Condense of Composition ဝါကျဖွဲ့ထုံး အနှစ်ချုပ်
Five basic Sentences (အခြေခံဝါကျ ၅ မျိုး)
အင်္ဂလိပ်စာကို လေ့လာလိုသူများ အနေဖြင့် ပထမဦးစွာ အောက်ပါ အခြေခံဝါကျ ၅ မျိုးကို နားလည်ထားရမည် ဖြစ်ပါသည်။
S + V S = { Subject } ကတ္တား= ပြုလုပ်သူ/အရာ
S + V + C V = { Verb } ကြိယာ = ဖြစ်/ရှိ- ပြုလုပ်ဆောင်ရွက်ကြောင်းပြ
S + V + O C = { Complement } အဖြည့်ပုဒ်
S + V + I.O + D.O I.O = { Indirect Object } တစ်ဆင့်ခံ ကံပုဒ်
S + V + O + C D.O = { Direct Object } တိုက်ရိုက် ကံပုဒ်
ပုံစံ (၁) S + V
A boy comes.
She sleeps.
They walk .
ဖော်ပြပါ ဝါကျများသည် S, V နှစ်ခုတည်းရှိရုံဖြင့် အဓိပ္ပာယ် ပြည့်စုံသော ဝါကျများ ဖြစ်သည်။
အဓိပ္ပာယ် ပြည့်စုံခြင်း၊ မပြည့်စုံခြင်းဆိုသည်မှာ နားလည်ခြင်း၊ နားမလည်ခြင်း ကို ဆိုလိုပါသည်။
တဖက်သား ပြောသည့်စကားကို နားလည်လျှင် အဓိပ္ပာယ်ပြည့်စုံသည် ဟုဆိုနိုင်ပါသည်။
တနည်းအားဖြင့် မိမိပြောသော စကားပြည့်စုံလျှင် တစ်ဖက်သာ နားလည်ပါလိမ့်မည်။
ထိုကဲ့သို အဓိပ္ပာယ် ပြည့်စုံသော စာကြောင်း တစ်ကြောင်းကို ဝါကျဟု ဆိုနိုင်ပါသည်။
ပုံစံ (၂) S + V + C
He is a student. (C နေရာက N= student)
He is clever. (C နေရာက Adj = clever)
He is here. (C နေရာက Adv = here)
He is in the garden. (C နေရာက Phrase = in the garden)
အထက်ပါ ဝါကျများတွင် S, V နှစ်ခုတည်းဖြင့် အဓိပ္ပာယ် မပြည့်စုံသောကြောင့် (ဝါ) နားမလည်သောကြောင့် ထပ်မံဖြည့်ပေး ရပါသည်။
ထိုကဲ့သို့ ထပ်မံဖြည့်ပေးရသော အရာကို အဖြည့်ပုဒ် (complement) ဟု ခေါ်ပါသည်။
ထိုအဖြည့်ပုဒ် (complement) နေရာတွင် အထက်ပါ ဥပမာ ဝါကျများအရ (၄)မျိုးရှိကြောင်းတွေ့နိုင်ပါသည်။
၎င်းတို့မှာ _
Noun (student)
Adjective (clever)
Adverb (here)
Phrase (in the garden)
ပုံစံ (၃) S + V + O
He kills a mouse.
ဖော်ပြပါ ဥပမာ ဝါကျတွင် S, V နှစ်ခုတည်းဖြင့် မပြည့်စုံသောကြောင့် ထပ်မံဖြည့် ပေးရန်လိုအပ်ပါသည်။
သို့ရာတွင် ယခု ဝါကျတွင် ထပ်မံဖြည့်ပေးရသေ စကားလုံးသည် “အဖြည့်ပုဒ်” (complement) မဟုတ်ဘဲ “ကံပုဒ်” (object) ဖြစ်ပါသည်။
အဘယ်ကြောင့်ဆိုသော် He is ဟူသော S နှင့် V နှစ်ခုတည်းဖြင့် မပြည့်စုံသောအခါ ထပ်ဖြည့်ပေးရသော
a student သည် V ဖြစ်သော is ၏ ပြုလုပ်ခြင်းကို မခံရပါ။
ပုံစံ (၃) ဥပမာ ဝါကျဖြစ်သော He kills ဟူသော S နှင့် V တွင် သူသည် သတ်သည် ဆိုရုံမျှဖြင့်
အဓိပ္ပာယ်မပြည့်စုံသည့်အပြင် သတ်သည်ဟူသော V ကြောင့် သတ်ခြင်းကို ခံရသော “ကံပုဒ်” (object) ဖြစ်သွားပါသည်။
အလွယ်ဆုံး မှတ်သားလျှင် V တစ်ခုတွေ့လျှင် မြန်မာလို “ဘာကို” ဟု ဘာသာပြန် ကြည့်ပါ။
ဥပမာ – He beats သူသည် ရိုက်သည် “ဘာကို” ရိုက်တာလဲ ?
He knows သူသည် သိသည် “ဘာကို” သိတာလဲ ?
He eats သူသည် စားသည် “ဘာကို” စားတာလဲ ?
ဖော်ပြပါ ဥပမာများအရ “ကံပုဒ်” (object) လိုပါသည်။
ပုံစံ (၄) S + V + I.O + D.O
He gives me a book.
အဆိုပါဝါကျတွင် “ဘာကို” ဟူသည့် ကံပုဒ် (object) အပြင် “ဘယ်သူ့ကို” ဟူသော ကံပုဒ် (object) တစ်ခု ထပ်မံဖြည့်ပေးရန်လိုပါသည်။
me နှင့် a book ကံပုဒ် (object) နှစ်ခုအနက် a book သည်
ပြုလုပ်သူ (subject) နှင့် တိုက်ရိုက် ထိတွေ့ ရသောကြောင့် D.O ဖြစ်ပြီး me သည် တဆင့်ခံ ထိတွေ့ရသောကြောင့် I.O ဖြစ်ပါသည်။
ဆိုလိုသည်မှာ ပြုလုပ်သူ (subject) He သည် a book ကို ဦးစွာထိတွေ့ရမည် ဖြစ်ပြီး ပေးသည့်အချိန်မှသာ me ကို ထိတွေ့ရခြင်းဖြစ်ပါသည်။
သတိပြုရမည့် အချက်တစ်ခုမှာ He gives a book to Mg Hla. ဟူသော ဝါကျတွင်
Mg Hla သည် ကိုယ်ပိုင်နာမ်(proper noun) ဖြစ်သောကြောင့် I.O(Indirect Object) ကို V နှင့် ကပ်ထား၍ မရသည်ကို မှတ်သား ရပါမည်။
[မှတ်ချက်။ ။ သက်မဲ့ (non-living things) များသည် D.O (Direct Object) များဖြစ်ပြီး
သက်ရှိ (living things) များသည် I.O(Indirect Object) များဖြစ်၏ကြသည်။]
ပုံစံ (၅) S + V + O + C
The sun keeps us warm.
S V O C
ကျွန်တော်တို့ကို နေက နွေးထွေးစေသည်။
He gets himself ready.
S V O C
သူက သူ့ဘာသာသူ အသင့်ပြင်သည်။
He found his box empty.
S V O C
သူ့သေတ္တာ ဘာမျှမရှိတာ သူတွေ့ပြီ။
Government sets the prisoners free.
S V O C
အကျဉ်းသားများကို အစိုးရက လွှတ်လိုက်ပြီ။
She pushed the door open.
S V O C
တံခါးကို သူ တွန်းဖွင့်လိုက်သည်။
He painted the door green.
S V O C
တံခါးကို သူ အစိမ်းရောင် သုတ်သည်။
(အထူးသတိထားရမည့် အချက်မှာ ဘာသာပြန်သည့်အခါ နောက်ဆုံးမှ စပြီး ဘာသာပြန်ရမည် ဖြစ်ပါသည်။)
အထက်တွင် ဖော်ပြခဲ့သော အခြေခံဝါကျ ၅ မျိုးသည် မည်သည့် အင်္ဂလိပ် စာအုပ်တွင်မဆို အမြဲတမ်းတွေ့ရမည် ဖြစ်သည်။
ဖော်ပြပါ အခြေခံဝါကျ ၅ မျိုးလုံးတွင် V တစ်ခုတည်း ပါဝင်သည်ကို တွေ့ရမည်ဖြစ်ပြီး ထိုကဲ့သို့
V တစ်ခုတည်းပါသော ဝါကျမျိုးကို Simple Sentence ဟုခေါ်ပါသည်။
အဆိုပါ အခြေခံဝါကျ ၅ မျိုးအနက် “ပုံစံ (၅)” ဝါကျအမျိုးအစားသည် အရေးအကြီးဆုံးဖြစ်ပြီး
နောင်တွင် ထပ်တွေ့ရမည့် Compound/ Complex Sentences များနှင့် မရောထွေးစေရန် သေသေချာချာ လေ့လာ လေ့ကျင့်ထားရန်လိုအပ်ပါသည်။
ပုံစံ (၃) နှင့် (၄) ဝါကျများကို လေ့လာကြည့်လျှင်
“ကံပုဒ် တစ်ခုသာလိုသော ကြိယာ (mono transitive verb)
” နှင့် “ကံပုဒ် နှစ်ခုလိုသော ကြိယာ (di transitive verb)” ဟု V အမျိုးအစားနှစ်ခုတွေ့ နိုင်ပါသည်။
=====================
ဆရာကြီး ဦးမြကြိုင် ၏ ဝါကျဖွဲ့ထုံး အနှစ်ချုပ်-(အပိုင်း-၂)
Phrases (ပုဒ်စု) အကြောင်း
Phrase ဆိုသည်မှာ စကားစုသာ ဖြစ်ပါသည်။
Phrase များကို လေ့လာကြည့်လျှင် ဝါကျပေါ်တွင် တည်ရှိနေသော နေရာအပေါ်တွင် မူတည်ကာ အခြေခံအားဖြင့် (၃) မျိုးတွေ့နိုင်ပါသည်။
၎င်းတို့မှာ _
၁. Noun phrase နာမ်ပုဒ်စု
၂. Adjective phrase နာမဝိသေသနပုဒ်စု
၃. Adverb phrase ကြိယာဝိသေသနပုဒ်စု
(ဆိုလိုသည်မှ Noun နေရာတွင်ရှိသော phrase ကို Noun phrase ဟုခေါ်နိုင်ပြီး
ထို့အတူ Adj, Adv နေရာများတွင်ရှိသော phrase များကို Adj phrase, Adv phrase ဟုခေါ်နိုင်ပါသည်။)
၁ ။ Noun phrase [ S, O, C ]
Noun နေရာတွင် တည်ရှိနေသော phrase များကို Noun phrase ဟု သတ်မှတ်နိုင် သောကြောင့်
ဝါကျတစ်ကြောင်း ပေါ်တွင် Noun တည်ရှိနေသော နေရာများကို ဦးစွာသိရှိ ရမည် ဖြစ်ပါသည်။
ဝါကျတစ်ကြောင်းတွင် Noun သည် ...
“ကတ္တား (Subject)
“ကံပုဒ် (Object)” နှင့်
“အဖြည့်ပုဒ် (Complement)” ၃ နေရာတွင် Noun ကိုတွေ့ရှိနိုင်ပြီး
၎င်းနေရာများတွင် တည်ရှိနေသော phrase များကို Noun phrase များဖြစ်ပါသည်။
မြန်မာဘာသာသို့ အဓိပ္ပာယ် ပြန်ဆိုရာတွင် ....
Subject နေရာတွင်ရှိသော Noun phrase အတွက် “သည်”၊
Object နေရာတွင်ရှိသော Noun phrase အတွက် “ကို”၊
Complement နေရာတွင်ရှိသော Noun phrase အတွက် “သည်” စသည်ဖြင့် အနက်ကောက် ရပါမည်။
A tall young beautiful girl is my sister. S ( N phrase)
အရပ်ရှည်၍ ငယ်ရွယ်ပြီး ချောမော လှပသော မိန်းကလေးသည် ကျွန်တော့် အစ်မ ဖြစ်သည်။
I saw a tall young beautiful girl. O (N phrase)
အရပ်ရှည်၍ ငယ်ရွယ်ပြီး ချောမော လှပသော မိန်းကလေးကို ကျွန်တော် တွေ့ခဲ့ပါသည်။
Ma Ma is a tall young beautiful girl. C (N phrase)
မမသည် အရပ်ရှည်၍ ငယ်ရွယ်ပြီး ချောမော လှပသော မိန်းကလေးတစ်ယောက် ဖြစ်သည်။
what, where, when, why, whether, who စသည့် “wh” စကားလုံးများ ဖြင့်လည်း Noun phrase ကို ရေးသားနိုင်သည်။
ဥပမာ _
I don’t know what to do.
ဘာလုပ်ရမှန်းကို ကျွန်တော်မသိဘူး။
How to do is my problem.
ဘယ်လုပ်လုရမယ်ဆိုတာသည် ကျွန်တော့်ပြဿနာ ဖြစ်သည်။
She can’t decide where to go.
ဘယ်သွားရမလဲဆိုတာကို သူ မဆုံးဖြတ်တတ်တော့ပါ။
၂. Adjective phrase [after Noun, Complement]
Noun ၏အနောက် နှင့် Complement နေရာတွင် Adjective phrase ကိုတွေနိုင်သည်။
Noun ၏အနောက်တွင် ရှိသော Adjective phrase သည်
သူ့ရှေ့မှာရှိသော Noun ကို အထူးပြုရန်ဖြစ်ပြီး
Complement နေရာတွင်ရှိသော Adjective phrase ၏ရှေ့တွင် အထူးပြုရန်အတွက်
Noun မရှိသော်လည်း အသံ ပိုမို သာယာစေရန်နှင့် အဓိပ္ပာယ် ပိုမို လေးနက်စေရန်အတွက်
Adjective အဖြစ်ရှိနေသော မူလ စကားလုံးကို Adjective phrase အဖြစ်ပြောင်းရေးရခြင်း ဖြစ်ပါသည်။
ဥပမာ _
A man in the car is my uncle.
ကားထဲတွင်ရှိသော လူကြီးသည် ကျွန်တော့် ဦးလေး ဖြစ်သည်။
I took a book on the table.
စားပွဲပေါ်တွင်ရှိသော စာအုပ်ကို ကျွန်တော် ယူခဲ့သည်။
ပထမ ဝါကျတွင် Subject နေရာတွင်ရှိသော Noun ဖြစ်သည့် a man ကို ၎င်းနောက်တွင်ရှိသည့်
in the car ဟူသည့် phrase က အထူးပြုသည့်အတွက် Adjective phrase ဖြစ်သည်။
ဒုတိယဝါကျတွင်လည်း ထို့အတူပင် ဖြစ်ပါသည်။
My mother is healthy.
Adj
My mother is in good health.
Adj phrase
healthy နှင့် in good health တွင် in good health က healthy ထက် ပိုမို အသံသာယာ သောကြောင့်
Adjective phrase အဖြစ် ပြောင်းလဲရေးသားခြင်း ဖြစ်သည်။
It is important.
Adj
It is of vital importance.
Adjective phrase
It is important ဆိုသည်မှာ သာမန်အရေးကြီးခြင်းပင်ဖြစ်သည်။
ပို၍ အဓိပ္ပာယ် လေးနက်စေလို သောကြောင့် အသက်တမျှဟူသည့် Adj နောက်တစ်ခု vital ကို ထည့်ပေးခြင်း ဖြစ်သည်။
သို့ရာတွင် vital နှင့် important နှစ်ခုလုံး Adj ဖြစ်နေသည့် အတွက် important ကို noun (importance) အဖြစ်ပြောင်းပြီး ရှေ့တွင် of ထည့်ပေးရသည်။
of vital importance သည် အဓိပ္ပာယ် ပိုမို လေးနက်စေလိုသော ကြောင့် ပြောင်းလဲ ရေးလိုက်သော Adjective phrase ဖြစ်သည်။
၃. Adverb phrase [ D, M, P, T, R or P ]
Noun phrase နှင့် Adjective phrase တို့ကို နေရာ သတ်မှတ်၍ ရသော်လည်း
Adverb သည် Verb, Adjective, Adverb သုံးခုကို အထူးပြုသောကြောင့် နေရာ အတိအကျ သတ်မှတ်ရန် မလွယ်ကူပါ။
သို့ရာတွင် Adverb ကို အခြေခံအားဖြင့် အမျိုးစား ၅ မျိုးတွေ့နိုင်ပါသည်။
၎င်းတို့မှာ _
Direction - လားရာ/ ဦးတည်ရာပြပုဒ်စု (D)
Manner - အမူအယာပြ ပုဒ်စု (M)
Place - နေရာပြ ပုဒ်စု (P)
Time - အချိန်ပြ ပုဒ်စု (T)
Reason (or) - အကြောင်းပြချက် (သို့မဟုတ်)
Purpose ရည်ရွယ်ချက်ပြ ပုဒ်စု (R or P)
ဥပမာ -
He went up to the counter. (D)
They play in happiness. (M)
It is warm in the house. (P)
He gets up at six o’ clock. (T)
He lives to work. ( R or P)
He goes to school on foot in Insein in the morning to study his lessons.
D M P T R or P
သူ၏ သင်ခန်းစာများကို လေ့လာရန် နံနက်ခင်းတွင် အင်းစိန်မှ ခြေကျင် ကျောင်းသို့သွားသည်။
အဓိပ္ပာယ်ကို ဘာသာပြန်သည့်အခါ D, M, P, T, R or P ကို အစဉ်လိုက် နောက်ဆုံးမှ စတင်ကာ အနက်ကောင်သည်ကို မှတ်သားရပါမည်။
[ Adverb phrase များကို ဖော်ပြလိုသည့် ပုံစံအပေါ် မူတည်ကာ အရှေ့၊ အနောက် ပြောင်းလည်း ရေးသားနိုင်သော်လည်း
မကျွမ်းကျင်သေးသည့် အချိန်တွင် D, M, P, T, R or P အစီအစဉ်အတိုင်းသာ ရေးသားစေလိုပါသည်။
ကျွမ်းကျင် တတ်မြောက်သည့် အချိန်တွင် မိမိ ဖော်ပြသလို နေရာများ ပြောင်းလဲ ရေးသားနိုင်ပါသည်။]
Adjective phrase နှင့် Adverb phrase ရောနှောနေပါလျှင်လည်း နောက်ဆုံးကသာ စတင်ကာ ဘာသာပြန်ရပါမည်။
ဥပမာ _ He goes to school in Sanchaung.
Adv (D) Adj phrase
ဖော်ပြပါ ဝါကျတွင် in Sanchaung သည် ရှေ့တွင်ရှိသော school (n) ကို အထူးပြု သောကြောင့် Adjective phrase ဖြစ်ပြီး
စမ်းချောင်းတွင်ရှိသော ကျောင်းသို့ ဟု (သော)ဖြင့် အနက်ကောက် ရပါမည်။
Credit-ကော်ပီယူလာသည်

