်ယောက် ဖြစ်သည်။
၃၃။သူ(မ)သည် စောစောအိပ်ရာထသူတစ်ယောက် ဖြစ်သည်။(အိပ်ရာစောစောထသူ - early riser)
၃၄။သူ(မ)သည် စကားများများပြောသူ မဟုတ်ပါ။(စကားများများပြောသူ - talkative girl)
၃၅။သူ(မ)သည် ယဉ်ကျေးသိမ်မွေ့သူတစ်ယောက် ဖြစ်သည်။
၃၆။သူ(မ)သည် ဖော်ရွေသူတစ်ယောက် ဖြစ်သည်။(ဖော်ရွေသော - hospitable)
၃၇။သူ(မ)သည် ဂုဏ်သိက္ခာရှိသူတစ်ယောက် ဖြစ်သည်။(ဂုဏ်သိက္ခာရှိသော - dignified)
၃၈။သူ(မ)သည် သန့်ပြန့်သူတစ်ယောက် ဖြစ်သည်။(သန့်ပြန့်သော - smart, nice-looking)
၃၉။မြန်မာနိုင်ငံသည် အေးချမ်းသောနိုင်ငံတစ်ခု ဖြစ်သည်။(အေးချမ်းသော - peaceful)
၄၀။သူတို့သည် ယုတ်မာသောသူများ ဖြစ်ကြသည်။(ယုတ်မာသော - wicked)
လေ့ကျင့်ခန်း(၁)မှ အဖြေ
1.He is a student/ a schoolboy.
2.He is not a worker.
3.His native town is Pathein.(home town ဆိုလည်းရတယ်)
4.It is a big city.
5.His parents are U Ba and Daw Hla.
6.His father is about forty.(year old မပါရင်လည်းရတယ်)
7.His father is an officer.
8.His mother is about over thirty.
9.She is a good housewife.
10.They are his benefactors.
11.He is seventeen.(steventeen years old/seventeen years of age လို့ ရေးနိုင်တယ်)
12.ံHe is a hard-working student.(industries student ဆိုရင်လည်းရတယ်)
13.He is a bright student.
14.He is a vocalist.
15.He is my classmate.
16.He is also my neighbour.(ဘာလည်းဖြစ်တယ်/ညာလည်းဖြစ်တယ်ဆိုရင် also ထည့်ပေးလိုက်)
17. He is also my playmate.(playmate…ကစားဖော်/…playful boy ဆိုရင် သိပ်ဆော့တဲ့ကောင်လေး လို့ဆိုတာ)
18.He is an obedient stydent.
19.He is a good-looking boy.(ရုပ်ရည်သန့်ပြန့်တယ်ဆိုရင် fair-looking တို့ pleasant-looking တို့ သုံးနိုင်တယ်)
20.He is a good footballer.(football player ဆိုရင်လည်းရတယ်)
21.He is my best friend.(my favourite friend/the friend I like best/the friend I admire most ရေးနိုင်တယ်)
22.He is an honest boy.
23.He is the youngest son.
24.He is a footballer.
25.He is not a lazy boy.
26.His brother is a worker.
27.He is a knowledgeable boy.
28.His father is a good leader.
29.She is a beautiful girl.
30.He is a strong boy.
31.He is a dutiful student.
32.He is a sportsman.
33.She is an early riser.
34.She is not a talkative girl.
35.She is a polite girl.
36.She is a hospitable girl.
37.She is a dignified girl.
38.She is a nice-looking girl.
39.Myanmar is a peaceful country.
40.They are wicked people.
2. S + be + C (adj)
လေ့ကျင့်ခန်း(၂)
၁။ သူမသည် ရုပ်ချော၏။
၂။ သူမသည် အသားဖြူသည်။ (အသားဖြူသော =fair)
၃။ သူမသည် အရပ်မြင့်သည်။
၄။ သူမသည် အနည်းငယ်ဝသည်။
၅။ သူမသည် အသက်မကြီး(သေး)ပါ။ (မကြီးသေးဘူးဆိုရင်တော့ not ထည့်ပေးလိုက်နော်)
၆။ သူမသည် သေးသေးသွယ်သွယ်မဟုတ်ပါ။ (သေးသွယ်သော = slim)
၇။ သူမ၏ဆံပင်မှာ ရှည်လျား၍ ဖြောင့်စင်းသည်။ (ရှည်လျားသော = long/ ဖြောင့်စင်းသော = straight)
၈။ သူမ၏မျက်နှာမှာ ပြည့်ဖောင်း၍ မျက်လုံးများမှာ ဝိုင်းစက်၏။ (ပြည့်ဖောင်းသော = full/ ဝိုင်းစက်သော = round)
(ဒီမှာ ဝါကျနှစ်ကြောင်းပေးထားတယ်။ နှစ်ကြောင်းရေးပြီး အလယ်မှာ and နဲ့ဆက်ပေး)
၉။ သူမ၏ နှာတံမှာ ဖြောင့်စင်း၍ ပေါ်လွင်သည်။ (ပေါ်လွင်သော = prominent)
၁၀။ သူမ၏ မျက်ဝန်းများမှာ ရွှန်းလဲ့၍ မျက်လုံးများမှာ ဆွဲဆောင်မှုရှိသည်။(မျက်ဝန်းများ = irises/ ရွှန်းလဲ့သော= lustrous/ ဆွဲဆောင်မှုရှိသော = attractive)
၁၁။ သူမ၏ဆံပင်မှာ လှိုင်းတွန့်နေသည်။ (လှိုင်းတွန့်နေသော = wavy)
၁၂။သူ(မ)၏ ဆံပင်မှာ ရှုပ်ပွ၍မနေပါ။(ရှုပ်ပွနေသော = bushy)
၁၃။ သူမ၏အပြုံးမှာ ချိုမြသည်။
၁၄။ သူမသည် ရိုးသား၍ ကြင်နာတတ်သည်။(ရိုးသားသော = simple/ ကြင်နာတတ်သော = kind-hearted)
၁၅။ သူမသည် ကြင်နာတတ်၍ စိတ်ကောင်းရှိသည်။
၁၆။ သူမသည် လုံ့လဝီရိယရှိ၍ ဇွဲကောင်းသည်။(လုံ့လဝီရိယရှိသော = hardworking/ ဇွဲကောင်းသော= diligent)
၁၇။ သူမသည် တာဝန်ကျေသည်။ (တာဝန်ကျေသော = dutiful)
၁၈။ သူမသည် ဗဟုသုတနှင့် ပြည့်စုံသည်။(ဗဟုသုတပြည့်စုံသော = knowledgeable/well-informed)
၁၉။ သူမသည် အတွေ့အကြုံရင့်ကျက်သည်။(အတွေ့အကြုံရင့်ကျက်သော = well-experienced)
၂၀။သူမသည် မချမ်းသာပါ။
၂၁။သူမသည် ရင့်ကျက်သည်။(ရင့်ကျက်သော = matured)
၂၂။သူမသည် လေးစားထိုက်သည်။(လေးစားထိုက်သော = respectable)
၂၃။သူမသည် ကောင်းမွန်စွာ ဝတ်ဆင်သည်။(ကောင်းစွာဝတ်သော = well-dressed)
၂၄။သူမသည် ပညာတတ်သည်။(ပညာတတ်သော = educated)
၂၅။သူမသည် အိမ်ထောင်ကျပြီးဖြစ်သည်။(အိမ်ထောင်ကျသည်)
၂၆။သူမသည် အပျိုဖြစ်သည်။(အိမ်ထောင်မရှိသော = single)
၂၇။သူမသည် ရက်ရောသည်။(ရက်ရောသော = generous)
၂၈။သူမသည် ဖျတ်လတ်သည်။(ဖျတ်လတ်သော = active)
၂၉။သူမသည် လောဘမကြီးပါ။(လောဘကြီးသော = greedy)
၃၀။သူမသည် ကျန်းမာသည်။
၃၁။သူမ၏အပြုံးမှာဆွဲဆောင်မှုရှိသည်။
၃၂။သူမ၏မျက်နှာမှာ ရိုးစင်းသည်။
၃၃။သူမ၏မျက်လုံးများဒမှာ ဝင်းလက်တောက်ပသည်။(ဝင်းလက်တောက်ပသော = brilliant)
၃၄။သူမ၏အဝတ်အစားမှာ သန့်ရှင်းသပ်ရပ်သည်။(သန်ရှင်းသပ်ရပ်သော = neat and tidy)
၃၅။သူမ၏ဆံပင်မှာ နက်မှောင်၍ ကျော့ရှင်းသည်။(နက်မှောင်သော = dark/ကျော့ရှင်းသော = elegant)
၃၆။သူမ၏ဝတ်စားဆင်ယင်ပုံမှာ ရိုးရှင်းသည်။(ဝတ်စားဆင်ယင်ပုံ = the way she dresses)
၃၇။သူမသည် နိုးနိုးကြားကြားရှိသည်။(နိုးနိုးကြားကြားရှိသော = alert)
၃၈။သူမ၏အသံမှာ ကြည်လင်ပြတ်သားသည်။
၃၉။သူမသည် အမြော်အမြင်ကြီးသည်။(အမြော်အမြင်ကြီးသော = far-sighted or far-seeing)
၄၀။သူ၏ဆံပင်မှာ ကောက်နေသည်။(ကောက်နေသော = curly)
လေ့ကျင့်ခန်း(၂)မှ အဖြေ
1.She is beautiful.
2.She is fair.
3.She is tall.
4.She is a little fat.
5.She is not old.
6.She is not slim.
7.Her hair is long and straight.(adjective နှစ်ခုဖြစ်နေလို့ အလယ်မှာ and နဲ့ဆက်ပေးတယ်)
8.Her face is full and her eyes are round.(မျက်နှာဖောင်းတာက စာတစ်ကြောင်း၊ မျက်လုံးဝိုင်းတာက စာတစ်ကြောင်း၊ ဒါကြောင့် စာကြောင်းနှစ်ကြောင်းရေးပြီး အလယ်မှာ and နဲ့ ဆက်ပေးရတယ်)
9.Her nose is straight and prominent.(ဖြောင့်စင်းသောနဲ့ပေါ်လွင်သော…စကားလုံးနှစ်ခုကြားမှာ and နဲ့ ဆက်ပေးရမယ်)
10.Her irises are lustrous and her eyes are attractive.(မျက်ဝန်းများ ရွှန်းလဲ့တာကတကြောင်း၊ မျက်လုံးများ ဆွဲဆောင်မှုရှိတာကတစ်ကြောင်း၊ နှစ်ကြောင်းခွဲရေးပြီး အလယ်မှာ and နဲ့ ဆက်ပေးရတယ်)
11.Her hair is wavy.
12.His hair is not bushy.
13.Her smile is sweet.
14.She is simple and helpful.(ရိုးသားသောနဲ့ ကူညီတတ်သော နှစ်ခုဖြစ်နေလို့ အလယ်မှာ and ထည့်ပေး)
15.She is kind and good-hearted.(အလယ်မှာ and ထည့်ပေးရတာ မမေ့ပါနဲ့)
16.She is hard-working and diligent.
17.She is dutiful.
18.She is knowledgeable.
19.She is well-experienced.
20.She is not rich.(မချမ်းသာဘူးဆိုတော့ not ထည့်ပေးရတယ်)
21.She is matured.
22.She is respectable.
23.She is well-dressed.
24.She is educated.
25.She is married.
26.She is single.
27.She is generous.
28.She is active.
29.She is not greedy.
30.She is healthy.
31.Her smile is attractive.
32.Her face is simple.
33.Her eyes are brilliant.
34.Her dress is neat and tidy.
35.Her hair is dark and elegant.
36.The way she dresses is simple.
37.She is alert.
38.Her voice is clear.
39.She is far-sighted.
40.His hair is curly.
3. S + C (phrase)
လေ့ကျင့်ခန်း(၃)
၁။ ကျွန်တော်တို့၏ကျောင်းသည် သံလျင်မြို့တွင် ရှိသည်။
၂။ ၎င်းသည် မြို့လည်တွင် ရှိသည်။(အလယ် = at the centre, in the heart, in the middle)
၃။ ၎င်းသည် မြို့ပြင်တွင် မရှိပါ။
၄။ ၎င်းသည် ဘတ်စ်ကားမှတ်တိုင်အနီးတွင် ရှိသည်။
၅။ ပန်းပင်တချို့ ကျောင်းရှေ့တွင် ရှိသည်။
၆။ အသီးအရွက်စိုက်ခင်းတစ်ခု ကျောင်းနောက်တွင် ရှိသည်။(အသီးအရွက်စိုက်ခင်း= vegetable plot, vegetable garden)
၇။သစ်ပင်ကြီးတစ်ပင် စိုက်ခင်း၏အဆုံးတွင် ရှိသည်။
၈။ အလံတိုင်တစ်ခု ကျောင်းရှေ့တွင် ရှိသည်။(အလံတိုင် = flagstaff)
၉။ အလံတစ်ခု အလံတိုင်ထိပ်တွင်ရှိသည်။
၁၀။ ကျောင်းအုပ်ဆရာကြီးရုံးခန်းသည် ဒုတိယထပ်တွင် ရှိသည်။
၁၁။ ကျောင်းစာကြည့်တိုက်သည် ရုံးခန်းအောက်တွင် ရှိသည်။
၁၂။ ဓာတ်ခွဲခန်းသည် စာကြည့်တိုက်၏အနောက်ဘက်တွင် ရှိသည်။
၁၃။ ကွန်ပျူတာခန်းသည် ဓာတ်ခွဲခန်းနောက်တွင် ရှိသည်။
၁၄။ ဆရာများနားနေခန်းသည် ရုံးခန်းဘေးတွင် ရှိသည်။
၁၅။ ဘုရားခန်းသည် ကျောင်း၏ခေါင်းရင်းဘက်တွင် ရှိသည်။
၁၆။ အဓိကဝင်ပေါက်သည် ကျောင်း၏ရှေ့တွင် ရှိ၏။
၁၇။ ကျောင်းအားကစားကွင်းသည် ကျောင်း၏မျက်နှာချင်းဆိုင်တွင် ရှိသည်။
၁၈။ ဘတ်စ်ကားလမ်းကြောင်းသည် ကစားကွင်းဘေးတွင်ရှိသည်။(ဘတ်စ်ကားလမ်းကြောင်း = bus route, bus lane)
၁၉။ ထိုင်ခုံနှင့် အမိုးပါသော ဘတ်စ်ကားမှတ်တိုင်သည် လမ်းဘေးတွင်ရှိသည်။(ထိုင်ခုံနှင့်အမိုးပါသောဘတ်စ်တိုင် = bus shelter)
၂၀။ အိမ်သေးသေးလေးတစ်လုံး ဘတ်စ်ကားမှတ်တိုင်အနီးတွင် ရှိသည်။
၂၁။ကျွန်တော်၏အိမ်သည် မြို့လေးတစ်မြို့တွင် ရှိသည်။
၂၂။၎င်းသည် မြို့အစွန်တွင် ရှိသည်။(မြို့စွန်တွင် = at the edge of the town)
၂၃။အိမ်နှင့် ခပ်လှမ်းလှမ်းတွင် ဘုန်းတော်ကြီးကျောင်းတစ်ကျောင်း ရှိသည်။
၂၄။ဘုရားတစ်ဆူ ဘုန်းကြီးကျောင်းဘေးတွင် ရှိသည်။
၂၅။ဘုရားအနီးတွင် ရေတွင်းတစ်ခုရှိသည်။
၂၆။ရေတွင်းဝန်းကျင်တွင် ငှက်ပျောပင်များရှိသည်။(ဝန်းကျင် = around)
၂၇။အိမ်နောက်ဘက်တွင် စမ်းချောင်းတစ်ခုရှိသည်။
၂၈။လှေကလေးတစ်စီး စမ်းချောင်းထဲတွင်ရှိသည်။
၂၉။အိမ်ရှေ့တွင် မြက်ခင်းတစ်ခုရှိသည်။
၃၀။မြက်ခင်းပေါ်တွင် ပန်းပေါင်းစုံရှိသည်။
၃၁။ပန်းများအနီးတွင် ဒန်းကလေးတစ်ခုရှိသည်။(ဒန်း= swing)
၃၂။ရေပန်းသေးသေးတစ်ခု မြက်ခင်းပေါ်တွင်ရှိသည်။(ရေပန်း = water fountain)
၃၃။စိမ်းလန်းသော အပင်ငယ်များ အိမ်နောက်ဘက်တွင်ရှိသည်။
၃၄။အရိပ်ကောင်းသော အပင်တစ်ပင် ခြံစည်းရိုးအနီးတွင် ရှိသည်။(အရိပ်ကောင်းသော = shady)
၃၅။ကွပ်ပျစ်တစ်ခု သစ်ပင်အောက်တွင်ရှိသည်။(ကွပ်ပျစ် = couch)
၃၆။ကွပ်ပျစ်ဘေးတွင် ကြိမ်ကုလားထိုင်တစ်လုံး ရှိသည်။
၃၇။ဆိုဖာခုံများ ဧည့်ခန်းထဲတွင် ရှိသည်။
၃၈။အရောင်တင်ထားသော စားပွဲတစ်လုံး ဆိုဖာခုံများအလယ်တွင် ရှိသည်။(အရောင်တင်ထားသော =polished)
၃၉။ဒီဇိုင်းပါသော ဗန်းတစ်ခု စားပွဲပေါ်တွင် ရှိသည်။(ဒီဇိုင်းပါသော = desighed/ဗန်း =tray)
၄၀။ဓါတ်ဘူးတစ်လုံးနှင့် ခွက်နှစ်လုံး လက်ဖက်ရည်ဗန်းထဲတွင်ရှိသည်။(ဓါတ်ဘူး = flask)
၄၁။လှပသော ပန်းချီကားတစ်ခု နံရံပေါ်တွင်ရှိသည်။
လေ့ကျင့်ခန်း(၃)မှ အဖြေ
1.Our school is in Thanhlyin.
2.It is in the heart of the town.
3.It is not out of the city.(မရှိဘူးဆိုတော့ not ထည့်ပေးရုံပဲ)
4.It is near the bus-stop.
5.Some flowers are in front of the school.
6.A vegetable garden is behind the school.(at the back of the school ဆိုလည်းရတယ်)
7.A big tree is at the end of the garden.(edge သုံးလည်းရတယ်)
8.A flagstaff is in front of the school.
9.A flag is at the top of the flagstaff.
10.The headmaster’s office is on the second floor.
11.The school library is below the office.
12.The laboratory is at the back of the library.
13.The computer room is behind the laboratory.
14.The teachers’ common room is beside the office.
15.The holy place is at the head of the school.
16.The main gate is at the front iof the school.
17.The school playground is at the opposite of the school.
18.The bus route is beside the playground.
19.A bus shelter is beside the road.
20.A small house is near the bus stop.
21.My house is in a small town.
22.It is at the edge of the town.
23.A monastery is a little away from the house.
24.A pagoda is beside the monastery.
25.A well is near the pagoda.
26.Many banana-trees are around the well.
27.A stream is behind the house.
28.A small boat is in the stream.
29.A town is in front of the house.
30.Various kinds of flowers are on the lawn.
31.A small swing is near the flowers.
32.A small water fountain is on the lawn.
33.Green plants are behind the house.
34.A shady tree is near the fence.
35.A couch is under the tree.
36.A cane chair is beside the couch.
37.Some sofas are in the living-room.
38.A polished table is in the middle of the sofas.
39.A designed tray is on the table.
40.A flask and two cups are on the tea-tray.
41.A beautiful painting is on the wall.
4. S + be + C (adverb)
လေ့ကျင့်ခန်း(၄)
၁။ အထဲမှာ ဘယ်သူ ရှိသလဲ။(မြန်မာလို adv (
၂။ သူတို့ အထဲမှာ ရှိကြတယ်။(adv ကို နောက်ဆုံးမှာ ထားရေးပါ)
၃။ သူတို့ အပြင်မှာ မရှိကြဘူး။(adv ကို နောက်ဆုံးမှာ ထားရေးပါ)
၄။ ဘယ်သူမှ ဒီမှာ မရှိဘူး။(ဒီမှာ ဘယ်သူမှ မရှိဘူး)
၅။ ကောင်မလေးတစ်ချို့ ဟိုနားမှာ ရှိကြတယ်။
လေ့ကျင့်ခန်း(၄)မှ အဖြေ
1.Who is in?
2.They are in.
3.They are not out.
4.No one is here.
5.Some girls are over there.
ဒါလေးမှတ်လိုက်
Be + Ving = နေသည်
(be ကို Ving နဲ့တွဲရေးရင် “နေသည်” လို့ အဓိပ္ပါယ်ရတယ်။ helping verb အနေနဲ့သုံးတာ)
1. He is reading.(သူ စာဖတ်နေတယ်)
2.They are playing football.(သူတု့ိ ဘောလုံးကစားနေကြတယ်)
3.She was dancing.(သူ(မ)ကနေတယ်)
4.Mother is pounding chilli.(အမေ ငြုပ်သီးထောင်းနေတယ်)
5.Ma Ma is making tea.(မမ လက်ဖက်ရည်ဖျော်နေတယ်)
6.My aunt is frying fish.(အဒေါ် ငါးကြော်နေတယ်)
7.An old man is walking.(အဖိုးကြီးတစ်ယောက် လမ်းလျှောက်နေတယ်)
8.They are fighting.(သူတို့ ရန်ဖြစ်နေကြတယ်)
9.She is walking.(သူ လမ်းလျှောက်နေတယ်)
10.Father is drinking coffee.(အဖေ ကော်ဖီသောက်နေတယ်)
ဆရာဦးအောင်ဟိန်းကျော်၏ ဆရာလွတ်အင်္ဂလိပ်စာရေးနည်းစာအုပ်မှ ဖော်ပြပေးလိုက်ပါ၏။
LuGyi

