နေ့လည်စာ စားရန် အတွက် ဂန္ဒီက သူ၏ ပန်းကန်ဖြင့် ထို ပါမောက္ခ၏ ဘေးတွင် ဝင်ထိုင်မိလိုက်ရာ ပါမောက္ခက သူ့အား
"ဒီမှာ ဂန္ဒီ၊ ဝက် တစ်ကောင်ဟာ ငှက် တစ်ကောင်နဲ့ အတူတူ မထိုင်သင့်ဘူး ဆိုတာ နားမလည်သေးဘူး ထင်တယ်" ဟု ပြောလိုက်ရာ
ဂန္ဒီက မိဘက မသိ နားမလည်သော ကလေးဆိုး တစ်ယောက်က်ို အလိုလိုက် တုံ့ပြန်သော ပုံစံမျိုးဖြင့်
"စိတ်မပူပါနဲ့ ပါမောက္ခကြီးရယ်၊ ကျွန်တော်ဘဲ အဝေးကို ပျံသွားပေးပါ့မယ်" ဟု ဆိုလိုက်ပြီး အခြား တနေရာတွင် ပြောင်း ထိုင်ပေးလိုက်သည်။
ပါမောက္ခ မှာ မကျေမနပ် ဖြစ်သွားပြီး စာမေးပွဲ စစ်သောအခါ လက်စားချေရန် ကြံစည်ထားသည်။ သို့သော် သူမေးသမျှ မေးခွန်းများကို ဂန္ဒီက ထက်မြက်စွာ ပြန်ဖြေနိုင်ခဲ့သဖြင့် ကြံကြံဖန်ဖန် မေးခွန်း တစ်ခုကို မေးပြန်သည်။
"ကဲ၊ ဂန္ဒီ မင်း လမ်းလျောက်လာတုံး ငွေတွေပါတဲ့ အထုတ် တစ်ထုတ်နဲ့ ပညာ ဉာဏ်တွေ အပြည့်ပါတဲ့ အထုတ် တစ်ထုတ် တွေ့တယ် ဆိုပါတော့၊ တစ်ထုတ်ဘဲ ရွေးရမယ်ဆိုရင် ဘယ် အထုတ်ကို ယူမလဲ"
ဂန္ဒီက
"ငွေတွေပါတဲ့ အထုတ်ကို ရွေးမယ်"
ပါမောက္ခက
"မင်း တော်တော်ဆိုးတာဘဲ၊ ငါသာဆိုရင် ပညာဉာဏ်တွေ အပြည့်ပါတဲ့ အထုတ်ကို ရွေးမယ်"
ထိုအခါ ဂန္ဒီက
"မှန်ပါတယ်။ လူတွေက ကိုယ့်မှာ မရှိတာကို လိုချင်ကြတာဘဲ မဟုတ်လား" ပြန်ဖြေလိုက်လေသည် ။