ဪ.....စောင့်ရမှာလား

ဟုတ်ကဲ့၊ စောင့်နေပါတယ်။
ဘယ်တော့ရမလဲ
စောင့်ရအုံးမှာပေါ့
ဟုတ်ကဲ့၊ စောင့်နေမှာပါ။
မပြီးသေးဘူး မဟုတ်လား
စောင့်နေလိုက်မယ်။
ကြာမှာလား
ကြာမယ်ဆိုလဲ
စောင့်လိုက်မယ်လေ။

စောင့်ရခြင်းသည်
ယခုမှမဟုတ်၊ ယခင်ကတည်းက
လိုချင်၍လည်း စောင့်ခဲ့ဖူးသည်
ပေးချင်၍လည်း စောင့်ခဲ့ဖူးသည်
စောင့်ရခြင်းတွေ အမျိုးမျိုးရှိသည်။

တကယ်တော့ လက်တွေ့တွင်
စောင့်ရခြင်းဟူသည် သည်းခံတတ်ခြင်း
ဖြစ်လာခဲ့ပါပြီ။☝
စောင့်ရမြဲ
စောင့်နေဆဲ
စောင့်နေမြဲ⤵