S + be + Adj အရည်သွေး/ချင်း/

         ပစ္စုပ္ပန်ကာလ(I) အတွက်သာ

…………………………………………………………………

1. I am happy.

ငါ ပျော်တယ်။

2. I am not happy.

ငါ မပျော်ဘူး။

3. Am I happy?

ငါ ပျော်သလား။

4. Aren't I happy?

ငါ မပျော်ဘူးလား။

5. I am happy, aren't I?

ငါ ပျော်တယ်နော်၊မဟုတ်ဘူးလား။

6. I am not happy, am I?

ငါ မပျော်ဘူးနော်၊ဟုတ်သလား။

…………………………………………………………………

        ပစ္စုပ္ပန်ကာလအနည်းကိန်းအတွက်

…………………………………………………………………

1. She is beautiful.

သူမက လှတယ်။

2. She isn't beautiful.

သူမက မလှဘူး။

3. Is she beautiful?

သူမက လှသလား။

4. Isn't she beautiful?

သူမက မလှဘူးလား။

5. She is beautiful, isn't she?

သူမက လှတယ်နော်၊မဟုတ်ဘူးလား။

6. She isn't beautiful, is she?

သူမက မလှဘူးနော်၊ဟုတ်သလား။


(he , she , it နှင့်ကျန်သောအနည်းတူ)

…………………………………………………………………

           ပစ္စုပ္ပန်ကာလအများကိန်းအတွက်

…………………………………………………………………

1. You are good at.

မင်းက တော်တယ်။

2. You aren't good at.

မင်းက မတော်ဘူး။

3. Are you good at?

မင်းက တော်သလား။

4. Aren't you good at?

မင်းက မတော်ဘူးလား။

5. You are good at, aren't you?

မင်းက တော်တယ်နော်၊မဟုတ်ဘူးလား။

6. You aren't good at, are you?

မင်းက မတော်ဘူးနော်၊ဟုတ်သလား။


( we, you, they နှင့်ကျန်အများတူ)

…………………………………………………………………

              အတိတ်ကာလအနည်းကိန်းအတွက်

…………………………………………………………………

1. He was ill.

သူက ဖျားခဲ့တယ်။

2. He wasn't ill.

သူက မဖျားခဲ့ဘူး။

3. Was he ill?

သူက ဖျားခဲ့သလား။

4. Wasn't he ill?

သူက မဖျားခဲ့ဘူးလား။

5. He was ill, wasn't he?

သူက ဖျားခဲ့တယ်နော်၊မဟုတ်ဘူးလား။

6. He wasn't ill, was he?

သူက မဖျားခဲ့ဘူးနော်၊ဟုတ်သလား။


(I , he, she, it နှင့်ကျန်အနည်းတူ)

…………………………………………………………………

         အတိတ်ကာလအများကိန်းအတွက်

…………………………………………………………………

1. You were brave. 

မင်းက သတ္တိရှိခဲ့တယ်။

2. You weren't brave.

မင်းက သတ္တိမရှိခဲ့ဘူး။

3. Were you brave?

မင်းက သတ္တိရှိခဲ့သလား။

4. Weren't you brave?

မင်းက သတ္တိမရှိခဲ့ဘူးလား။

5. You were brave, weren't you?

မင်းက သတ္တိရှိခဲ့တယ်နော်၊မဟုတ်ဘူးလား။

6. You weren't brave, were you?

မင်းက သတ္တိမရှိခဲ့ဘူးနော်၊ဟုတ်သလား။


( we, you, they နှင့်ကျန်အများတူ)

…………………………………………………………………

  အနာဂတ်ကာလ အတွက် အနည်း/အများကိန်းမရှိ 

…………………………………………………………………

1. They will be angry.

သူတို့ဒေါသထွက်လိမ့်မယ်။

2. They won't be angry.

သူတို့ဒေါသထွက်မှာ မဟုတ်ဘူး။

3. Will they be angry?

သူတို့ဒေါသထွက်မလား။

4. Won't they be angry?

သူတို့ဒေါသထွက်မှာ မဟုတ်ဘူးလား။

5. They will be angry, won't they?

သူတို့ဒေါသထွက်လိမ့်မယ်နော်၊မဟုတ်ဘူးလား။

6. They won't be angry, will they?

သူတို့ဒေါသထွက်မှာ မဟုတ်ဘူးနော်၊ဟုတ်သလား။


(Subject) ပုဒ်အားလုံးအတွက်

…………………………………………………………………

  အတိတ် အနာဂတ်ကာလ အနည်း/အများကိန်းမရှိ 

…………………………………………………………………

1. I would be rich.

ငါချမ်းသာခဲ့မှာပါ။

2. I wouldn't be rich.

ငါချမ်းသာခဲ့မှာ မဟုတ်ဘူး။

3. Would I be rich?

ငါချမ်းသာခဲ့မလား။

4. Wouldn't I be rich?

ငါချမ်းသာခဲ့မှာ မဟုတ်ဘူးလား။

5. I would be rich, wouldn't I?

ငါချမ်းသာခဲ့မှာနော်၊မဟုတ်ဘူးလား။

6. I wouldn't be rich, would I?

ငါချမ်းသာခဲ့မှာမဟုတ်ဘူးနော်၊ဟုတ်သလား။


(Subject) ပုဒ်အားလုံးအတွက်

……………………………………………………………………

          Adjective တစလုံး (၃) လုံးပွားပုံ

……………………………………………………………………

(1) Positive Degree  - (D1) သော

(2) Comparative Degree - (D2) ပို၍…သော

(3) Superlative Degree - (D3) အ…ဆုံးဖြစ်သော

……………………………………………………………………

Adj စကားလုံး (D1)ကို (D2) နှင့် (D3) ပြုလုပ်နည်း

……………………………………………………………………

(1) အသံ (တစ်၊နှစ်) adjective ပေါင်းလစ်(er)(est)

(2) အသံ (သုံး)နှင့်၊ ပို၍ဖြစ် ပေါင်းလစ်(more)နှင့် (most)

(3) (e) နှင့်ဆုံးလာ adjective မှာ ပေါင်းပါ (r) (st)

(4) Y ဆုံးရှေ့မှာ (ဗျည်း)ရှိလာ(Y)ကို(i)ပြောင်း(er)(est)ပေါင်း။

(5) (ဗျည်း)ဆုံး ရှေ့ကြည့်(သရ)ရှိ၊ အဆုံး(ဗျည်း)ကို နှစ်လုံးထပ်၊ ပြီးမှ (er) (est) တပ်။

……………………………………………………………………

  (D1) ကို (D2) နှင့် (D3) ပြုလုပ်နည်း ရှင်းလင်းချက်

……………………………………………………………………

(1) အသံ (တစ်၊နှစ်) adjective ပေါင်းလစ်(er)(est) ဆိုတာက

……………………………………………………………………

Adjective စကားလုံးများမှာ အသံ(တစ်သံ)သို့မဟုတ်(နှစ်သံ)ထဲထွက်သော adjective စကားလုံးများကို (D1)နှင့် (D2) ပြုလုပ်သောအခါမှာ (er)နှင့် (est) ပေါင်းပေးရမည် ဟု ပြောတာပါ။

……………………………………………………………………

                  ဥပမာနှင့် နာမူနာများ

……………………………………………………………………

မူရင်း (D1)  ပြောင်းပြီးသော(D2) ပြောင်းပြီးသော(D3)

……………………………………………………………………

small              smaller                smallest

high                higher                  highest

young            young                    youngest

cold               colder                    coldest

clever            cleverer                cleverest

……………………………………………………………………

(2) အသံ (သုံး)နှင့်၊ ပို၍ဖြစ် ပေါင်းလစ်(more)နှင့် (most) ဆိုတာက

……………………………………………………………………

Adjective စကားလုံးများမှာ အသံ(သုံးသံ)သို့မဟုတ်(သုံးသံ)ထက်ပို၍ထွက်သော adjective စကားလုံးများကို (D1)နှင့် (D2) ပြုလုပ်သောအခါမှာ (more)နှင့် (most) ပေါင်းပေးရမည် ဟု ပြောတာပါ။

……………………………………………………………………

                  ဥပမာနှင့် နာမူနာများ

……………………………………………………………………

မူရင်း (D1)  ပြောင်းပြီးသော(D2) ပြောင်းပြီးသော(D3)

……………………………………………………………………

beautiful  more beautiful   most beautiful

exciting    more exciting     most exciting

………………………………………………………………………

(3) (e) နှင့်ဆုံးလာ adjective မှာ ပေါင်းပါ (r) (st) ဆိုတာက

……………………………………………………………………

Adjective စကားလုံးများမှာ (e) အဆုံးသတ်လာလျှင် ၎င်း adjective စကားလုံးများကို (D1)နှင့် (D2) ပြုလုပ်သောအခါမှာ (r)နှင့် (st) ပေါင်းပေးရမည် ဟု ပြောတာပါ။

……………………………………………………………………

                  ဥပမာနှင့် နာမူနာများ

……………………………………………………………………

မူရင်း (D1)  ပြောင်းပြီးသော(D2) ပြောင်းပြီးသော(D3)

……………………………………………………………………

noble            nobler                    noblest

brave            braver                     bravest

able               abler                       ablest

……………………………………………………………………

(4) Y ဆုံးရှေ့မှာ (ဗျည်း)ရှိလာ(Y)ကို(i)ပြောင်း(er)(est)ပေါင်း။ ဆိုတာက

……………………………………………………………………

Adjective စကားလုံးများမှာ 👍 အဆုံးသတ်လာလျှင် ၎င်း (Y)စကားလုံးရဲ့ရှေ့မှာ(ဗျည်း)စကားလုံးတစ်လုံးလုံးရှိနေပါက ၎င်း adjective စကားလုံးများကို (D1)နှင့် (D2) ပြုလုပ်သောအခါမှာ အဆုံးသတ်သော(Y)စကားလုံးကို(i)အဖြစ်ပြောင်းပြီးမှသာလျှင်(er)နှင့်(est)ပေါင်းပေးရမည် ဟုပြောတာပါ။

……………………………………………………………………

                  ဥပမာနှင့် နာမူနာများ

……………………………………………………………………

မူရင်း (D1)  ပြောင်းပြီးသော(D2) ပြောင်းပြီးသော(D3)

……………………………………………………………………

happy             happier              happiest

hungry            hungrier            hungriest

heavy              heavier              heaviest

……………………………………………………………………

(5) (ဗျည်း)ဆုံး ရှေ့ကြည့်(သရ)ရှိ၊ အဆုံး(ဗျည်း)ကို နှစ်လုံးထပ်၊ ပြီးမှ (er) (est) တပ်။ ဆိုတာက

……………………………………………………………………

Adjective စကားလုံးများမှာ (ဗျည်း)နှင့်အဆုံးသတ်လာလျှင် ၎င်း(ဗျည်း)စကားလုံးရဲ့ရှေ့မှာ(သရ)စကားလုံးတစ်လုံးလုံးရှိနေပါက ၎င်း adjective စကားလုံးများကို (D1)နှင့် (D2) ပြုလုပ်သောအခါမှာ အဆုံးသတ်သော(ဗျည်း)စကား လုံးကို(နှစ်)ထပ်ယူပြီးမှသာလျှင်(er)နှင့်(est)ပေါင်းပေးရမည် ဟု ပြောတာပါ။

……………………………………………………………………

                  ဥပမာနှင့် နာမူနာများ

……………………………………………………………………

မူရင်း (D1)  ပြောင်းပြီးသော(D2) ပြောင်းပြီးသော(D3)

……………………………………………………………………

fat                   fatter           fattest

hot                  hotter          hottest

big                  bigger          biggest

thin                 thinner        thinnest

……………………………………………………………………

                          အထူးမှတ်ရန်

……………………………………………………………………

အချို့သော Adjective စကားလုံးများမှာ(D2)နှင့် (D3) ဖြစ်ဖို့အတွက်ပြောင်းပေးလို့ မရပါ။ မူရင်းနဂိုလာတဲ့အတိုင်း ရှိတဲ့အတိုင်သာကျက်မှတ်ရပါမည်။

……………………………………………………………………

                  ဥပမာနှင့် နာမူနာများ

……………………………………………………………………

မူရင်း (D1)  ပြောင်းပြီးသော(D2) ပြောင်းပြီးသော(D3)

……………………………………………………………………

good               better                best

well                 better                best

bad                 worse               worst

ill                     worse               worst

much             more                 most

many             more                 most

some             more                 most

little                less                   least

late                 later                  latest

late                 later                  last

old                  older                oldest

old                  elder                eldest

far                  farther             farthest

…………………………………………………………………

S + be + Adj အရည်သွေး/ချင်း/တွက်ကိုပြ

…………………………………………………………………

You are graceful.

မင်းကျက်သရေရှိတယ်ကွာ

You are frank.

မင်းကပွင့်လင်းတယ်နော်

You are furious.

မင်းကပေါက်ကွဲနေတာပဲကွာ

You are  fearful.

မင်းကကြောက်စရာကောင်းတယ်ကွာ

You are anxious.

မင်းကစိုးရိမ်နေတာပဲကွာ

You are childish.

မင်းက ကလေးဆန်လိုက်တာ

You are quiet.

မင်းကငြိမ်နေတာပဲ

You are tender.

မင်းကယုယတတ်တယ်နော်

You are cruel.

မင်းရက်စက်လှချည်လား

You are wicked.

မင်းယုတ်မာလှချည်လား

You are mischievous.

မင်းဉာဏ်များ/ဆိုးလိုက်တာ

You are magnanimous.

မင်းသဘောထားကြီးတယ်နော်

You are noble and generous.

မင်းသဘောထားကြီးတယ်နော်

You are ferocious.

မင်းရက်စက်ကြမ်းကြုတ်တာပဲ

You are glorious.

မင်းကဂုဏ်သရေရှိတယ်

You are petulant.

မင်းစိတ်ကောက်နေတယ်နော်

You are alert.

မင်းကတက်ကြွနေတာပဲနော်

You are morose.

မင်းဇီဇာကြောင်တာပဲ

You are intelligent.

မင်းကဉာဏ်ကောင်းတယ်နော်

You are dreamy.

မင်းကစိတ်ကူးယဉ်တတ်တာပဲနော်

You are inquisitive.

မင်းကစပ်စုလိုက်တာ

You are calm.

မင်းကက္ကုနြေ္ဒရှိတယ်နော်

…………………………………………………………………

You aren't graceful.

မင်းကကျက်သရေမရှိဘူးကွာ

You aren't fashionable.

မင်းခေတ်မဆန်လိုက်တာကွာ

You aren't well-build.

မင်းကိုယ်လုံးကိုယ်ပေါက်မတောင့်ဘူး

You aren't womanish.

မင်းကမိန်းမမပီသလိုက်တာဟယ်

You aren't kind-hearted.

မင်းကြင်နာတတ်တဲ့နှလုံးသားမရှိဘူးနော်

You aren't good-natured. 

မင်းကသဘောမကောင်းလိုက်တာဟာ

You aren't sociable.

မင်းကလူမူရေးမသိတတ်ဘူးကွာ

You aren't diligent.

မင်းကလုံးလဝီရိယမရှိလိုက်တာ

You aren't greed.

မင်းလောဘမကြီးပါဘူး

You aren't self-assured.

မင်းကိုယ်မင်းယုံကြည်မူမရှိဘူးနော်

You aren't  self-made.

မင်းကိုယ့်ထူးကိုယ်မချွန်ဘူးပဲ

You aren't  self-willed.

မင်းကစိတ်ထင်ရာမစိုင်းတတ်ပါဘူး

You aren't  sweet-tempered.

မင်းသဘောမကောင်းဘူးနော်

You aren't well mannered.

မင်း မယဉ်ကျေးဘူးနော်

You aren't fed-up.

မင်းစိတ်မကုန်ဘူးနော်

…………………………………………………………………

Were you intelligent? 

မင်းအသိဉာဏ်ရှိခဲ့သလား

Were you bird-brain?

မင်းဉာဏ်မရှိခဲ့ဘူးလား

Were you obedient to me? 

မင်း ငါပြောတာနာခံခဲ့လို့လား

Were you  sorrowful? 

မင်းသောကရောက်ခဲ့သလား

Were you merciful? 

မင်းဂရုဏာသက်စိတ်ရှိခဲ့သလား

Were you selfish.

မင်းတို့ကတစ်ကိုယ်ကောင်းဆန်ခဲ့ကြသလား

Were you ambitious.

မင်းကြီးပွားချင်ခဲ့သလား

…………………………………………………………………

Weren't you wasteful of time? 

မင်းအချိန်မဖြုန်းခဲ့ဘူးလား

Weren't you  apologetic? 

မင်းမတောင်းပန်ခဲ့ဘူးလား

Weren't you convenient with this suit? 

မင်းဒီဝတ်စုံနဲ့အဆင်မပြေခဲ့ဘူးလား

Weren't you nervous at that time. 

အဲဒီအချိန်တုန်းကမင်းမကြောက်ခဲ့ဘူးလား

Weren't you wrong? 

မင်းမှားခဲ့ဘူးလား

Weren't you shameful? 

မင်းမရှက်ခဲ့ဘူးလား

Weren't you glad? 

မင်းဝမ်းမသာခဲ့ဘူးလား

…………………………………………………………………

You'll be hot-headed.

မင်းအလွယ်တကူစိတ်ဆိုးသွားလိမ့်မယ်။

You'll be sad to meet them.

သူတို့ကိုတွေ့ရင်မင်းဝမ်းနည်းသွားလိမ့်မယ်

You'll be glad to get it.

အဲ့ဒါကိုရရင်မင်းဝမ်းသာသွားလိမ့်မယ်

You'll be rich so much.

မင်းအရမ်းချမ်းသာလိမ့်မယ်

You'll be good-looking.

မင်းကြည့်ကောင်းလာပါလိမ့်မယ်

You'll be more beautiful.

မင်းပိုလှလာပါလိမ့်မယ်

You'll be considerate later.

နောက်တော့မင်းစာနာတတ်လာလိမ့်မယ်

You'll be clam.

မင်းတည်ငြိမ်လာလိမ့်မယ်

…………………………………………………………………

You won't be patient with her.

မင်းသူမကိုစိတ်ရှည်မှာမဟုတ်ပါဘူး

You won't be recalcitrant.

မင်းအာခံမှာမဟုတ်လောက်ဘူး

You won't be thick-skinned.

မင်းဝေဖန်ခံနိူင်မှာမဟုတ်ပါဘူး

You won't be mournful.

မင်းပူဆွေးဝမ်းနည်းမှာမဟုတ်လောက်ဘူး

You won't be discourteous.

မင်းရိုင်းစိုင်းမှာမဟုတ်လောက်ပါဘူး

You won't be jumpy.

မင်းလန့်ဖျပ်မှာမဟုတ်ပါဘူး

You won't be sincere upon her.

မင်းသူမအပေါ်ရိုးသားမှာမဟုတ်ဘူး

…………………………………………………………………

will  you be cruel to me? 

မင်းငါ့ကိုရက်စက်မှာလား

will  you be  glum? 

မင်းမှိုင်တွေငေးနေမှာလား

will  you be  petulant to me? 

မင်းစိတ်ကောက်မှာလား

will  you be  fortunate? 

မင်းကံကောင်းမှာလား

will  you be  faithful to her?

သူမကိုမင်းသစ္စာရှိနေမှာလား

…………………………………………………………………

စာကြောင်းတစ်ကြောင်းကိုခြောက်ကြောင်းဖြစ်အောင်လေ့ကျင့်ကြည့်ပါ။ ပေးထားတဲ့စာကြောင်းများကကျက်ဖို့မဟုတ်ပဲများများဖတ်ပြီးကိုယ်တိုင် ပုံသေနည်းထဲအစားသွင်းလေ့ကျင့်ရင်ပိုတိုးတက်ပါတယ်။

…………………………………………………………………

          Are you + Adj?   ……လား။

…………………………………………………………………

Are you hungry?

မင်း ဗိုက်ဆာလား။

Are you full?

မင်း ဗိုက်ပြည့်နေလား။

Are you okay?

မင်း အဆင်ပြေလား။

Are you fine?

မင်း နေကောင်းလား။

Are you good?

မင်း နေကောင်းလား။

Are you glad?

မင်း ဝမ်းသာလား။

Are you happy?

မင်း ပျော်လား။

Are you fool?

မင်း ရူးနေလား။

…………………………………………………………………

      I am + Adj.    ……တယ်။

…………………………………………………………………

I am hungry.

ငါ ဗိုက်ဆာတယ်။

I am full.

ငါ ဗိုက်ပြည့်နေတယ်။

I am ok.

ငါအဆင်ပြေပါတယ်။

I am fine.

ငါ နေကောင်းပါတယ်။

I am good.

ငါ နေကောင်းပါတယ်။

I am glad.

ငါ ဝမ်းသာပါတယ်။

I am happy.

ငါ ပျော်တယ်။

I am sorry.

ငါ တောင်းပန်ပါတယ်။ ငါစိတ်မကောင်းပါဘူး။

I am fool.

ငါ ရူးနေတယ်။

…………………………………………………………………

S + be + happy to + V1. ရတာပျော်တယ်။

…………………………………………………………………

S + be + nice to + V1. ရတာဝမ်းသာတယ်။

…………………………………………………………………

S + be + good to + V1. ရတာဝမ်းသာတယ်။

…………………………………………………………………

S + be + glad to + V1. ရတာဝမ်းသာတယ်။

…………………………………………………………………

S + be + sad to + V1. ရတာဝမ်းနည်းတယ်။

…………………………………………………………………

S + be + easy to + V1. ဖို့လွယ်တယ်။

…………………………………………………………………

S + be + difficult to + V1. ဖို့ခက်တယ်။

…………………………………………………………………

S + be + ready to + V1. ဖို့အဆင့်သင်ဖြစ်ပြီ။

…………………………………………………………………

S + be + sure to + V1. ဖို့သေချာတယ်။

……………………………………………………………………

S + be + able to + V1. နိုင်တယ်။တတ်တယ်။

……………………………………………………………………

S + be + willing to + V1. ချင်တယ်။

……………………………………………………………………

S + be + important to+V1.ဖို့အရေးကြီးတယ်။

……………………………………………………………………

S + be + good at + Ving/N. တော်တယ်။ ကျွမ်းကျင်တယ်။

……………………………………………………………………

S + be + bad at + Ving/N. ညံ့တယ်။

……………………………………………………………………

S + be + clever at + Ving/N. တော်တယ်။ ကျွမ်းကျင်တယ်။

……………………………………………………………………

S + be + skilful in + Ving/N. တော်တယ်။ ကျွမ်းကျင်တယ်။

……………………………………………………………………

S + be + interested in + Ving/N. ရတာစိတ်ဝင်စားတယ်။

……………………………………………………………………

S + be + afraid of + Ving/N. ကြောက်တယ်။

……………………………………………………………………

S + be + shy of + Ving/N. ရှက်တယ်။

……………………………………………………………………

S + be + full of + N. ပြည့်နေတယ်။

……………………………………………………………………

           ကျက်မှတ်ရန် Adjective များ

……………………………………………………………………

important အရေးကြီးသော

good ကောင်းသော

bad ဆိုးသော

nice ကောင်းသော

well ကောင်းသော

fine ကောင်းသော

ill နေမကောင်းသော

glad ဝမ်းသာသော

much များသော

many များသော

some အချို့သော

little အနည်းငယ်ဖြစ်သော။ နည်းသော

different မတူသော။ ခြားနားသော

easy လွယ်ကူသော

difficult ခက်သော။ ခက်ခဲသော

lazy ပျင်းရိသော

busy အလုပ်ရှုတ်သော။ အလုပ်များသော

late နောက်ကျသော

early စောသော

sad ဝမ်းနည်းသော

ready အဆင့်သင့်ဖြစ်သော

happy ပျော်ရွှင်သော

unhappy မပျော်ရွှင်သော

sure သေချာသော။ ကျိန်းသေသော

careful ဂရုစိုက်သော

skilful ကျွမ်းကျင်သော

afraid ကြောက်သော။ စိုးရိမ်သော။ အားနာသော

interested စိတ်ဝင်စားသော 

clever လိမ္မာသော။ ပါးနပ်သော

great ကောင်းသော။ တော်သော။ ကျွမ်းကျင်သော

good at တော်သော။ ကျွမ်းကျင်သော

bad at ညံ့သော

true စစ်မှန်သော

right  မှန်သော

wrong မှားသော

small သေးသော

big ကြီးသော

old အိုသော။ ဟောင်းသော

young ငယ်ရွှယ်သော

new သစ်သော

bright တောက်ပသော။ ဉာဏ်ကောင်းသော

close နီးသော။ နီးကပ်သော

near နီးသော

far ဝေးသော

long ရှည်သော။ ဝေးသော။ လှမ်းသော

tall အရပ်ရှည်သော။ ရှည်သော

short အရပ်ပုသော။ တိုသော

high မြင့်သော

low နိုမ့်သော

possible ဖြစ်နိုင်သော

impossible မဖြစ်နိုင်သော

able နိုင်သော။ တတ်သော။ နိုင်စွမ်းရှိသော။ 

pretty လှပကျော့ရှင်းသော။ ခန်းညားထယ်ဝါသော

wonderful အံသြစရာကောင်းသော

thin ပိန်သော။ ပါးသော

fat ဝသော

late နောက်ကျသော

early စောသော

modern ခေတ်ဆန်သော

honest ရိုးသားသော

light ပေါ့ပါးသော

thick ထူသော

dense ထူထပ်သော။ အုံ့ဆိုင်းသော

cloudy တိမ်ထူထပ်သော

strong သန်မာသော

weak အားနည်းသော

heavy လေးလံသော။ ကြီးမားသော

handsome ခန့်ညားသော

beautiful လှပသော

ugly ရုပ်ဆိုးသော။ အကျည်းတန်သော

clear ကြည်လင်သော

active ဖျက်လတ်သော။ သွက်လက်သော

angry ဒေါသထွက်သော။ စိတ်ဆိုးသော

angry with သဘောတူသော

full ပြည့်ဝသော။ ပြည့်စုံသော။ ဗိုက်ပြည့်သော

hungry ဆာလောင်သော။ ငတ်မွတ်သော

first ပထမဦးဆုံးဖြစ်သော

fast မြန်သော

slow နှေးသော

pure ဖြူစင်သော ။ စစ်မှန်သော

rich ချမ်းသာသော

poor ဆင်းရဲသော

hot ပူသော။ စပ်သော။ ခေတ်ဆန်သော

warm နွေးထွေးသော

cold အေးမြသော

cool အေးသော

friendly ရင်နှီးသော။ ခင်မြင်သော

narrow-minded သဘောထားသေးသိမ်သော 

broad-minded သဘောထားကြီးသော 

good-looking ကြည့်ကောင်းသော

good-nature သဘောထားကောင်းသော

expensive ဈေးကြီးသော

cheap ဈေးချိုသော

greedy လောဘကြီးသော။

wide ကျယ်ဝန်းသော

narrow ကျဉ်းမြောင်းသော

shy ရှက်သော

dry ခြောက်သွေ့သော

red နီသော

blue ပြာသော

black မဲသော။ အနက်ရောင်ဖြစ်သော

white ဖြူသော

yellow ဝါသော 

green စိမ်းသော

quite တိတ်ဆိတ်သော။ ငြိမ်သက်သော

brave သတ္တိရှိသော။ ရဲရင့်သော

sick နေမကောင်းဖြစ်သော

dirty ညစ်ပတ်သော

sympathetic ကိုယ်ချင်းစာတတ်သော

neat သပ်ရပ်သော

tidy သေသပ်သော

lazy ပျင်းရိသော

crazy အရူးအမှုးဖြစ်သော

silly ဦးနှောက်မရှိသော။ 

careless နမော်နမဲ့ဖြစ်သော

wise ပညာရှိသော။ ဉာဏ်ရှိသော

stupid နုံအသော

duty တာဝန်သိသော

polite ယဉ်ကျေးသော။ စာနာတတ်သော

impolite ရိုင်းဆိုင်းသော

rude ရိုင်းဆိုင်းသော။ ရိုင်းသော

generous သဘောထားကြီးသော

faithful သစ္စာရှိသော

fair တရားမျှတသော။ ဘက်မလိုက်သော။ တရားသော

just တရားမျှတသော။ ဘက်မလိုက်သော။ တရားသော

slim သွယ်လျှသော။ သေးသွယ်သော။ ကျစ်လျစ်သော

perfect ပြည့်စုံကြွယ်ဝသော။ စံထားလောက်သော

childish ကလေးဆန်သော

real စစ်မှန်သော။ တကယ်ဖြစ်သော။ အဟုတ်ဖြစ်သော

like နှင့်တူသော

kind ကြင်နာတတ်သော။ ကြင်နာသော

lucky ကံကောင်းသော

unlucky ကံဆိုးသော။ ကံမကောင်းသော

fortunate ကံကောင်းသော

unfortunate ကံမကောင်းသော

noble မြင့်မြတ်သော

sickly ချူချာသော

lovely ချစ်စရာကောင်းသော။ အသံကောင်းသော

successful အောင်မြင်သော

joyful ဝမ်းမြောက်ဖွယ်ကောင်းသော

fearful ကြောက်မက်ဖွယ်ကောင်းသော။ ကြောက်သော

fearless အကြောက်တရားကင်းသော

forgetful မေ့တတ်သော

famous ကျော်ကြားသော

curious စပ်စုသော။ သိချင်သော။ စူးစမ်းသော

jealous မနာလိုဝန်တိုသော

terrible ကြောက်မက်ဖွယ်ကောင်းသော

dependent မှီခိုသော။ အားကိုးသော

patient စိတ်ရှည်သော

selfish တစ်ကိုယ်ကောင်းဆန်သော

broad ကျယ်ပျံ့သော

working hard အလုပ်ကြိုးစားသော

serious တည်ကြည်လေးနက်သော

……………………………………………………………………

S + be + Adj +  to + V1/N/Pron တွဲသုံးပုံ

……………………………………………………………………

happy to - ပျော်ရွှင်သော

able to - နိုင်သော။နိုင်စွမ်းရှိသော

sure to - ကျိန်းသေသော။သေချာသော

easy to - လွယ်ကူသော

difficult to - ခက်ခဲသော

nice to - ဝမ်းသာသော။ကောင်သော။သာယာသော

glad to - ဝမ်းသာသော။ကောင်သော။ခမ်းနားသော

good to - ဝမ်းသာသော။ကောင်သော

clever to - ကျွမ်းကျင်သော။တော်သော

allowed (O) to - ခွင့်ပြုသော

surprised to - အံ့သြသော

amazed to - အံ့သြသော

annoyed to - စိတ်တိုသော

bored to - ငြီးငွေ့သော။စိတ်ကုန်သော။ပျင်ရိသော

brave to - ရဲဝံ့သော။သတ္တိရှိသော။ရဲရင့်သော

careful to - ကရုစိုက်သော

careless to - အလေးမထားသော။ ကရုမစိုက်သော

certain to - သေချာသော။တိကျသော

content to - တင်းတိမ်ရောင်ရဲသော။

cruel to - ရက်စက်ကြမ်းကြုတ်သော

delighted to - ကြည်နူးဝမ်းသာသော။

disappointed to - စိတ်ပျက်သော

eager to - စိတ်အားထက်သန်သော

excited to - စိတ်အားထက်သန်သော

foolish to - စဉ်းစားဉာဏ်ကင်းသော။ဉာဏ်နည်းသော

fortunate to - ကံကောင်းသော

friendly to - ဖော်ရွသော

helpful to - အကူအညီရသော

useful to - အသုံးဝင်သော

honest to - ရိုးသားသော။ဖြောင့်မတ်သော

impatient to - ဆန္ဒစောနေသော

impolite to - ရိုင်းပျသော။မယဉ်ကျေးသော

kind to - ကြင်နာတတ်သော။နှစ်သက်ဖွယ်ကောင်းသော

likely to - ……ရင်ကောင်းမယ်။ဖြစ်နိုင်ဖွယ်ရှိသော။

အလားအလာရှိသော

lucky to - ကံကောင်းသော

married to - အိမ်ထောင်ရှိထားသော

naughty to - ဆိုးသော

pleased to - ဝမ်းသာသော

polite to - ယဉ်ကျေးသော။

proud to - ဂုဏ်ယူသော။မာနကြီးသော။ကြွားဝါးသော

quick to - လျှင်မြန်သော။သွက်လက်သော

ready to - အဆင်သင့်ဖြစ်သော

slow to - နှေးသော။ကြာသော

rude to - မိုက်ရိုင်းသော

wise to - အမြော်အမြင်ရှိသော။ဉာဏ်ရှိသော

similar to - ဆင်တူနေသော။

stupid to - စဉ်းစားဉာဏ်ကင်းသော။ဉာဏ်နည်းသော

unfit to - မသင့်လျှော်သော။မသင့်တော်သော

wicked to - ယုတ်မာသော

……………………………………………………………………

 S + be + Adj + of + N/Ving  တွဲသုံးပုံများ။

……………………………………………………………………

fond of - နှစ်သက်သော

full of - ပြည့်စုံသော။ပြည့်ဝသော

proud of - မာနကြီးသော။ဂုဏ်ယူသော

tired of - ငြီးငွေသော။စိတ်ကုန်သော

afraid of - ကြောက်သော။စိုးရွှံ့သော

frightened of - ကြောက်သော။စိုးရွှံ့သော

shy of - ရှက်ရွှံ့သော

aware of - သတိရှိသော

conscious of - သတိမူမိသော

capable of - လုပ်နိုင်စွမ်းရှိသော

envious of - အားကျသော။မနာလိုဖြစ်သော

jealous of - မနာလိုဖြစ်သော

a bit short of - နည်းပါးသော

suspicious of - မသင်္ကာဖြစ်သော။သံသယရှိသော

ashamed of - ရှက်သော

nice of - သာယာသော။ကောင်းသော

kind of - ကြင်နာသော။သနားသော

good of - စိတ်ကောင်းရှိသော။ကူညီတတ်သော

friendly of - ဖေည်ရွေသော

rude of - ရိုင်းစိုင်းသော။ရိုင်းပျသော

stupid of - မိုက်မဲသော။စဉ်းစားဉာဏ်ကင်းမဲ့သော

scare of - ကြောက်သော

……………………………………………………………………

Are you fond of swimming? 

မင်းရေကူရတာနှစ်သက်လား။

Are you full of vitality? 

မင်သွက်လက်မူရှိသလား။

Are you proud of him? 

မင်းသူ့ကိုဂုဏ်ယူနေသလား။