“အတ္တာဟိ အတ္တနော နာထော”

သူများအရေး သိပ်မတွေးနဲ့။
စိတ်လေးနေမယ်။ကိုယ့်အရေးပဲ ကိုယ်တွေး။
အဲဒါအေးတယ်။
သူရှိ၊ မရှိ သိပ်မကြည့်နဲ့။
ကိုယ်ရှိဖို့ပဲ ကိုယ်ညှိ၊ ဒါကွက်တိပဲ။
သူ ဟုတ်၊မဟုတ် စိတ်မရှုတ်နဲ့။
ကိုယ်ဟုတ်ဖို့ပဲ ကိုယ်လုပ်၊ဒါ အဟုတ်ပဲ။
သူ မှန်၊မမှန် သိပ်မကြံနဲ့။
ကိုယ်မှန်ဖို့ပဲ ကိုယ်ဖန်၊ဒါအမှန်ပဲ။
သူ ချစ်၊မချစ် စိတ်မညစ်နဲ့။
ကိုယ်မနစ်ဖို့ပဲ ကိုယ်စစ်၊ဒါ အနှစ်ပဲ။
နေရာတကာ ကိုယ်အခရာပဲ။
ကောင်းကောင်းဆိုးဆိုး ကိုယ့်အကျိုးပဲ
သူ့အကြောင်း၊ကိုယ့်အကြောင်း စိတ်မပြောင်းနဲ့၊
ကိုယ်ကောင်းဖို့သာ ကြိုးစားရာ၏။ ။
-【ဆရာတော် မနာပဒါယီ အရှင်ဝိစိတ္တ-ဒိုက်ဦး】