.
*** ကိလေသာ (၁၀) မျိုး ***
* "ကိလေသ" ကား
စိတ်အစဉ်တွင် ကပ်၍ပါနေသည့်
စိတ်ကို ညစ်ညူးစေသည့် တရား ဖြစ်သည် ။
"ကိလေသ" ကို မြန်မာပြန်လျှင်
"(သတ္တဝါတို့ကို) ပူပန်စေတတ် -
နှိပ်စက်တတ် - သော တရား" ဟု ပြန်၏ ။
ကိလေသာ ဆယ်ပါး ဆိုသည်မှာ -
(၁) လောဘ ( လိုချင်တက်မက်မှု )
(၂) ဒေါသ ( ပြစ်မှားမှု ဖျက်ဆီးလိုမှု )
(၃) မောဟ ( အမှန်ကို မသိမှု တွေဝေမှု )
(၄) မာန
( ငါသာလျှင် မြတ်သည်ဟု ထင်မှတ်ပြီး
ထောင်လွှားမှု )
(၅) ဒိဋ္ဌိ ( အမြင် အယူအဆ မှားမှု )
(၆) ဝိစိကိစ္ဆာ ( ယုံမှား သံသယဖြစ်မှု )
(၇) ထိန ( စိတ်၏ ထိုင်းမှိုင်းမှု ကျေနပ်မှု )
(၈) ဥဒ္ဓစ္စ ( စိတ်၏ ပျံ့ လွင့်မှု )
(၉) အဟိရီက
( မကောင်းမှု ပြုခြင်းကို
မရှက်တတ်သည့် သဘော )
(၁၀) အနောတ္တပ္ပ
(ကာယဒုစရိုက်
မကောင်းမှု ကျူးလွန်ခြင်းကို
မကြောက်မှု)
တို့ ဖြစ်သည် ။
၁ ။ လောဘ ( လိုချင်တက်မက်မှု )
လောဘသည် လူကို
အစဉ်သဖြင့် ပူလောင်စေ၏ -
အစဉ်သဖြင့် နှိပ်စက်၏ -
အစဉ်သဖြင့် နစ်မွန်းအောင်လုပ်တတ်၏ -
ဆိုသည်ကို
သဗ္ဗညုတ ဉာဏ်တော်ကြီးဖြင့် ထိုးထွင်းပြီးမှ
ဗုဒ္ဓမြတ်စွာဘုရား ဟောကြားထားခြင်းဖြစ်သည် ။
လောဘ၏ အရင်းခံ သဘောမှာ
တက်မက်ခြင်းပင် ဖြစ်၏ ။
ဤ လောဘကို အကြောင်းခံပြီး ဖြစ်လာသည့်
ပူလောင်စေသော တရားတွေသည်
ပုထုဇဉ်ကို မနေသာ မထိုင်သာအောင်
နှိပ်စက်သည့် တရားတွေက သိပ်များ၏ ။
လောဘကြောင့် -
- စွဲလမ်းခြင်းသဘော ( ရာဂ ) ဖြစ်လာ၏ ။
- အပြင်းအထန် စွဲလမ်းခြင်း ( သာရာဂ )
ဖြစ်လာသည့်အခါ
လူ့စိတ်သည်
အိပ်မရ ၊ စားမ၀င် ရင်ပူနာ ကပ်လာ၏ ။
လောဘကြောင့် သတ္တဝါတို့၏ စိတ်သည်
မြင်ရာ ကြားရာ နံရာ စားရာ
အာရုံ အမျိုးမျိုး၏ ဆွဲဆောင်ခြင်းကို ခံရ၏ ။
အာရုံ ဆွဲဆောင်လာသည့်အခါ
မဆန့်ကျင်နိုင် တော့ပေ ။
ရုန်း မထွက်နိုင်ဘဲ လိုက်ပါသွား၏ ။
အာရုံ မြင်လျှင် လိုချင်၏ ။
ထို လိုလားသည့် သဘောသည်
လောဘ၏ သဘောပင် ဖြစ်သည် ။
အဘယ်ကြောင့် လိုချင်သနည်း ဆိုလျှင်
နှစ်သက်ခြင်း ဆိုသည့်
နန္ဒီ သဘောကြောင့်ပင် ဖြစ်၏ ။
၎င်းသည်လည်း
လောဘ၏ အခြင်းအရာပင် ဖြစ်၏ ။
မြင်ရာ ကြားရာ နှစ်သက် ရုံတင်မက
နှစ်သက်သည်ကို မေ့ပျောက် ပစ်လို့ပင် မရချေ ။
စွဲလမ်းသွား၏ ။ ၎င်းကို (နန္ဒီရာဂ) ဟုခေါ်၏ ။
ရူးသွပ်ခြင်း ဆိုသည်များမှာ
ထို ( စိတ္တႆသရတာ) ဆိုသည့်
စိတ်၏ ပြင်းစွာ စွဲလမ်းမှုကြောင့် ဖြစ်၏ ။
လောဘသည် အာရုံမှန်သမျှ ကို လိုလား၏ ။
လိုချင်အား ကြီးလွန်းသောကြောင့်
မိန်းမောမှုတောင် ဖြစ်၏ ။
မရလျှင် ကိုယ့် ကိုယ် ကိုတောင်
သတ် သေပစ် ဖို့ ၀န်မလေးချေ ။
ဆင်ခြင်ဉာဏ်ဖြင့် သတိသပ္ပဇဉ်
လုံးဝ ကင်းစင်သွားအောင်တောင် လုပ်တတ်၏ ။
"ဓမ္မသင်္ဂဏီ" ဟု ခေါ်သည့်
အဘိဓမ္မာကျမ်းတွင်
ဟောထားသည့် တရားတွေသည်
အလွန်ပင် နက်နဲ၏ ။
လောဘသည် အာရုံ မရှိလျှင် မနေနိုင်ပေ ။
အာရုံ မှန်သမျှကို
ရအောင်အားထုတ် တတ်သည့် သဘောရှိ၏ ။
ဖြစ်ရာ ဘ၀တိုင်းတွင်လည်း လောဘသည်
မိမိ၏ ချစ်ခင်နှစ်သက်သော အဖော် ဖြစ်နေ၏ ။
သတ္တဝါများအား ဘ၀သို့ ဆွဲဆောင်တတ်သည့်
ဘ၀ ကြိုး နှင့်လည်း တူ၏ ။
သို့ဖြစ်၍
- လောဘကြောင့် ချမ်းသာကို မရနိုင်
- အကျိုးမဲ့ ဆင်းရဲကိုသာ ရစေတတ်၏ ။
- ဆင်းရဲခြင်း ကို
အလွန်အမင်း ဖြစ်စေသည်လည်း
လောဘပင် ဖြစ်၏ ။
~ ချစ်ကြိုက် ပေါင်းဖော်
ရောနှော ခြင်းသည်လည်း
လောဘ
~ ချစ်ကြိုက်သောကြောင့်
ငဲ့ကွက် တွယ်တာခြင်း သည်လည်း လောဘ
~ နှောင်ဖွဲ့တတ်ခြင်း သည်လည်း လောဘ
~ တောင့်တခြင်း တမ်းတခြင်း
လွမ်းဆွတ်ခြင်း သည်လည်း လောဘ
~ အဆင်း အနံ့ အရသာ အသံ အတွေ့အာရုံ
အားလုံးကို တောင့်တခြင်း ၊
ပစ္စည်းဥစ္စာ တောင့်တမှု ၊
သားသမီး၌ တောင့်တမှု ၊
အသက် ရှင်ခြင်း ၌ တောင့်တမှု ၊
ကျန်းမာခြင်း ၌ တောင့်တခြင်း
သဘောတွေ သည်လည်း လောဘ ၊
~ ငါ့ ဟာ ငါ့ ဥစ္စာ ဟု ပြောဆိုစေတတ်သည့်
တပ်မက်မှု သဘော ၊
အချိန် ရှိသရွေ့ ငါ့ ဟာ ငါ့ ဥစ္စာ ဟု
ပြောဆို စေတတ်သည့်
တပ်မက်ခြင်း သဘောသည်လည်း လောဘ ၊
~ အမြီး နံ့သော ခွေးလိုပင်
လာဘလြာဘ ၌
တပ်မက် တုန်လှုပ်သည့် သဘောသည်လည်း
လောဘ ၊
~ မသင့်လျော်သော အရာ၌ တပ်မက်ခြင်း =
အဓမ္မရာဂ သည်လည်း လောဘ ပင်ဖြစ်၏ ။
အဆမတန် လိုချင်အားကြီးမှု ဝိသမလောဘ ၊
မျှော်လင့်ခြင်း ၊ တောင့်တခြင်း ၊
ချစ်ခင်ခြင်း သည်လည်း လောဘ ၊
~ ၀ဋ်ဆင်းရဲ တွင်
နစ်မြုပ်စေတတ်ခြင်း သဘော
(ဩဃ) သည်လည်း
တရားကိုယ် အားဖြင့် လောဘ ၊
~ ၀ဋ်ဆင်းရဲ တွင်
ယှဉ်စေ တွဲစေ တတ်သည့်
ယောဂ သည်လည်း လောဘ ၊
~ ၀ဋ်ဆင်းရဲ တွင်
ဆက်စပ် ထုံးဖွဲ့ခြင်း ဂန္ထ သည်လည်း လောဘ ၊
~ သတ္တဝါများ ကို ၀ဋ်ဆင်းရဲ တွင်
နှောင်ဖွဲ့ စေတတ်သည်လည်း လောဘ ၊
~ စိတ်ကို ကပ်ပြီး
ညစ်နွမ်း စေတတ်သော သဘောသည်လည်း
တရားကိုယ် အားဖြင့် လောဘ ၊
~ ဆင်းရဲခြင်း ၏
အခြေအမြစ် ဒုက္ခမူလ သည်လည်း လောဘ ၊
~ အကုသိုလ်တရား တို့၏
မူလ အခြေအမြစ် အကုသလမူလ သည်လည်း
လောဘ ၊
ပင်ဖြစ်သည် ။ ။
… … … … … … … … … … … … …
(၂) ဒေါသ ( ပြစ်မှားမှု ဖျက်ဆီးလိုမှု )
ဒေါသ ၏ သဘောသည်ကား
ဖျက်ဆီးလို မှု ပြစ်မှား မှု ပင် ဖြစ်၏ ။
ငါ့ရဲ့ အကျိုးမဲ့ ကို ပြုကျင့်ခဲ့ပြီ ဆိုပြီး
ရန်ငြိုး ဖွဲ့သည်လည်း ဒေါသပင် ဖြစ်သည် ။
အာဃာတ လည်း ဒေါသ ။
ရန်ငြိုး ဖွဲ့ ရာတွင်
- အတိတ်ကာလကလည်း
ငါ့ရဲ့ အကျိုးမဲ့ ကို ပြုခဲ့ ပြီ
- ခုလည်း ပြုနေဆဲ
- နောင်အခါလည်း ပြုဦးမှာဘဲ ဆို၍
အတိတ် အနာဂတ်
ကာလ သုံးပါး စလုံးတွင် ရန်ငြိုး ဖွဲ့တတ်သည် ။
ကိုယ့် အပေါ်တွင် ပြုကျင့်ခဲ့သည့်
အကျိုးမဲ့ ပြုမှု အပေါ်တွင်သာ
ရန်ငြိုး ဖွဲ့တတ်သည် မဟုတ်ပေ ။
ကိုယ့် မိတ်ဆွေ ကိုယ့်ရဲ့ ချစ်သူ အပေါ်တွင်
အကျိုးမဲ့ ပြုလျှင်လည်း
အတိတ် ပစ္စုပ္ပန် အနာဂတ်
ကာလသုံးပါး နှင့် စပ်လျဉ်းပြီး
ရန်ငြိုး ( အာဃာတ) ပြုတတ်သည် ။
ထို့နောက်
ကိုယ် မချစ်ခင်သူ မုန်းတီးသူ ၏ အကျိုးကို
ဆောင်ရွက်လျှင်လည်း
ထိုသို့ ဆောင်ရွက်သူအပေါ်
ရန်ငြိုး ဖွဲ့တတ်ပြန်၏ ။
ရန်ငြိုး ဖွဲ့ရာတွင်လည်း
အလွန်အမင်း ရန်ငြိုး ဖွဲ့တတ်ခြင်းလည်း ရှိသည် ။
"ပဋိဃာတ" ဟု ခေါ်သည် ။
"ပဋိဃ" ဆိုသည်မှာ
ထိပါးခြင်း မုန်းထားခြင်း ဖြစ်သည် ။
ဒေါသကြောင့်
အလွန်အမင်း ဆန့်ကျင်ခြင်းလည်း ရှိသည် ။
အမျက်ထွက်ခြင်း ၊ စိတ်ဆိုးခြင်း ဆိုသည်လည်း
ဒေါသပင် ဖြစ်သည် ။
ဒေါသ သည်
အလွန် ကြောက်စရာ ကောင်းလှသည် ။
ဒေါသ ဖြစ်လာလျှင်
ဖျက်ဆီး ချေမှုန်း ပစ်ချင်ကြသည် ။
အလွန်အမင်း ပြစ်မှားလိုခြင်း ဖြစ်၏ ။
ကိုယ် မုန်းတီးသူ၏
ပျက်စီးခြင်း ဆုံး ရှုံးခြင်း နစ်နာခြင်း
ဘ၀ပျက်ခြင်း ကို မြင်ရ ကြားရလျှင်
အားရ၀မ်းသာ ဖြစ်သည် ။
ဤသည်လည်း ဒေါသကြောင့် ဖြစ်သော
စိတ်၏ ပျက်စီးခြင်း သဘော
ဖောက်ပြန်ခြင်း သဘော ပင် ဖြစ်သည် ။
~ ဒေါသကြောင့်
စိတ်သည် ကြမ်းတမ်း ခက်ထန်လာသည် ။
~ ဒေါသကြောင့်
စကားပြောသည့် အခါတွင်လည်း
ကောင်းမွန်စွာ
ပြည့်ပြည့်စုံစုံ မပြောနိုင်တော့ပေ ။
~ ဒေါသ ဖြစ်ချိန်တွင်
မိမိ စိတ်သည်လည်း
ပင်ကိုယ် ပကတိစိတ် မဟုတ်တော့ပေ ။
ဘီလူး စိတ် သရဲ စိတ် လို ဖြစ်လာသည် ။
စိတ် ဖောက်ပြန်လာသည် ။
စိတ်ထဲတွင် မနှစ်မြို့ ခြင်း မလိုလားခြင်း သာ
ထင်ရှား ရှိနေသည် ပင်လျှင်
ဒေါသ ၏ သဘော ဖြစ်သည် ။ ။
… … … … … … … … … … … … … …
(၃) မောဟ (အမှန်ကိုမသိမှု တွေဝေမှု)
အမှန်သဘော ကို မသိခြင်း -
တွေဝေခြင်း - ကို မောဟ ဟု ခေါ်သည် ။
သစ္စာလေးပါး မြတ်တရား
(ဒုက္ခသစ္စာ ၊ ဒုက္ခဖြစ်ကြောင်း သမုဒယသစ္စာ ၊
ဒုက္ခချုပ်ကြောင်း နိရောဓသစ္စာ ၊
ဒုက္ခချုပ်အောင် လုပ်နည်း မဂ္ဂသစ္စာ ) ကို
မသိခြင်း ၊ မောဟ (အဝိဇ္ဇာ) ဖြစ်၏ ။
ထို့နောက်
သံသရာတွင် ရှေးက ဖြစ်ခဲ့ဖူးပြီးသော
ခန္ဓာအစဉ် ကိုလည်း မသိ
နောင် ဖြစ်လတ္တံ့သော ခန္ဓာအစဉ် ကိုလည်း
မသိပေ ။
" ပုဗ္ဗန္တ ပရန္တေအညာဏ " တည်း ။
သို့ဖြစ်၍
ဇာတိ ဆိုသည့် အကြောင်းကို စွဲ၍သာ
ဇရာ မရဏ အကျိုးများ ဖြစ်နေရခြင်း
ဆိုသည် လည်း မသိပေ ။
ပစ္စုပ္ပန်တွင် ရထားသည့် ခန္ဓာငါးပါး သည်လည်း
အနိစ္စ ဒုက္ခ အနတ္တ ဘဲဟု မသိချေ ။
ထို ခန္ဓာငါးပါး (ရုပ်နာမ်နှစ်ပါး) ကို
ငါဘဲ သူဘဲ ယောက်ျားဘဲ မိန်းမဘဲ ဟု
မှားယွင်းစွာ သိမြင်နေခြင်း သည်လည်း
မောဟဘဲ ဖြစ်၏ ။
အကောင်း အဆိုး ကို မဝေခွဲတတ် ၊
မပိုင်းခြားတတ်သည့် သဘောသည်လည်း
မောဟ ဘဲ ဖြစ်၏ ။
စိတ်၏ ဖြူစင် သန့်ရှင်းမှုကို မသိခြင်း သဘော ၊
လူမိုက် ဖြစ်ခြင်း အကြောင်းကို အပြား အားဖြင့်
မသိခြင်း သဘော ၊
ထက်ဝန်းကျင် တရား အားလုံးတွင် မသိခြင်း ၊
တွေဝေခြင်းကြောင့် ၀ဋ်ဆင်းရဲ တွင်
နစ်မျောရခြင်း သည်လည်း မောဟ ။
စိတ်တွင်
ကိလေသာတွေ ထကြွသောင်းကျန်းခြင်း ကိုလည်း
မသိခြင်း သဘော သည်လည်း မောဟ ။
ထို့ကြောင့် ဤ မောဟ သည်
တံခါးကျင်(မင်းတုပ်) လိုပင်
စီးပွား ချမ်းသာသို့ မရောက်အောင်
ပိတ်ပင် တားဆီး တတ်သည် ဟူ၏ ။
ထို့ကြောင့် မောဟသည်
အကုသိုလ် တရားတို့၏
မူလ အခြေခံပင် ဖြစ်၏ ။ ။
… … … … … … … … … … … … …
(၄) မာန
( ငါသာလျှင် မြတ်သည်ဟု ထင်မှတ်ပြီး
ထောင်လွှားမှု )
ထို မာန တရား သည်လည်း
တရားဆိုး တစ်မျိုးပင် ဖြစ်သည် ။
ပင်ကိုယ် သဘောကဖြင့်
ငါသာလျှင် မြတ်သည်
ငါသာလျှင် တတ်သည် ဟု
စိတ်ကြီးဝင်ပြီး ထောင်လွှားခြင်း -
မောက်မာခြင်း - သည် မာနပင် ဖြစ်သည် ။
- စိတ် ထောင်လွှားခြင်း
- ကိုယ့် ကိုယ် ကို အထင်ကြီးခြင်း
- အဆင့်အတန်း အားဖြင့် မြင့်မြတ်သည် ဟု
ထင်မှတ် ထားခြင်း သည်
မာနဖြစ်သည် ။
ဤနေရာတွင် ဘုရားမှ
ကိုယ့် ကို ကိုယ် အဆင့်အတန်း မြင့်သည် ၊
အဆင့်အတန်း တန်းတူ ဖြစ်သည် ၊
အဆင့်အတန်း နိမ့်သည် ဟု ထင်၍
ကိုယ့် ထမင်း ကိုယ် စားတာ
ဘယ်သူ့မှ ဂရုစိုက်စရာ မလိုဘူး ဟု
သဘောထားခြင်း -
ထောင်လွှားခြင်း - အားလုံးသည်
မာန ချည်းဘဲ ဖြစ်သည် ဟု ဟောသည် ။
ကိုယ့် ကို ကိုယ်
- စိတ်ကို မြှောက်ပင့်ထားတာ
- တံခွန် ထူထားတာ
- တံခွန် မှန်ကင်းလို ဘ၀င် မြင့်နေခြင်း များ
အားလုံးသည် မာန ချည်းပင် ဖြစ်သည် ။
စိတ် ဖောက်ပြန်ပုံ တစ်မျိုးပင် ဖြစ်သည် ။ ။
… … … … … … … … … … … …
(၅) ဒိဋ္ဌိ ( အမြင် အယူအဆ မှားမှု )
ဒိဋ္ဌိ ဆိုသည်မှာ အမြင်မှားခြင်းကို ဆိုလိုသည် ။
လူတွေ၏
လောက အမြင်မှားများ (မိစ္ဆာဒိဋ္ဌိ) တွေ
အလွန် များသည် ။
ဗုဒ္ဓ ပွင့်တော်မူစဉ် အခါက
အိန္ဒိယပြည်တွင် ဒိဋ္ဌိ (၆၂) မျိုး ရှိခဲ့သည် ဟု
ဗြဟ္မဇာလ သုတ် တွင် ဟောတော်မူခဲ့ပါသည် ။
( ဒိဋ္ဌိ ၆၂ မျိုးကို ဆက်လက် ရေးသားပါမည် ။ )
ဒီဃနိကာယ် သီလက္ခန် တွင်လည်းပါသည် ။
အမှန်မှာ
- လောက(ခန္ဓာငါးပါး ရုပ်နာမ်နှစ်ပါး) သည်
မွဲ၏ ။
- လောကသည် မမြဲပေ ။
- လောကသည် အဆုံး အပိုင်းအခြား ရှိသည် ။
- လောကသည် အဆုံး အပိုင်းအခြား မရှိပေ ။
- ခန္ဓာကိုယ်ထဲတွင် အသက်ဇီဝ ရှိသည် ။
- ခန္ဓာကိုယ် က တစ်ခြား
အသက်ဇီဝ က တစ်ခြား ဖြစ်သည် ။
- သတ္တဝါ သေပြီးလျှင် ဖြစ်သေးသည် ။
- သတ္တဝါ သေပြီးလျှင်
နောက်ထပ် မဖြစ်တော့ပေ ။
- သတ္တဝါ သေပြီးလျှင် ဖြစ်သည်လည်း မဟုတ်
မဖြစ်သည်လည်း မဟုတ် ။
- သတ္တဝါ သေပြီးနောက် ဖြစ်တာလည်းရှိ
မဖြစ်တာလည်း ရှိ
အစ ရှိသည့်
အမြင်မှား (၆၂) ပါးကို ဒိဋ္ဌိ ဟုခေါ်သည် ။
အမြင်မှန် ကို ပိတ်ပင်တားဆီးသည့်
တရားတွေပင် ဖြစ်သည် ။
အမြင်မှန် ကို မရောက်အောင်
ခက်ခဲစေသည့် တရားများ ဖြစ်သောကြောင့်
တောအုပ် လိုပင် ဖြစ်၏ ။
အမြင်မှားမှု သည်
ခရီးခဲ " ဒိဋ္ဌိကန္တာရ " ဟုလည်း ခေါ်သည် ။
အမြင်မှန် ကို
ဖောက်ထွင်း ဖျက်ဆီးတတ်သည့် သဘောသည်
အမြင်မှား ဒိဋ္ဌိ ပင် ဖြစ်သည် ။
ဖောက်ပြန်သည့် အမြင်
တုတ်နှောင်တတ်သည့် သဘော သည်လည်း
ဒိဋ္ဌိ ဘဲ ဖြစ်သည် ။
အာရုံကို များသောအားဖြင့်
သုံးသပ်တတ်သည် ၊
စွဲယူတတ်သည် ၊
အယူသီးတတ်သည် ။
ဒိဋ္ဌိသည် မှားသော ခရီးလမ်းကြောင်း ဖြစ်သည် ။
အကျိုးမဲ့ ဖြစ်စေသော သဘော -
ဖောက်ပြန်သည့် အမြင် - သည်
ဒိဋ္ဌိ ဖြစ်သည် ။ ။
… … … … … … … … … … … … … …
(၆) ဝိစိကိစ္ဆာ (ယုံမှား သံသယ ဖြစ်မှု)
ဘုရား အပေါ်တွင် ယုံမှားခြင်း -
သံသယ ဖြစ်ခြင်း - သည် ဝိစိကိစ္ဆာ ပင် ဖြစ်၏ ။
( ဗုဒ္ဓသည် ဧကန် အမှန်စင်စစ် ဖြစ်ရဲ့လား ဟု
မဆုံးဖြတ်နိုင်ဘဲ
စိတ် ပင်ပန်းစွာ သို့လော သို့လော ဖြစ် ခြင်း )
သို့ဖြစ်၍
- ဓမ္မ ဘုရားဟောတရားများ အပေါ်၌လည်း
သံသယ ဖြစ်ခြင်း ယုံမှားခြင်း သည် ဝိစိကိစ္ဆာ ။
- သံဃာ အပေါ်၌လည်း ယုံမှားခြင်း ဖြစ်၏ ။
အကျင့်သိက္ခာ ရှိမှ ရှိပါ့ မလား ဟု
သံသယ ဖြစ်၍
တွေးတောခြင်း သည်လည်း ဝိစိကိစ္ဆာ ။
- ရှေး ဘ၀မှ ဖြစ်ခဲ့ပြီးသော
ခန္ဓာတွေ အပေါ်၌လည်း
ဟုတ်ပါ့မလား ဟု သံသယ ဖြစ်၏ ၊ ယုံမှား၏။
သေပြီးလျှင် နောင် ဘ၀ ၌
ခန္ဓာတွေ ဖြစ်ပါဦးမလား ဟု လည်း
ယုံမှား တွေးတော၏ ။
- ဇရာ မရဏ ဖြစ်ရခြင်းသည်
ဇာတိ ဆိုသည့်
ပဋိသန္ဓေ နေခဲ့ရခြင်း အကြောင်းကြောင့်
ဖြစ်ရသည် ဆိုခြင်းအား
ယုံမှား သံသယ ဖြစ်၍
ဟုတ်ပါ့ မလား ဟု တွေးတော၏ ။
သဘာဝ တရားကို မယုံသင်္ကာ ဖြစ်၍
တွေးတောပြန်လျှင်လည်း
မဆုံးဖြတ်နိုင်ခြင်းကြောင့် ပင်ပန်းခြင်း
ဖြစ်ရခြင်း သည် ဝိစိကိစ္ဆာ ပင် ဖြစ်၏ ။
ဝိစိကိစ္ဆာ ၏ သဘောမှာ
အမှန် နှင့် အမှားကို
ပိုင်းခြား၍ မဆုံးဖြတ်နိုင်ချေ ။
လမ်း နှစ်ခွ ဖြစ်နေသည့် အတွက်
စိတ် မတည်မငြိမ်ဖြစ်ရသည့် သဘောပင်ဖြစ်၏ ။
ယတိပြတ် ဧကန္တ အားဖြင့် မဆုံးဖြတ်နိုင်ပေ ။
သို့လော သို့လော ဖြစ်တတ်ခြင်းကြောင့်
အာရုံ မှ ဆုတ်နစ်တတ်သည့် သဘောသည်
ဝိစိကိစ္ဆာ ပင် ဖြစ်၏ ။
မည်သည့် ကိစ္စပင် ဖြစ်စေ
ယတိပြတ် ဆုံးဖြတ်ခြင်းငှာ မစွမ်းသည့် အတွက်
တဝဲလည်လည် ဖြစ်၍
ဉာဏ်ဖြင့် မသက်ဝင်နိုင်ပေ ။
စိတ် ရှုပ်ထွေး၍
အာရုံ ထွေပြားသွားသည့် သဘောသည်
ဝိစိကိစ္ဆာ ဘဲ ဟု မှတ်ရမည် ဖြစ်၏ ။ ။
… … … … … … … … … … … … …
(၇) ထိန ( စိတ်၏ ထိုင်းမှိုင်းမှု ကျေနပ်မှု )
ထိန ဆိုသည်ကား
စိတ်၏ မခံ့မှု မခိုင်မာမှု ထိုင်းမှိုင်းမှု ပင် ဖြစ်၏ ။
စိတ်၏ မခိုင်ခံ့မှု ဆိုသည်ကား
ကိစ္စ တစ်ခုကို
ပြီးမြောက်အောင် မလိုက်လျောနိုင်ခြင်း -
မဆောင်ရွက်နိုင်ခြင်း - ကို ဆိုလို၏ ။
မိမိ ၌ ရှိနေသော ဣရိယာပုတ်ကို
ခိုင်မြဲအောင် မဆောင်ရွက်နိုင်ခြင်း သည်
ပျင်းရိခြင်း ဖြစ်၏ ။
ထိနပင်ဖြစ်သည် ။
စိတ်၏ မခံ့မှု ဆိုသည်မှာ
တွန့်ဆုတ်တတ်သော သဘောကို ဆိုလို၏ ။
ထို့ကြောင့် ထိန ဆိုသည်
- စိတ်မကြံ့ခိုင်ခြင်း
- ထိုင်းမှိုင်းခြင်း
- ပျင်းရိခြင်း
- စိတ်ဝင်စားမှု လျော့ကျသွားခြင်း
- မေ့လျော့ ပေါ့ဆပြီး စိတ် ကျဲပြန့်သွားခြင်း
ကို ဆို၏ ။ ။
… … … … … … … … … … … … …
(၈) ဥဒ္ဓစ္စ ( စိတ်၏ ပျံ့ လွင့်မှု )
ဥဒ္ဓစ္စ ၏ အနက် အဓိပ္ပာယ်မှာ
စိတ် ပျံ့ လွင့်ခြင်း ဖြစ်၏ ။
စိတ် ပျံ့ လွင့် ခြင်း ဟူသည်
စိတ်တုန်လှုပ်ခြင်း
စိတ်မငြိမ်သက်ခြင်း ပင်ဖြစ်၏ ။
စိတ်သည်
ရှုပွားခြင်း အာရုံ တစ်ခုခုပေါ်တွင်
တည်ငြိမ်မနေဘဲ
အထွေထွေ အပြားပြား အာရုံတွေနောက်ကို ပါပြီး
လေလွင့်သွားခြင်း မျောပါသွားခြင်း သည်
ဥဒ္ဓစ္စ ပင်ဖြစ်၏ ။
အမျိုးမျိုးသော အာရုံတွေနောက်ကို
စိတ်က လိုက်ပါသွားခြင်း -
သစ်ရွက်ခြောက် လေမှာလွင့်သလို
လွင့်သွားခြင်း - တွေသည်
- စိတ် မတည်ငြိမ်သောကြောင့် လည်းကောင်း
- မခိုင်မြဲခြင်းကြောင့် လည်းကောင်း ဖြစ်၏ ။
စိတ် လှုပ်ရှားသည့်
အမူအရာ တစ်မျိုးပင်ဖြစ်၏ ။ ။
… … … … … … … … … … … … …
(၉) အဟိရီက
( မကောင်းမှု ပြုရသည်ကို
မရှက်တတ်သည့် သဘော )
အဟိရီက
ကာယဒုစရိုက် မကောင်းမှု ပြုရခြင်း ကို
အရှက်မရှိခြင်း မရှက်တတ်ခြင်း ပင် ဖြစ်၏ ။
ဤသဘောမှာ နေ့စဉ် ဘ၀ထဲတွင် ထင်ရှား၏ ။
ယုတ်ယုတ်မာမာ အကုသိုလ် တရားများအား
လွန်ကျူးရခြင်း ကို မရှက်တတ်ခြင်း သည်
အဟိရီက ပင်ဖြစ်၏ ။
ရှက်ရကောင်းမှန်း မသိချေ ။
မိမိ ပြုနေခြင်း ပြောနေခြင်း များသည်
ရှက်စရာ ကောင်းနေပြီ ဟု မသိဘဲ
ဒုစရိုက်မှု လွန်ကျူးမှု များ ပြုနေကြခြင်းသည်
အဟိရီက ပင်ဖြစ်၏ ။ ။
… … … … … … … … … … … … …
(၁၀) အနောတ္တပ္ပ
( ကာယဒုစရိုက် မကောင်းမှု
ကျူးလွန်ရသည်ကို မကြောက်မှု )
ဒုစရိုက် မကောင်းမှု ပြုရသည်ကို
မကြောက်မရွံ့ ဘဲ ပြုရဲခြင်းသည်
အနောတ္တပ္ပ ပင် ဖြစ်၏ ။
လူအများကို အစုလိုက် အပြုံလိုက်
လက်ရဲ ဇက်ရဲ သတ်ဖြတ်နေကြ၏ ။
ထိုသူတို့သည်
လူတွေကို သတ်ဖြတ် ညှဉ်းဆဲရသည် ကို
ဝန် မလေးချေ ။
သူတစ်ပါး အိမ်ရာကို မီးရှို့ ဖျက်ဆီးခြင်း -
သူတစပြါး သားမယားအား
ကျူးကျော်စော်ကားခြင်း - တို့အား
ကျူးလွန်ရမှာ ၀န်မလေးချေ ။
အကုသိုလ် ကိုလည်း ကျူးလွန်ရမှာ
မကြောက်တတ်ပေ ။
၎င်းတို့သည် အနောတ္တပ္ပ သဘောပင်ဖြစ်၏ ။
* အဓမ္မ ပြုခြင်း၌
လက်ရဲ ဇက်ရဲ ရှိကြခြင်း တွေသည်
ထို အရှက်အကြောက် ကင်းမဲ့မှုကြောင့်
လူ့ဘ၀
မငြိမ်းမချမ်း ဖြစ်နေကြရခြင်းပင် ဖြစ်၏ ။ ။
… … … … … … … … … … … … …
ဤတွင်
ကိလေသာ (၁၀)မျိုး သဘော ပြီး၏ ။ ။ ။
ဦးဆန်းလွင် (ရှင်အာဒိစ္စရံသီ) ၏
( ဗုဒ္ဓဘာသာ အခြေခံ အယူအဆများ မှ )
ထပ်ဆင့် ဖော်ပြသူ ;
U Aung Naing Oo (ANO)
***** ***** *****
Unicode
*** ကိလေသာ (၁၀) မျိုး ***
* "ကိလေသ" ကား
စိတ်အစဉ်တွင် ကပ်၍ပါနေသည့်
စိတ်ကို ညစ်ညူးစေသည့် တရား ဖြစ်သည် ။
"ကိလေသ" ကို မြန်မာပြန်လျှင်
"(သတ္တ၀ါတို့ကို) ပူပန်စေတတ် -
နှိပ်စက်တတ် - သော တရား" ဟု ပြန်၏ ။
ကိလေသာ ဆယ်ပါး ဆိုသည်မှာ -
(၁) လောဘ ( လိုချင်တက်မက်မှု )
(၂) ဒေါသ ( ပြစ်မှားမှု ဖျက်ဆီးလိုမှု )
(၃) မောဟ ( အမှန်ကို မသိမှု တွေဝေမှု )
(၄) မာန
( ငါသာလျှင် မြတ်သည်ဟု ထင်မှတ်ပြီး
ထောင်လွှားမှု )
(၅) ဒိဋ္ဌိ ( အမြင် အယူအဆ မှားမှု )
(၆) ၀ိစိကိစ္ဆာ ( ယုံမှား သံသယဖြစ်မှု )
(၇) ထိန ( စိတ်၏ ထိုင်းမှိုင်းမှု ကျေနပ်မှု )
(၈) ဥဒ္ဓစ္စ ( စိတ်၏ ပျံ့ လွင့်မှု )
(၉) အဟိရီက
( မကောင်းမှု ပြုခြင်းကို
မရှက်တတ်သည့် သဘော )
(၁၀) အနောတ္တပ္ပ
(ကာယဒုစရိုက်
မကောင်းမှု ကျူးလွန်ခြင်းကို
မကြောက်မှု)
တို့ ဖြစ်သည် ။
၁ ။ လောဘ ( လိုချင်တက်မက်မှု )
လောဘသည် လူကို
အစဉ်သဖြင့် ပူလောင်စေ၏ -
အစဉ်သဖြင့် နှိပ်စက်၏ -
အစဉ်သဖြင့် နစ်မွန်းအောင်လုပ်တတ်၏ -
ဆိုသည်ကို
သဗ္ဗညုတ ဉာဏ်တော်ကြီးဖြင့် ထိုးထွင်းပြီးမှ
ဗုဒ္ဓမြတ်စွာဘုရား ဟောကြားထားခြင်းဖြစ်သည် ။
လောဘ၏ အရင်းခံ သဘောမှာ
တက်မက်ခြင်းပင် ဖြစ်၏ ။
ဤ လောဘကို အကြောင်းခံပြီး ဖြစ်လာသည့်
ပူလောင်စေသော တရားတွေသည်
ပုထုဇဉ်ကို မနေသာ မထိုင်သာအောင်
နှိပ်စက်သည့် တရားတွေက သိပ်များ၏ ။
လောဘကြောင့် -
- စွဲလမ်းခြင်းသဘော ( ရာဂ ) ဖြစ်လာ၏ ။
- အပြင်းအထန် စွဲလမ်းခြင်း ( သာရာဂ )
ဖြစ်လာသည့်အခါ
လူ့စိတ်သည်
အိပ်မရ ၊ စားမ၀င် ရင်ပူနာ ကပ်လာ၏ ။
လောဘကြောင့် သတ္တဝါတို့၏ စိတ်သည်
မြင်ရာ ကြားရာ နံရာ စားရာ
အာရုံ အမျိုးမျိုး၏ ဆွဲဆောင်ခြင်းကို ခံရ၏ ။
အာရုံ ဆွဲဆောင်လာသည့်အခါ
မဆန့်ကျင်နိုင် တော့ပေ ။
ရုန်း မထွက်နိုင်ဘဲ လိုက်ပါသွား၏ ။
အာရုံ မြင်လျှင် လိုချင်၏ ။
ထို လိုလားသည့် သဘောသည်
လောဘ၏ သဘောပင် ဖြစ်သည် ။
အဘယ်ကြောင့် လိုချင်သနည်း ဆိုလျှင်
နှစ်သက်ခြင်း ဆိုသည့်
နန္ဒီ သဘောကြောင့်ပင် ဖြစ်၏ ။
၎င်းသည်လည်း
လောဘ၏ အခြင်းအရာပင် ဖြစ်၏ ။
မြင်ရာ ကြားရာ နှစ်သက် ရုံတင်မက
နှစ်သက်သည်ကို မေ့ပျောက် ပစ်လို့ပင် မရချေ ။
စွဲလမ်းသွား၏ ။ ၎င်းကို (နန္ဒီရာဂ) ဟုခေါ်၏ ။
ရူးသွပ်ခြင်း ဆိုသည်များမှာ
ထို ( စိတ်တဿသရတာ) ဆိုသညျ့
စိတ်၏ ပြင်းစွာ စွဲလမ်းမှုကြောင့် ဖြစ်၏ ။
လောဘသည် အာရုံမှန်သမျှ ကို လိုလား၏ ။
လိုချင်အား ကြီးလွန်းသောကြောင့်
မိန်းမောမှုတောင် ဖြစ်၏ ။
မရလျှင် ကိုယ့် ကိုယ် ကိုတောင်
သတ် သေပစ် ဖို့ ၀န်မလေးချေ ။
ဆင်ခြင်ဉာဏ်ဖြင့် သတိသပ္ပဇဉ်
လုံးဝ ကင်းစင်သွားအောင်တောင် လုပ်တတ်၏ ။
"ဓမ္မသင်္ဂဏီ" ဟု ခေါ်သည့်
အဘိဓမ္မာကျမ်းတွင်
ဟောထားသည့် တရားတွေသည်
အလွန်ပင် နက်နဲ၏ ။
လောဘသည် အာရုံ မရှိလျှင် မနေနိုင်ပေ ။
အာရုံ မှန်သမျှကို
ရအောင်အားထုတ် တတ်သည့် သဘောရှိ၏ ။
ဖြစ်ရာ ဘ၀တိုင်းတွင်လည်း လောဘသည်
မိမိ၏ ချစ်ခင်နှစ်သက်သော အဖော် ဖြစ်နေ၏ ။
သတ္တဝါများအား ဘ၀သို့ ဆွဲဆောင်တတ်သည့်
ဘ၀ ကြိုး နှင့်လည်း တူ၏ ။
သို့ဖြစ်၍
- လောဘကြောင့် ချမ်းသာကို မရနိုင်
- အကျိုးမဲ့ ဆင်းရဲကိုသာ ရစေတတ်၏ ။
- ဆင်းရဲခြင်း ကို
အလွန်အမင်း ဖြစ်စေသည်လည်း
လောဘပင် ဖြစ်၏ ။
~ ချစ်ကြိုက် ပေါင်းဖော်
ရောနှော ခြင်းသည်လည်း
လောဘ
~ ချစ်ကြိုက်သောကြောင့်
ငဲ့ကွက် တွယ်တာခြင်း သည်လည်း လောဘ
~ နှောင်ဖွဲ့တတ်ခြင်း သည်လည်း လောဘ
~ တောင့်တခြင်း တမ်းတခြင်း
လွမ်းဆွတ်ခြင်း သည်လည်း လောဘ
~ အဆင်း အနံ့ အရသာ အသံ အတွေ့အာရုံ
အားလုံးကို တောင့်တခြင်း ၊
ပစ္စည်းဥစ္စာ တောင့်တမှု ၊
သားသမီး၌ တောင့်တမှု ၊
အသက် ရှင်ခြင်း ၌ တောင့်တမှု ၊
ကျန်းမာခြင်း ၌ တောင့်တခြင်း
သဘောတွေ သည်လည်း လောဘ ၊
~ ငါ့ ဟာ ငါ့ ဥစ္စာ ဟု ပြောဆိုစေတတ်သည့်
တပ်မက်မှု သဘော ၊
အချိန် ရှိသရွေ့ ငါ့ ဟာ ငါ့ ဥစ္စာ ဟု
ပြောဆို စေတတ်သည့်
တပ်မက်ခြင်း သဘောသည်လည်း လောဘ ၊
~ အမြီး နံ့သော ခွေးလိုပင်
လာဘလွာဘ ၌
တပ်မက် တုန်လှုပ်သည့် သဘောသည်လည်း
လောဘ ၊
~ မသင့်လျော်သော အရာ၌ တပ်မက်ခြင်း =
အဓမ္မရာဂ သည်လည်း လောဘ ပင်ဖြစ်၏ ။
အဆမတန် လိုချင်အားကြီးမှု ၀ိသမလောဘ ၊
မျှော်လင့်ခြင်း ၊ တောင့်တခြင်း ၊
ချစ်ခင်ခြင်း သည်လည်း လောဘ ၊
~ ၀ဋ်ဆင်းရဲ တွင်
နစ်မြုပ်စေတတ်ခြင်း သဘော
(ဩဃ) သည်လည်း
တရားကိုယ် အားဖြင့် လောဘ ၊
~ ၀ဋ်ဆင်းရဲ တွင်
ယှဉ်စေ တွဲစေ တတ်သည့်
ယောဂ သည်လည်း လောဘ ၊
~ ၀ဋ်ဆင်းရဲ တွင်
ဆက်စပ် ထုံးဖွဲ့ခြင်း ဂန္ထ သည်လည်း လောဘ ၊
~ သတ္တ၀ါများ ကို ၀ဋ်ဆင်းရဲ တွင်
နှောင်ဖွဲ့ စေတတ်သည်လည်း လောဘ ၊
~ စိတ်ကို ကပ်ပြီး
ညစ်နွမ်း စေတတ်သော သဘောသည်လည်း
တရားကိုယ် အားဖြင့် လောဘ ၊
~ ဆင်းရဲခြင်း ၏
အခြေအမြစ် ဒုက္ခမူလ သည်လည်း လောဘ ၊
~ အကုသိုလ်တရား တို့၏
မူလ အခြေအမြစ် အကုသလမူလ သည်လည်း
လောဘ ၊
ပင်ဖြစ်သည် ။ ။
… … … … … … … … … … … … …
(၂) ဒေါသ ( ပြစ်မှားမှု ဖျက်ဆီးလိုမှု )
ဒေါသ ၏ သဘောသည်ကား
ဖျက်ဆီးလို မှု ပြစ်မှား မှု ပင် ဖြစ်၏ ။
ငါ့ရဲ့ အကျိုးမဲ့ ကို ပြုကျင့်ခဲ့ပြီ ဆိုပြီး
ရန်ငြိုး ဖွဲ့သည်လည်း ဒေါသပင် ဖြစ်သည် ။
အာဃာတ လည်း ဒေါသ ။
ရန်ငြိုး ဖွဲ့ ရာတွင်
- အတိတ်ကာလကလည်း
ငါ့ရဲ့ အကျိုးမဲ့ ကို ပြုခဲ့ ပြီ
- ခုလည်း ပြုနေဆဲ
- နောင်အခါလည်း ပြုဦးမှာဘဲ ဆို၍
အတိတ် အနာဂတ်
ကာလ သုံးပါး စလုံးတွင် ရန်ငြိုး ဖွဲ့တတ်သည် ။
ကိုယ့် အပေါ်တွင် ပြုကျင့်ခဲ့သည့်
အကျိုးမဲ့ ပြုမှု အပေါ်တွင်သာ
ရန်ငြိုး ဖွဲ့တတ်သည် မဟုတ်ပေ ။
ကိုယ့် မိတ်ဆွေ ကိုယ့်ရဲ့ ချစ်သူ အပေါ်တွင်
အကျိုးမဲ့ ပြုလျှင်လည်း
အတိတ် ပစ္စုပ္ပန် အနာဂတ်
ကာလသုံးပါး နှင့် စပ်လျဉ်းပြီး
ရန်ငြိုး ( အာဃာတ) ပြုတတ်သည် ။
ထို့နောက်
ကိုယ် မချစ်ခင်သူ မုန်းတီးသူ ၏ အကျိုးကို
ဆောင်ရွက်လျှင်လည်း
ထိုသို့ ဆောင်ရွက်သူအပေါ်
ရန်ငြိုး ဖွဲ့တတ်ပြန်၏ ။
ရန်ငြိုး ဖွဲ့ရာတွင်လည်း
အလွန်အမင်း ရန်ငြိုး ဖွဲ့တတ်ခြင်းလည်း ရှိသည် ။
"ပဋိဃာတ" ဟု ခေါ်သည် ။
"ပဋိဃ" ဆိုသည်မှာ
ထိပါးခြင်း မုန်းထားခြင်း ဖြစ်သည် ။
ဒေါသကြောင့်
အလွန်အမင်း ဆန့်ကျင်ခြင်းလည်း ရှိသည် ။
အမျက်ထွက်ခြင်း ၊ စိတ်ဆိုးခြင်း ဆိုသည်လည်း
ဒေါသပင် ဖြစ်သည် ။
ဒေါသ သည်
အလွန် ကြောက်စရာ ကောင်းလှသည် ။
ဒေါသ ဖြစ်လာလျှင်
ဖျက်ဆီး ချေမှုန်း ပစ်ချင်ကြသည် ။
အလွန်အမင်း ပြစ်မှားလိုခြင်း ဖြစ်၏ ။
ကိုယ် မုန်းတီးသူ၏
ပျက်စီးခြင်း ဆုံး ရှုံးခြင်း နစ်နာခြင်း
ဘ၀ပျက်ခြင်း ကို မြင်ရ ကြားရလျှင်
အားရ၀မ်းသာ ဖြစ်သည် ။
ဤသည်လည်း ဒေါသကြောင့် ဖြစ်သော
စိတ်၏ ပျက်စီးခြင်း သဘော
ဖောက်ပြန်ခြင်း သဘော ပင် ဖြစ်သည် ။
~ ဒေါသကြောင့်
စိတ်သည် ကြမ်းတမ်း ခက်ထန်လာသည် ။
~ ဒေါသကြောင့်
စကားပြောသည့် အခါတွင်လည်း
ကောင်းမွန်စွာ
ပြည့်ပြည့်စုံစုံ မပြောနိုင်တော့ပေ ။
~ ဒေါသ ဖြစ်ချိန်တွင်
မိမိ စိတ်သည်လည်း
ပင်ကိုယ် ပကတိစိတ် မဟုတ်တော့ပေ ။
ဘီလူး စိတ် သရဲ စိတ် လို ဖြစ်လာသည် ။
စိတ် ဖောက်ပြန်လာသည် ။
စိတ်ထဲတွင် မနှစ်မြို့ ခြင်း မလိုလားခြင်း သာ
ထင်ရှား ရှိနေသည် ပင်လျှင်
ဒေါသ ၏ သဘော ဖြစ်သည် ။ ။
… … … … … … … … … … … … … …
(၃) မောဟ (အမှန်ကိုမသိမှု တွေဝေမှု)
အမှန်သဘော ကို မသိခြင်း -
တွေဝေခြင်း - ကို မောဟ ဟု ခေါ်သည် ။
သစ္စာလေးပါး မြတ်တရား
(ဒုက္ခသစ္စာ ၊ ဒုက္ခဖြစ်ကြောင်း သမုဒယသစ္စာ ၊
ဒုက္ခချုပ်ကြောင်း နိရောဓသစ္စာ ၊
ဒုက္ခချုပ်အောင် လုပ်နည်း မဂ္ဂသစ္စာ ) ကို
မသိခြင်း ၊ မောဟ (အဝိဇ္ဇာ) ဖြစ်၏ ။
ထို့နောက်
သံသရာတွင် ရှေးက ဖြစ်ခဲ့ဖူးပြီးသော
ခန္ဓာအစဉ် ကိုလည်း မသိ
နောင် ဖြစ်လတ္တံ့သော ခန္ဓာအစဉ် ကိုလည်း
မသိပေ ။
" ပုဗ္ဗန္တ ပရန္တေအညာဏ " တည်း ။
သို့ဖြစ်၍
ဇာတိ ဆိုသည့် အကြောင်းကို စွဲ၍သာ
ဇရာ မရဏ အကျိုးများ ဖြစ်နေရခြင်း
ဆိုသည် လည်း မသိပေ ။
ပစ္စုပ္ပန်တွင် ရထားသည့် ခန္ဓာငါးပါး သည်လည်း
အနိစ္စ ဒုက္ခ အနတ္တ ဘဲဟု မသိချေ ။
ထို ခန္ဓာငါးပါး (ရုပ်နာမ်နှစ်ပါး) ကို
ငါဘဲ သူဘဲ ယောက်ျားဘဲ မိန်းမဘဲ ဟု
မှားယွင်းစွာ သိမြင်နေခြင်း သည်လည်း
မောဟဘဲ ဖြစ်၏ ။
အကောင်း အဆိုး ကို မဝေခွဲတတ် ၊
မပိုင်းခြားတတ်သည့် သဘောသည်လည်း
မောဟ ဘဲ ဖြစ်၏ ။
စိတ်၏ ဖြူစင် သန့်ရှင်းမှုကို မသိခြင်း သဘော ၊
လူမိုက် ဖြစ်ခြင်း အကြောင်းကို အပြား အားဖြင့်
မသိခြင်း သဘော ၊
ထက်ဝန်းကျင် တရား အားလုံးတွင် မသိခြင်း ၊
တွေဝေခြင်းကြောင့် ၀ဋ်ဆင်းရဲ တွင်
နစ်မျောရခြင်း သည်လည်း မောဟ ။
စိတ်တွင်
ကိလေသာတွေ ထကြွသောင်းကျန်းခြင်း ကိုလည်း
မသိခြင်း သဘော သည်လည်း မောဟ ။
ထို့ကြောင့် ဤ မောဟ သည်
တံခါးကျင်(မင်းတုပ်) လိုပင်
စီးပွား ချမ်းသာသို့ မရောက်အောင်
ပိတ်ပင် တားဆီး တတ်သည် ဟူ၏ ။
ထို့ကြောင့် မောဟသည်
အကုသိုလ် တရားတို့၏
မူလ အခြေခံပင် ဖြစ်၏ ။ ။
… … … … … … … … … … … … …
(၄) မာန
( ငါသာလျှင် မြတ်သည်ဟု ထင်မှတ်ပြီး
ထောင်လွှားမှု )
ထို မာန တရား သည်လည်း
တရားဆိုး တစ်မျိုးပင် ဖြစ်သည် ။
ပင်ကိုယ် သဘောကဖြင့်
ငါသာလျှင် မြတ်သည်
ငါသာလျှင် တတ်သည် ဟု
စိတ်ကြီးဝင်ပြီး ထောင်လွှားခြင်း -
မောက်မာခြင်း - သည် မာနပင် ဖြစ်သည် ။
- စိတ် ထောင်လွှားခြင်း
- ကိုယ့် ကိုယ် ကို အထင်ကြီးခြင်း
- အဆင့်အတန်း အားဖြင့် မြင့်မြတ်သည် ဟု
ထင်မှတ် ထားခြင်း သည်
မာနဖြစ်သည် ။
ဤနေရာတွင် ဘုရားမှ
ကိုယ့် ကို ကိုယ် အဆင့်အတန်း မြင့်သည် ၊
အဆင့်အတန်း တန်းတူ ဖြစ်သည် ၊
အဆင့်အတန်း နိမ့်သည် ဟု ထင်၍
ကိုယ့် ထမင်း ကိုယ် စားတာ
ဘယ်သူ့မှ ဂရုစိုက်စရာ မလိုဘူး ဟု
သဘောထားခြင်း -
ထောင်လွှားခြင်း - အားလုံးသည်
မာန ချည်းဘဲ ဖြစ်သည် ဟု ဟောသည် ။
ကိုယ့် ကို ကိုယ်
- စိတ်ကို မြှောက်ပင့်ထားတာ
- တံခွန် ထူထားတာ
- တံခွန် မှန်ကင်းလို ဘ၀င် မြင့်နေခြင်း များ
အားလုံးသည် မာန ချည်းပင် ဖြစ်သည် ။
စိတ် ဖောက်ပြန်ပုံ တစ်မျိုးပင် ဖြစ်သည် ။ ။
… … … … … … … … … … … …
(၅) ဒိဋ္ဌိ ( အမြင် အယူအဆ မှားမှု )
ဒိဋ္ဌိ ဆိုသည်မှာ အမြင်မှားခြင်းကို ဆိုလိုသည် ။
လူတွေ၏
လောက အမြင်မှားများ (မိစ္ဆာဒိဋ္ဌိ) တွေ
အလွန် များသည် ။
ဗုဒ္ဓ ပွင့်တော်မူစဉ် အခါက
အိန္ဒိယပြည်တွင် ဒိဋ္ဌိ (၆၂) မျိုး ရှိခဲ့သည် ဟု
ဗြဟ္မဇာလ သုတ် တွင် ဟောတော်မူခဲ့ပါသည် ။
( ဒိဋ္ဌိ ၆၂ မျိုးကို ဆက်လက် ရေးသားပါမည် ။ )
ဒီဃနိကာယ် သီလက္ခန် တွင်လည်းပါသည် ။
အမှန်မှာ
- လောက(ခန္ဓာငါးပါး ရုပ်နာမ်နှစ်ပါး) သည်
မွဲ၏ ။
- လောကသည် မမြဲပေ ။
- လောကသည် အဆုံး အပိုင်းအခြား ရှိသည် ။
- လောကသည် အဆုံး အပိုင်းအခြား မရှိပေ ။
- ခန္ဓာကိုယ်ထဲတွင် အသက်ဇီဝ ရှိသည် ။
- ခန္ဓာကိုယ် က တစ်ခြား
အသက်ဇီဝ က တစ်ခြား ဖြစ်သည် ။
- သတ္တဝါ သေပြီးလျှင် ဖြစ်သေးသည် ။
- သတ္တဝါ သေပြီးလျှင်
နောက်ထပ် မဖြစ်တော့ပေ ။
- သတ္တဝါ သေပြီးလျှင် ဖြစ်သည်လည်း မဟုတ်
မဖြစ်သည်လည်း မဟုတ် ။
- သတ္တဝါ သေပြီးနောက် ဖြစ်တာလည်းရှိ
မဖြစ်တာလည်း ရှိ
အစ ရှိသည့်
အမြင်မှား (၆၂) ပါးကို ဒိဋ္ဌိ ဟုခေါ်သည် ။
အမြင်မှန် ကို ပိတ်ပင်တားဆီးသည့်
တရားတွေပင် ဖြစ်သည် ။
အမြင်မှန် ကို မရောက်အောင်
ခက်ခဲစေသည့် တရားများ ဖြစ်သောကြောင့်
တောအုပ် လိုပင် ဖြစ်၏ ။
အမြင်မှားမှု သည်
ခရီးခဲ " ဒိဋ္ဌိကန္တာရ " ဟုလည်း ခေါ်သည် ။
အမြင်မှန် ကို
ဖောက်ထွင်း ဖျက်ဆီးတတ်သည့် သဘောသည်
အမြင်မှား ဒိဋ္ဌိ ပင် ဖြစ်သည် ။
ဖောက်ပြန်သည့် အမြင်
တုတ်နှောင်တတ်သည့် သဘော သည်လည်း
ဒိဋ္ဌိ ဘဲ ဖြစ်သည် ။
အာရုံကို များသောအားဖြင့်
သုံးသပ်တတ်သည် ၊
စွဲယူတတ်သည် ၊
အယူသီးတတ်သည် ။
ဒိဋ္ဌိသည် မှားသော ခရီးလမ်းကြောင်း ဖြစ်သည် ။
အကျိုးမဲ့ ဖြစ်စေသော သဘော -
ဖောက်ပြန်သည့် အမြင် - သည်
ဒိဋ္ဌိ ဖြစ်သည် ။ ။
… … … … … … … … … … … … … …
(၆) ဝိစိကိစ္ဆာ (ယုံမှား သံသယ ဖြစ်မှု)
ဘုရား အပေါ်တွင် ယုံမှားခြင်း -
သံသယ ဖြစ်ခြင်း - သည် ဝိစိကိစ္ဆာ ပင် ဖြစ်၏ ။
( ဗုဒ္ဓသည် ဧကန် အမှန်စင်စစ် ဖြစ်ရဲ့လား ဟု
မဆုံးဖြတ်နိုင်ဘဲ
စိတ် ပင်ပန်းစွာ သို့လော သို့လော ဖြစ် ခြင်း )
သို့ဖြစ်၍
- ဓမ္မ ဘုရားဟောတရားများ အပေါ်၌လည်း
သံသယ ဖြစ်ခြင်း ယုံမှားခြင်း သည် ဝိစိကိစ္ဆာ ။
- သံဃာ အပေါ်၌လည်း ယုံမှားခြင်း ဖြစ်၏ ။
အကျင့်သိက္ခာ ရှိမှ ရှိပါ့ မလား ဟု
သံသယ ဖြစ်၍
တွေးတောခြင်း သည်လည်း ၀ိစိကိစ္ဆာ ။
- ရှေး ဘ၀မှ ဖြစ်ခဲ့ပြီးသော
ခန္ဓာတွေ အပေါ်၌လည်း
ဟုတ်ပါ့မလား ဟု သံသယ ဖြစ်၏ ၊ ယုံမှား၏။
သေပြီးလျှင် နောင် ဘ၀ ၌
ခန္ဓာတွေ ဖြစ်ပါဦးမလား ဟု လည်း
ယုံမှား တွေးတော၏ ။
- ဇရာ မရဏ ဖြစ်ရခြင်းသည်
ဇာတိ ဆိုသည့်
ပဋိသန္ဓေ နေခဲ့ရခြင်း အကြောင်းကြောင့်
ဖြစ်ရသည် ဆိုခြင်းအား
ယုံမှား သံသယ ဖြစ်၍
ဟုတ်ပါ့ မလား ဟု တွေးတော၏ ။
သဘာဝ တရားကို မယုံသင်္ကာ ဖြစ်၍
တွေးတောပြန်လျှင်လည်း
မဆုံးဖြတ်နိုင်ခြင်းကြောင့် ပင်ပန်းခြင်း
ဖြစ်ရခြင်း သည် ဝိစိကိစ္ဆာ ပင် ဖြစ်၏ ။
ဝိစိကိစ္ဆာ ၏ သဘောမှာ
အမှန် နှင့် အမှားကို
ပိုင်းခြား၍ မဆုံးဖြတ်နိုင်ချေ ။
လမ်း နှစ်ခွ ဖြစ်နေသည့် အတွက်
စိတ် မတည်မငြိမ်ဖြစ်ရသည့် သဘောပင်ဖြစ်၏ ။
ယတိပြတ် ဧကန္တ အားဖြင့် မဆုံးဖြတ်နိုင်ပေ ။
သို့လော သို့လော ဖြစ်တတ်ခြင်းကြောင့်
အာရုံ မှ ဆုတ်နစ်တတ်သည့် သဘောသည်
ဝိစိကိစ္ဆာ ပင် ဖြစ်၏ ။
မည်သည့် ကိစ္စပင် ဖြစ်စေ
ယတိပြတ် ဆုံးဖြတ်ခြင်းငှာ မစွမ်းသည့် အတွက်
တဝဲလည်လည် ဖြစ်၍
ဉာဏ်ဖြင့် မသက်ဝင်နိုင်ပေ ။
စိတ် ရှုပ်ထွေး၍
အာရုံ ထွေပြားသွားသည့် သဘောသည်
ဝိစိကိစ္ဆာ ဘဲ ဟု မှတ်ရမည် ဖြစ်၏ ။ ။
… … … … … … … … … … … … …
(၇) ထိန ( စိတ်၏ ထိုင်းမှိုင်းမှု ကျေနပ်မှု )
ထိန ဆိုသည်ကား
စိတ်၏ မခံ့မှု မခိုင်မာမှု ထိုင်းမှိုင်းမှု ပင် ဖြစ်၏ ။
စိတ်၏ မခိုင်ခံ့မှု ဆိုသည်ကား
ကိစ္စ တစ်ခုကို
ပြီးမြောက်အောင် မလိုက်လျောနိုင်ခြင်း -
မဆောင်ရွက်နိုင်ခြင်း - ကို ဆိုလို၏ ။
မိမိ ၌ ရှိနေသော ဣရိယာပုတ်ကို
ခိုင်မြဲအောင် မဆောင်ရွက်နိုင်ခြင်း သည်
ပျင်းရိခြင်း ဖြစ်၏ ။
ထိနပင်ဖြစ်သည် ။
စိတ်၏ မခံ့မှု ဆိုသည်မှာ
တွန့်ဆုတ်တတ်သော သဘောကို ဆိုလို၏ ။
ထို့ကြောင့် ထိန ဆိုသည်
- စိတ်မကြံ့ခိုင်ခြင်း
- ထိုင်းမှိုင်းခြင်း
- ပျင်းရိခြင်း
- စိတ်ဝင်စားမှု လျော့ကျသွားခြင်း
- မေ့လျော့ ပေါ့ဆပြီး စိတ် ကျဲပြန့်သွားခြင်း
ကို ဆို၏ ။ ။
… … … … … … … … … … … … …
(၈) ဥဒ္ဓစ္စ ( စိတ်၏ ပျံ့ လွင့်မှု )
ဥဒ္ဓစ္စ ၏ အနက် အဓိပ္ပာယ်မှာ
စိတ် ပျံ့ လွင့်ခြင်း ဖြစ်၏ ။
စိတ် ပျံ့ လွင့် ခြင်း ဟူသည်
စိတ်တုန်လှုပ်ခြင်း
စိတ်မငြိမ်သက်ခြင်း ပင်ဖြစ်၏ ။
စိတ်သည်
ရှုပွားခြင်း အာရုံ တစ်ခုခုပေါ်တွင်
တည်ငြိမ်မနေဘဲ
အထွေထွေ အပြားပြား အာရုံတွေနောက်ကို ပါပြီး
လေလွင့်သွားခြင်း မျောပါသွားခြင်း သည်
ဥဒ္ဓစ္စ ပင်ဖြစ်၏ ။
အမျိုးမျိုးသော အာရုံတွေနောက်ကို
စိတ်က လိုက်ပါသွားခြင်း -
သစ်ရွက်ခြောက် လေမှာလွင့်သလို
လွင့်သွားခြင်း - တွေသည်
- စိတ် မတည်ငြိမ်သောကြောင့် လည်းကောင်း
- မခိုင်မြဲခြင်းကြောင့် လည်းကောင်း ဖြစ်၏ ။
စိတ် လှုပ်ရှားသည့်
အမူအရာ တစ်မျိုးပင်ဖြစ်၏ ။ ။
… … … … … … … … … … … … …
(၉) အဟိရီက
( မကောင်းမှု ပြုရသည်ကို
မရှက်တတ်သည့် သဘော )
အဟိရီက
ကာယဒုစရိုက် မကောင်းမှု ပြုရခြင်း ကို
အရှက်မရှိခြင်း မရှက်တတ်ခြင်း ပင် ဖြစ်၏ ။
ဤသဘောမှာ နေ့စဉ် ဘ၀ထဲတွင် ထင်ရှား၏ ။
ယုတ်ယုတ်မာမာ အကုသိုလ် တရားများအား
လွန်ကျူးရခြင်း ကို မရှက်တတ်ခြင်း သည်
အဟိရီက ပင်ဖြစ်၏ ။
ရှက်ရကောင်းမှန်း မသိချေ ။
မိမိ ပြုနေခြင်း ပြောနေခြင်း များသည်
ရှက်စရာ ကောင်းနေပြီ ဟု မသိဘဲ
ဒုစရိုက်မှု လွန်ကျူးမှု များ ပြုနေကြခြင်းသည်
အဟိရီက ပင်ဖြစ်၏ ။ ။
… … … … … … … … … … … … …
(၁၀) အနောတ္တပ္ပ
( ကာယဒုစရိုက် မကောင်းမှု
ကျူးလွန်ရသည်ကို မကြောက်မှု )
ဒုစရိုက် မကောင်းမှု ပြုရသည်ကို
မကြောက်မရွံ့ ဘဲ ပြုရဲခြင်းသည်
အနောတ္တပ္ပ ပင် ဖြစ်၏ ။
လူအများကို အစုလိုက် အပြုံလိုက်
လက်ရဲ ဇက်ရဲ သတ်ဖြတ်နေကြ၏ ။
ထိုသူတို့သည်
လူတွေကို သတ်ဖြတ် ညှဉ်းဆဲရသည် ကို
ဝန် မလေးချေ ။
သူတစ်ပါး အိမ်ရာကို မီးရှို့ ဖျက်ဆီးခြင်း -
သူတစပွါး သားမယားအား
ကျူးကျော်စော်ကားခြင်း - တို့အား
ကျူးလွန်ရမှာ ၀န်မလေးချေ ။
အကုသိုလ် ကိုလည်း ကျူးလွန်ရမှာ
မကြောက်တတ်ပေ ။
၎င်းတို့သည် အနောတ္တပ္ပ သဘောပင်ဖြစ်၏ ။
* အဓမ္မ ပြုခြင်း၌
လက်ရဲ ဇက်ရဲ ရှိကြခြင်း တွေသည်
ထို အရှက်အကြောက် ကင်းမဲ့မှုကြောင့်
လူ့ဘ၀
မငြိမ်းမချမ်း ဖြစ်နေကြရခြင်းပင် ဖြစ်၏ ။ ။
… … … … … … … … … … … … …
ဤတွင်
ကိလေသာ (၁၀)မျိုး သဘော ပြီး၏ ။ ။ ။
ဦးဆန်းလွင် (ရှင်အာဒိစ္စရံသီ) ၏
( ဗုဒ္ဓဘာသာ အခြေခံ အယူအဆများ မှ )

