လွမ်းမိသေး

လရောင်ဆန်းတော့၊
ပျိုလေးကိုနမ်း။
လရောင်မသန်းတော့
ပျိုလေးကိုလွမ်း။
ဟိုအဝေးက မေပျို
လရောင်ဆန်းတော့
မေ့နေသလို။
ဒီဘက်က ကိုလူလေး
လှရောင်မသန်းတော့
လွမ်းမိသေး။