.

            *** ကိလေသာ (၁၀) မျိုး ***

 *  "ကိလေသ" ကား 
     စိတ်အစဉ်တွင် ကပ်၍ပါနေသည့် 
 စိတ်ကို ညစ်ညူးစေသည့် တရား ဖြစ်သည် ။ 
 "ကိလေသ" ကို မြန်မာပြန်လျှင် 
 "(သတ္တဝါတို့ကို) ပူပန်စေတတ် -
   နှိပ်စက်တတ် - သော တရား" ဟု ပြန်၏ ။ 

 ကိလေသာ ဆယ်ပါး ဆိုသည်မှာ -
 (၁) လောဘ  ( လိုချင်တက်မက်မှု )
 (၂) ဒေါသ  ( ပြစ်မှားမှု ဖျက်ဆီးလိုမှု )
 (၃) မောဟ  ( အမှန်ကို မသိမှု တွေဝေမှု )
 (၄) မာန 
       ( ငါသာလျှင် မြတ်သည်ဟု ထင်မှတ်ပြီး 
         ထောင်လွှားမှု )
 (၅) ဒိဋ္ဌိ  ( အမြင် အယူအဆ မှားမှု )
 (၆) ဝိစိကိစ္ဆာ  ( ယုံမှား သံသယဖြစ်မှု )
 (၇) ထိန  ( စိတ်၏ ထိုင်းမှိုင်းမှု ကျေနပ်မှု )
 (၈) ဥဒ္ဓစ္စ  ( စိတ်၏ ပျံ့ လွင့်မှု )
 (၉) အဟိရီက
       ( မကောင်းမှု ပြုခြင်းကို  
          မရှက်တတ်သည့် သဘော )
 (၁၀) အနောတ္တပ္ပ
        (ကာယဒုစရိုက် 
         မကောင်းမှု ကျူးလွန်ခြင်းကို    
          မကြောက်မှု)
 တို့  ဖြစ်သည် ။

       ၁ ။ လောဘ  ( လိုချင်တက်မက်မှု )

လောဘသည် လူကို
အစဉ်သဖြင့် ပူလောင်စေ၏ -  
အစဉ်သဖြင့် နှိပ်စက်၏ -
အစဉ်သဖြင့် နစ်မွန်းအောင်လုပ်တတ်၏ -
ဆိုသည်ကို 
သဗ္ဗညုတ ဉာဏ်တော်ကြီးဖြင့် ထိုးထွင်းပြီးမှ
ဗုဒ္ဓမြတ်စွာဘုရား ဟောကြားထားခြင်းဖြစ်သည် ။

လောဘ၏ အရင်းခံ သဘောမှာ  
တက်မက်ခြင်းပင် ဖြစ်၏ ။ 
ဤ လောဘကို အကြောင်းခံပြီး ဖြစ်လာသည့် 
ပူလောင်စေသော တရားတွေသည် 
ပုထုဇဉ်ကို မနေသာ မထိုင်သာအောင်
နှိပ်စက်သည့် တရားတွေက သိပ်များ၏ ။ 
လောဘကြောင့် -
- စွဲလမ်းခြင်းသဘော ( ရာဂ ) ဖြစ်လာ၏ ။
- အပြင်းအထန် စွဲလမ်းခြင်း ( သာရာဂ ) 
   ဖြစ်လာသည့်အခါ 
   လူ့စိတ်သည် 
   အိပ်မရ ၊ စားမ၀င် ရင်ပူနာ ကပ်လာ၏ ။ 
 
လောဘကြောင့် သတ္တဝါတို့၏ စိတ်သည် 
မြင်ရာ ကြားရာ နံရာ စားရာ 
အာရုံ အမျိုးမျိုး၏ ဆွဲဆောင်ခြင်းကို ခံရ၏ ။ 
အာရုံ ဆွဲဆောင်လာသည့်အခါ 
မဆန့်ကျင်နိုင် တော့ပေ ။ 
ရုန်း မထွက်နိုင်ဘဲ လိုက်ပါသွား၏ ။
 
အာရုံ မြင်လျှင် လိုချင်၏ ။ 
ထို လိုလားသည့် သဘောသည် 
လောဘ၏ သဘောပင် ဖြစ်သည် ။
အဘယ်ကြောင့် လိုချင်သနည်း ဆိုလျှင် 
နှစ်သက်ခြင်း ဆိုသည့် 
နန္ဒီ သဘောကြောင့်ပင် ဖြစ်၏ ။ 
၎င်းသည်လည်း 
လောဘ၏ အခြင်းအရာပင် ဖြစ်၏ ။ 
မြင်ရာ  ကြားရာ  နှစ်သက် ရုံတင်မက 
နှစ်သက်သည်ကို မေ့ပျောက် ပစ်လို့ပင် မရချေ ။ 
စွဲလမ်းသွား၏ ။ ၎င်းကို (နန္ဒီရာဂ) ဟုခေါ်၏ ။

ရူးသွပ်ခြင်း ဆိုသည်များမှာ 
ထို ( စိတ္တႆသရတာ) ဆိုသည့် 
စိတ်၏ ပြင်းစွာ စွဲလမ်းမှုကြောင့် ဖြစ်၏ ။

လောဘသည် အာရုံမှန်သမျှ ကို လိုလား၏ ။ 
လိုချင်အား ကြီးလွန်းသောကြောင့်
မိန်းမောမှုတောင် ဖြစ်၏ ။ 
မရလျှင် ကိုယ့် ကိုယ် ကိုတောင် 
သတ် သေပစ် ဖို့ ၀န်မလေးချေ ။ 
ဆင်ခြင်ဉာဏ်ဖြင့် သတိသပ္ပဇဉ်
လုံးဝ ကင်းစင်သွားအောင်တောင် လုပ်တတ်၏ ။  
"ဓမ္မသင်္ဂဏီ" ဟု ခေါ်သည့်
အဘိဓမ္မာကျမ်းတွင် 
ဟောထားသည့် တရားတွေသည် 
အလွန်ပင် နက်နဲ၏ ။
လောဘသည် အာရုံ မရှိလျှင် မနေနိုင်ပေ ။ 
အာရုံ မှန်သမျှကို 
ရအောင်အားထုတ် တတ်သည့် သဘောရှိ၏ ။
ဖြစ်ရာ ဘ၀တိုင်းတွင်လည်း လောဘသည် 
မိမိ၏ ချစ်ခင်နှစ်သက်သော အဖော် ဖြစ်နေ၏ ။

 သတ္တဝါများအား ဘ၀သို့ ဆွဲဆောင်တတ်သည့်   
ဘ၀ ကြိုး နှင့်လည်း တူ၏ ။ 
သို့ဖြစ်၍ 
- လောဘကြောင့် ချမ်းသာကို မရနိုင် 
- အကျိုးမဲ့ ဆင်းရဲကိုသာ ရစေတတ်၏ ။ 
- ဆင်းရဲခြင်း ကို 
    အလွန်အမင်း ဖြစ်စေသည်လည်း
    လောဘပင် ဖြစ်၏ ။

~ ချစ်ကြိုက် ပေါင်းဖော် 
   ရောနှော ခြင်းသည်လည်း 
   လောဘ 
~ ချစ်ကြိုက်သောကြောင့် 
    ငဲ့ကွက် တွယ်တာခြင်း သည်လည်း လောဘ 
~ နှောင်ဖွဲ့တတ်ခြင်း သည်လည်း လောဘ 
~ တောင့်တခြင်း  တမ်းတခြင်း  
   လွမ်းဆွတ်ခြင်း သည်လည်း လောဘ 
~ အဆင်း  အနံ့  အရသာ  အသံ အတွေ့အာရုံ 
   အားလုံးကို တောင့်တခြင်း ၊ 
   ပစ္စည်းဥစ္စာ တောင့်တမှု ၊ 
   သားသမီး၌ တောင့်တမှု ၊ 
   အသက် ရှင်ခြင်း ၌ တောင့်တမှု ၊ 
   ကျန်းမာခြင်း ၌ တောင့်တခြင်း 
   သဘောတွေ သည်လည်း လောဘ ၊
~ ငါ့ ဟာ  ငါ့ ဥစ္စာ ဟု ပြောဆိုစေတတ်သည့် 
    တပ်မက်မှု သဘော ၊ 
    အချိန် ရှိသရွေ့  ငါ့ ဟာ   ငါ့ ဥစ္စာ ဟု 
    ပြောဆို စေတတ်သည့် 
    တပ်မက်ခြင်း သဘောသည်လည်း လောဘ ၊
~ အမြီး နံ့သော ခွေးလိုပင် 
    လာဘလြာဘ ၌   
    တပ်မက် တုန်လှုပ်သည့် သဘောသည်လည်း 
    လောဘ ၊
~ မသင့်လျော်သော အရာ၌ တပ်မက်ခြင်း =
   အဓမ္မရာဂ သည်လည်း လောဘ ပင်ဖြစ်၏ ။    
   အဆမတန် လိုချင်အားကြီးမှု ဝိသမလောဘ ၊ 
   မျှော်လင့်ခြင်း ၊ တောင့်တခြင်း ၊ 
   ချစ်ခင်ခြင်း သည်လည်း လောဘ ၊
~ ၀ဋ်ဆင်းရဲ တွင် 
    နစ်မြုပ်စေတတ်ခြင်း သဘော 
    (ဩဃ) သည်လည်း 
    တရားကိုယ် အားဖြင့် လောဘ ၊
~ ၀ဋ်ဆင်းရဲ တွင် 
    ယှဉ်စေ တွဲစေ တတ်သည့် 
    ယောဂ သည်လည်း လောဘ ၊
~ ၀ဋ်ဆင်းရဲ တွင် 
    ဆက်စပ် ထုံးဖွဲ့ခြင်း ဂန္ထ သည်လည်း လောဘ ၊
~ သတ္တဝါများ ကို  ၀ဋ်ဆင်းရဲ တွင် 
     နှောင်ဖွဲ့ စေတတ်သည်လည်း လောဘ ၊
 ~ စိတ်ကို ကပ်ပြီး 
     ညစ်နွမ်း စေတတ်သော သဘောသည်လည်း 
     တရားကိုယ် အားဖြင့်  လောဘ ၊
 ~ ဆင်းရဲခြင်း ၏ 
     အခြေအမြစ် ဒုက္ခမူလ သည်လည်း လောဘ ၊
 ~ အကုသိုလ်တရား တို့၏ 
    မူလ အခြေအမြစ် အကုသလမူလ သည်လည်း 
    လောဘ ၊
 ပင်ဖြစ်သည် ။ ။
       … … … … … … … … … … … … …

      (၂) ဒေါသ  ( ပြစ်မှားမှု ဖျက်ဆီးလိုမှု )

ဒေါသ ၏ သဘောသည်ကား 
ဖျက်ဆီးလို မှု   ပြစ်မှား မှု ပင် ဖြစ်၏ ။ 
ငါ့ရဲ့  အကျိုးမဲ့ ကို ပြုကျင့်ခဲ့ပြီ ဆိုပြီး 
ရန်ငြိုး ဖွဲ့သည်လည်း ဒေါသပင် ဖြစ်သည် ။ 
အာဃာတ လည်း ဒေါသ ။ 
 
ရန်ငြိုး ဖွဲ့ ရာတွင် 
- အတိတ်ကာလကလည်း 
    ငါ့ရဲ့  အကျိုးမဲ့ ကို ပြုခဲ့ ပြီ 
- ခုလည်း ပြုနေဆဲ  
- နောင်အခါလည်း ပြုဦးမှာဘဲ   ဆို၍ 
   အတိတ်  အနာဂတ် 
ကာလ သုံးပါး စလုံးတွင် ရန်ငြိုး ဖွဲ့တတ်သည် ။ 
 
ကိုယ့် အပေါ်တွင် ပြုကျင့်ခဲ့သည့် 
အကျိုးမဲ့ ပြုမှု အပေါ်တွင်သာ
ရန်ငြိုး ဖွဲ့တတ်သည် မဟုတ်ပေ ။
ကိုယ့် မိတ်ဆွေ   ကိုယ့်ရဲ့ ချစ်သူ  အပေါ်တွင် 
အကျိုးမဲ့ ပြုလျှင်လည်း 
အတိတ်  ပစ္စုပ္ပန်  အနာဂတ်
ကာလသုံးပါး နှင့် စပ်လျဉ်းပြီး 
ရန်ငြိုး ( အာဃာတ) ပြုတတ်သည် ။ 
 
ထို့နောက် 
ကိုယ် မချစ်ခင်သူ  မုန်းတီးသူ ၏ အကျိုးကို 
ဆောင်ရွက်လျှင်လည်း 
ထိုသို့ ဆောင်ရွက်သူအပေါ်
ရန်ငြိုး ဖွဲ့တတ်ပြန်၏ ။

ရန်ငြိုး ဖွဲ့ရာတွင်လည်း 
အလွန်အမင်း ရန်ငြိုး ဖွဲ့တတ်ခြင်းလည်း ရှိသည် ။  
"ပဋိဃာတ" ဟု ခေါ်သည် ။ 
"ပဋိဃ" ဆိုသည်မှာ 
ထိပါးခြင်း  မုန်းထားခြင်း ဖြစ်သည် ။ 
 
ဒေါသကြောင့် 
အလွန်အမင်း ဆန့်ကျင်ခြင်းလည်း ရှိသည် ။ 
အမျက်ထွက်ခြင်း ၊ စိတ်ဆိုးခြင်း ဆိုသည်လည်း 
ဒေါသပင် ဖြစ်သည် ။

ဒေါသ သည် 
အလွန် ကြောက်စရာ ကောင်းလှသည် ။ 
ဒေါသ ဖြစ်လာလျှင် 
ဖျက်ဆီး ချေမှုန်း ပစ်ချင်ကြသည် ။ 
အလွန်အမင်း ပြစ်မှားလိုခြင်း ဖြစ်၏ ။ 
ကိုယ် မုန်းတီးသူ၏ 
ပျက်စီးခြင်း  ဆုံး ရှုံးခြင်း  နစ်နာခြင်း  
ဘ၀ပျက်ခြင်း ကို မြင်ရ ကြားရလျှင် 
အားရ၀မ်းသာ ဖြစ်သည် ။ 
ဤသည်လည်း ဒေါသကြောင့် ဖြစ်သော  
စိတ်၏ ပျက်စီးခြင်း သဘော 
ဖောက်ပြန်ခြင်း သဘော ပင် ဖြစ်သည် ။

~ ဒေါသကြောင့် 
    စိတ်သည် ကြမ်းတမ်း ခက်ထန်လာသည် ။
~ ဒေါသကြောင့်
    စကားပြောသည့် အခါတွင်လည်း 
    ကောင်းမွန်စွာ 
    ပြည့်ပြည့်စုံစုံ မပြောနိုင်တော့ပေ ။
~ ဒေါသ ဖြစ်ချိန်တွင် 
    မိမိ စိတ်သည်လည်း 
    ပင်ကိုယ် ပကတိစိတ် မဟုတ်တော့ပေ ။    
    ဘီလူး စိတ်  သရဲ စိတ် လို ဖြစ်လာသည် ။ 
    စိတ် ဖောက်ပြန်လာသည် ။ 
    စိတ်ထဲတွင် မနှစ်မြို့ ခြင်း  မလိုလားခြင်း သာ   
    ထင်ရှား ရှိနေသည် ပင်လျှင် 
    ဒေါသ ၏ သဘော ဖြစ်သည် ။ ။
    … … … … … … … … … … … … … …

       (၃) မောဟ  (အမှန်ကိုမသိမှု တွေဝေမှု)

အမှန်သဘော ကို မသိခြင်း - 
တွေဝေခြင်း - ကို   မောဟ ဟု ခေါ်သည် ။ 
သစ္စာလေးပါး မြတ်တရား 
(ဒုက္ခသစ္စာ ၊ ဒုက္ခဖြစ်ကြောင်း သမုဒယသစ္စာ ၊
 ဒုက္ခချုပ်ကြောင်း နိရောဓသစ္စာ ၊
 ဒုက္ခချုပ်အောင် လုပ်နည်း မဂ္ဂသစ္စာ )  ကို 
မသိခြင်း ၊ မောဟ (အဝိဇ္ဇာ) ဖြစ်၏ ။ 

ထို့နောက် 
သံသရာတွင် ရှေးက ဖြစ်ခဲ့ဖူးပြီးသော 
ခန္ဓာအစဉ် ကိုလည်း မသိ 
နောင် ဖြစ်လတ္တံ့သော ခန္ဓာအစဉ် ကိုလည်း 
မသိပေ ။  
" ပုဗ္ဗန္တ ပရန္တေအညာဏ " တည်း ။ 

သို့ဖြစ်၍ 
ဇာတိ ဆိုသည့် အကြောင်းကို စွဲ၍သာ 
ဇရာ  မရဏ အကျိုးများ ဖြစ်နေရခြင်း 
ဆိုသည် လည်း မသိပေ ။ 
ပစ္စုပ္ပန်တွင် ရထားသည့် ခန္ဓာငါးပါး သည်လည်း 
အနိစ္စ  ဒုက္ခ  အနတ္တ ဘဲဟု မသိချေ ။ 
ထို ခန္ဓာငါးပါး (ရုပ်နာမ်နှစ်ပါး)  ကို 
ငါဘဲ သူဘဲ   ယောက်ျားဘဲ မိန်းမဘဲ ဟု 
မှားယွင်းစွာ သိမြင်နေခြင်း သည်လည်း 
မောဟဘဲ ဖြစ်၏ ။ 

အကောင်း အဆိုး ကို မဝေခွဲတတ် ၊ 
မပိုင်းခြားတတ်သည့် သဘောသည်လည်း 
မောဟ ဘဲ ဖြစ်၏ ။ 
စိတ်၏ ဖြူစင် သန့်ရှင်းမှုကို မသိခြင်း သဘော ၊  
လူမိုက် ဖြစ်ခြင်း အကြောင်းကို အပြား အားဖြင့် 
မသိခြင်း သဘော ၊
ထက်ဝန်းကျင် တရား အားလုံးတွင် မသိခြင်း ၊ 
တွေဝေခြင်းကြောင့် ၀ဋ်ဆင်းရဲ တွင် 
နစ်မျောရခြင်း သည်လည်း မောဟ ။ 
စိတ်တွင်
ကိလေသာတွေ ထကြွသောင်းကျန်းခြင်း ကိုလည်း 
မသိခြင်း သဘော သည်လည်း မောဟ ။ 

ထို့ကြောင့် ဤ မောဟ သည် 
တံခါးကျင်(မင်းတုပ်) လိုပင် 
စီးပွား ချမ်းသာသို့ မရောက်အောင် 
ပိတ်ပင် တားဆီး တတ်သည် ဟူ၏ ။ 
ထို့ကြောင့်  မောဟသည် 
အကုသိုလ် တရားတို့၏ 
မူလ အခြေခံပင် ဖြစ်၏ ။ ။
   … … … … … … … … … … … … …

         (၄) မာန
       ( ငါသာလျှင် မြတ်သည်ဟု ထင်မှတ်ပြီး 
          ထောင်လွှားမှု )

ထို မာန တရား သည်လည်း 
တရားဆိုး တစ်မျိုးပင် ဖြစ်သည် ။ 
ပင်ကိုယ် သဘောကဖြင့်
ငါသာလျှင် မြတ်သည်   
ငါသာလျှင် တတ်သည် ဟု 
စိတ်ကြီးဝင်ပြီး ထောင်လွှားခြင်း -
မောက်မာခြင်း - သည် မာနပင် ဖြစ်သည် ။
            
- စိတ် ထောင်လွှားခြင်း  
- ကိုယ့် ကိုယ် ကို အထင်ကြီးခြင်း 
- အဆင့်အတန်း အားဖြင့် မြင့်မြတ်သည် ဟု 
   ထင်မှတ် ထားခြင်း   သည် 
မာနဖြစ်သည် ။  
 
ဤနေရာတွင် ဘုရားမှ 
ကိုယ့် ကို ကိုယ်  အဆင့်အတန်း မြင့်သည် ၊ 
အဆင့်အတန်း တန်းတူ ဖြစ်သည် ၊ 
အဆင့်အတန်း နိမ့်သည် ဟု ထင်၍ 
ကိုယ့် ထမင်း ကိုယ် စားတာ 
ဘယ်သူ့မှ ဂရုစိုက်စရာ မလိုဘူး ဟု 
သဘောထားခြင်း - 
ထောင်လွှားခြင်း - အားလုံးသည်
မာန ချည်းဘဲ ဖြစ်သည် ဟု ဟောသည် ။ 

ကိုယ့် ကို ကိုယ် 
- စိတ်ကို မြှောက်ပင့်ထားတာ  
- တံခွန် ထူထားတာ  
- တံခွန် မှန်ကင်းလို ဘ၀င် မြင့်နေခြင်း များ 
အားလုံးသည် မာန ချည်းပင် ဖြစ်သည် ။ 
စိတ် ဖောက်ပြန်ပုံ တစ်မျိုးပင် ဖြစ်သည် ။ ။
     … … … … … … … … … … … …

     (၅) ဒိဋ္ဌိ  ( အမြင် အယူအဆ မှားမှု )

ဒိဋ္ဌိ ဆိုသည်မှာ အမြင်မှားခြင်းကို ဆိုလိုသည် ။ 
လူတွေ၏ 
လောက အမြင်မှားများ (မိစ္ဆာဒိဋ္ဌိ) တွေ 
အလွန် များသည် ။ 

ဗုဒ္ဓ ပွင့်တော်မူစဉ် အခါက
အိန္ဒိယပြည်တွင် ဒိဋ္ဌိ (၆၂) မျိုး ရှိခဲ့သည် ဟု 
ဗြဟ္မဇာလ သုတ် တွင် ဟောတော်မူခဲ့ပါသည် ။
( ဒိဋ္ဌိ ၆၂ မျိုးကို ဆက်လက် ရေးသားပါမည် ။ ) 
ဒီဃနိကာယ်  သီလက္ခန် တွင်လည်းပါသည် ။

အမှန်မှာ 

- လောက(ခန္ဓာငါးပါး ရုပ်နာမ်နှစ်ပါး) သည် 
    မွဲ၏ ။
- လောကသည် မမြဲပေ ။
- လောကသည် အဆုံး အပိုင်းအခြား ရှိသည် ။
- လောကသည် အဆုံး အပိုင်းအခြား မရှိပေ ။
- ခန္ဓာကိုယ်ထဲတွင် အသက်ဇီဝ ရှိသည် ။
- ခန္ဓာကိုယ် က တစ်ခြား  
    အသက်ဇီဝ က တစ်ခြား ဖြစ်သည်  ။
- သတ္တဝါ သေပြီးလျှင် ဖြစ်သေးသည် ။
- သတ္တဝါ သေပြီးလျှင် 
    နောက်ထပ် မဖြစ်တော့ပေ ။
- သတ္တဝါ သေပြီးလျှင် ဖြစ်သည်လည်း မဟုတ် 
    မဖြစ်သည်လည်း မဟုတ် ။
- သတ္တဝါ သေပြီးနောက် ဖြစ်တာလည်းရှိ 
    မဖြစ်တာလည်း ရှိ
အစ ရှိသည့်
အမြင်မှား (၆၂) ပါးကို ဒိဋ္ဌိ ဟုခေါ်သည် ။ 

အမြင်မှန် ကို ပိတ်ပင်တားဆီးသည့်
တရားတွေပင် ဖြစ်သည် ။
အမြင်မှန် ကို မရောက်အောင် 
ခက်ခဲစေသည့် တရားများ ဖြစ်သောကြောင့် 
တောအုပ် လိုပင် ဖြစ်၏ ။ 

အမြင်မှားမှု သည်  
ခရီးခဲ " ဒိဋ္ဌိကန္တာရ " ဟုလည်း ခေါ်သည် ။ 
အမြင်မှန် ကို 
ဖောက်ထွင်း ဖျက်ဆီးတတ်သည့် သဘောသည်
အမြင်မှား ဒိဋ္ဌိ ပင် ဖြစ်သည် ။ 

ဖောက်ပြန်သည့် အမြင်  
တုတ်နှောင်တတ်သည့် သဘော သည်လည်း 

ဒိဋ္ဌိ ဘဲ ဖြစ်သည် ။ 
 
အာရုံကို များသောအားဖြင့် 
သုံးသပ်တတ်သည် ၊
စွဲယူတတ်သည် ၊ 
အယူသီးတတ်သည် ။  
 
ဒိဋ္ဌိသည် မှားသော ခရီးလမ်းကြောင်း ဖြစ်သည် ။  
အကျိုးမဲ့ ဖြစ်စေသော သဘော - 
ဖောက်ပြန်သည့် အမြင် - သည်  
ဒိဋ္ဌိ ဖြစ်သည် ။ ။
   … … … … … … … … … … … … … …

     (၆) ဝိစိကိစ္ဆာ  (ယုံမှား သံသယ ဖြစ်မှု)

ဘုရား အပေါ်တွင် ယုံမှားခြင်း -
သံသယ ဖြစ်ခြင်း - သည် ဝိစိကိစ္ဆာ ပင် ဖြစ်၏ ။
( ဗုဒ္ဓသည် ဧကန် အမှန်စင်စစ် ဖြစ်ရဲ့လား ဟု 
   မဆုံးဖြတ်နိုင်ဘဲ 
   စိတ် ပင်ပန်းစွာ သို့လော သို့လော ဖြစ် ခြင်း )  
 
သို့ဖြစ်၍ 
- ဓမ္မ ဘုရားဟောတရားများ အပေါ်၌လည်း 
   သံသယ ဖြစ်ခြင်း ယုံမှားခြင်း သည် ဝိစိကိစ္ဆာ ။ 
- သံဃာ အပေါ်၌လည်း ယုံမှားခြင်း ဖြစ်၏ ။ 
   အကျင့်သိက္ခာ ရှိမှ ရှိပါ့ မလား ဟု 
   သံသယ ဖြစ်၍
   တွေးတောခြင်း သည်လည်း ဝိစိကိစ္ဆာ ။ 
- ရှေး ဘ၀မှ ဖြစ်ခဲ့ပြီးသော 
   ခန္ဓာတွေ အပေါ်၌လည်း 
   ဟုတ်ပါ့မလား ဟု သံသယ ဖြစ်၏ ၊ ယုံမှား၏။ 
   သေပြီးလျှင် နောင် ဘ၀ ၌
   ခန္ဓာတွေ ဖြစ်ပါဦးမလား ဟု လည်း 
   ယုံမှား တွေးတော၏ ။ 
- ဇရာ မရဏ ဖြစ်ရခြင်းသည်
   ဇာတိ ဆိုသည့် 
   ပဋိသန္ဓေ နေခဲ့ရခြင်း အကြောင်းကြောင့်
   ဖြစ်ရသည် ဆိုခြင်းအား
   ယုံမှား သံသယ ဖြစ်၍ 
   ဟုတ်ပါ့ မလား ဟု တွေးတော၏ ။   
   သဘာဝ တရားကို မယုံသင်္ကာ ဖြစ်၍
   တွေးတောပြန်လျှင်လည်း 
   မဆုံးဖြတ်နိုင်ခြင်းကြောင့် ပင်ပန်းခြင်း 
   ဖြစ်ရခြင်း သည် ဝိစိကိစ္ဆာ ပင် ဖြစ်၏ ။
 
ဝိစိကိစ္ဆာ ၏ သဘောမှာ 
အမှန် နှင့် အမှားကို 
ပိုင်းခြား၍ မဆုံးဖြတ်နိုင်ချေ ။  
လမ်း နှစ်ခွ ဖြစ်နေသည့် အတွက် 
စိတ် မတည်မငြိမ်ဖြစ်ရသည့် သဘောပင်ဖြစ်၏ ။ 
ယတိပြတ် ဧကန္တ  အားဖြင့်  မဆုံးဖြတ်နိုင်ပေ ။ 
သို့လော သို့လော ဖြစ်တတ်ခြင်းကြောင့်
အာရုံ မှ ဆုတ်နစ်တတ်သည့် သဘောသည်
ဝိစိကိစ္ဆာ ပင် ဖြစ်၏ ။ 
မည်သည့် ကိစ္စပင် ဖြစ်စေ 
ယတိပြတ် ဆုံးဖြတ်ခြင်းငှာ မစွမ်းသည့် အတွက်
တဝဲလည်လည် ဖြစ်၍ 
ဉာဏ်ဖြင့် မသက်ဝင်နိုင်ပေ ။ 
စိတ် ရှုပ်ထွေး၍ 
အာရုံ ထွေပြားသွားသည့် သဘောသည်
ဝိစိကိစ္ဆာ ဘဲ ဟု မှတ်ရမည် ဖြစ်၏ ။ ။
    … … … … … … … … … … … … …

   (၇) ထိန  ( စိတ်၏ ထိုင်းမှိုင်းမှု ကျေနပ်မှု )

ထိန ဆိုသည်ကား 
စိတ်၏ မခံ့မှု မခိုင်မာမှု ထိုင်းမှိုင်းမှု ပင် ဖြစ်၏ ။
 
စိတ်၏ မခိုင်ခံ့မှု ဆိုသည်ကား 
ကိစ္စ တစ်ခုကို 
ပြီးမြောက်အောင် မလိုက်လျောနိုင်ခြင်း -
မဆောင်ရွက်နိုင်ခြင်း - ကို ဆိုလို၏ ။ 
 
မိမိ ၌  ရှိနေသော ဣရိယာပုတ်ကို 
ခိုင်မြဲအောင် မဆောင်ရွက်နိုင်ခြင်း သည် 
ပျင်းရိခြင်း ဖြစ်၏ ။ 
ထိနပင်ဖြစ်သည် ။ 
 
စိတ်၏ မခံ့မှု ဆိုသည်မှာ 
တွန့်ဆုတ်တတ်သော သဘောကို ဆိုလို၏ ။ 
 
ထို့ကြောင့်   ထိန ဆိုသည် 
- စိတ်မကြံ့ခိုင်ခြင်း  
- ထိုင်းမှိုင်းခြင်း  
- ပျင်းရိခြင်း 
- စိတ်ဝင်စားမှု လျော့ကျသွားခြင်း 
- မေ့လျော့ ပေါ့ဆပြီး စိတ် ကျဲပြန့်သွားခြင်း
ကို ဆို၏ ။ ။
   … … … … … … … … … … … … …

      (၈) ဥဒ္ဓစ္စ  ( စိတ်၏ ပျံ့ လွင့်မှု )

ဥဒ္ဓစ္စ ၏ အနက် အဓိပ္ပာယ်မှာ 
စိတ် ပျံ့ လွင့်ခြင်း ဖြစ်၏ ။ 
စိတ် ပျံ့ လွင့် ခြင်း  ဟူသည် 
စိတ်တုန်လှုပ်ခြင်း 
စိတ်မငြိမ်သက်ခြင်း ပင်ဖြစ်၏ ။ 

စိတ်သည် 
ရှုပွားခြင်း အာရုံ တစ်ခုခုပေါ်တွင် 
တည်ငြိမ်မနေဘဲ
အထွေထွေ အပြားပြား အာရုံတွေနောက်ကို ပါပြီး 
လေလွင့်သွားခြင်း  မျောပါသွားခြင်း သည် 
ဥဒ္ဓစ္စ ပင်ဖြစ်၏ ။
 
အမျိုးမျိုးသော အာရုံတွေနောက်ကို 
စိတ်က လိုက်ပါသွားခြင်း -
သစ်ရွက်ခြောက် လေမှာလွင့်သလို
လွင့်သွားခြင်း - တွေသည် 
- စိတ် မတည်ငြိမ်သောကြောင့် လည်းကောင်း 
- မခိုင်မြဲခြင်းကြောင့် လည်းကောင်း   ဖြစ်၏ ။

စိတ် လှုပ်ရှားသည့် 
အမူအရာ တစ်မျိုးပင်ဖြစ်၏ ။ ။
    … … … … … … … … … … … … …

      (၉) အဟိရီက
       ( မကောင်းမှု ပြုရသည်ကို 
          မရှက်တတ်သည့် သဘော )

အဟိရီက 
ကာယဒုစရိုက် မကောင်းမှု ပြုရခြင်း ကို 
အရှက်မရှိခြင်း  မရှက်တတ်ခြင်း ပင် ဖြစ်၏ ။
ဤသဘောမှာ နေ့စဉ် ဘ၀ထဲတွင် ထင်ရှား၏ ။ 
 
ယုတ်ယုတ်မာမာ အကုသိုလ် တရားများအား 
လွန်ကျူးရခြင်း ကို မရှက်တတ်ခြင်း သည် 
အဟိရီက ပင်ဖြစ်၏ ။ 
ရှက်ရကောင်းမှန်း မသိချေ ။ 
မိမိ ပြုနေခြင်း  ပြောနေခြင်း များသည် 
ရှက်စရာ ကောင်းနေပြီ ဟု မသိဘဲ 
ဒုစရိုက်မှု  လွန်ကျူးမှု များ ပြုနေကြခြင်းသည် 
အဟိရီက ပင်ဖြစ်၏ ။ ။
   … … … … … … … … … … … … …

     (၁၀) အနောတ္တပ္ပ
         ( ကာယဒုစရိုက် မကောင်းမှု 
           ကျူးလွန်ရသည်ကို မကြောက်မှု )

ဒုစရိုက် မကောင်းမှု ပြုရသည်ကို 
မကြောက်မရွံ့ ဘဲ ပြုရဲခြင်းသည် 
အနောတ္တပ္ပ ပင် ဖြစ်၏ ။ 
 
လူအများကို အစုလိုက် အပြုံလိုက် 
လက်ရဲ ဇက်ရဲ သတ်ဖြတ်နေကြ၏ ။ 
ထိုသူတို့သည် 
လူတွေကို သတ်ဖြတ် ညှဉ်းဆဲရသည် ကို 
ဝန် မလေးချေ ။ 
သူတစ်ပါး အိမ်ရာကို မီးရှို့ ဖျက်ဆီးခြင်း - 
သူတစပြါး သားမယားအား
ကျူးကျော်စော်ကားခြင်း - တို့အား 
ကျူးလွန်ရမှာ ၀န်မလေးချေ ။  
အကုသိုလ် ကိုလည်း ကျူးလွန်ရမှာ
မကြောက်တတ်ပေ ။ 
၎င်းတို့သည်  အနောတ္တပ္ပ သဘောပင်ဖြစ်၏ ။ 
 
*  အဓမ္မ ပြုခြင်း၌ 
    လက်ရဲ ဇက်ရဲ ရှိကြခြင်း တွေသည် 
ထို အရှက်အကြောက် ကင်းမဲ့မှုကြောင့်
လူ့ဘ၀ 
မငြိမ်းမချမ်း ဖြစ်နေကြရခြင်းပင် ဖြစ်၏ ။ ။ 
    … … … … … … … … … … … … …

 ဤတွင် 
 ကိလေသာ (၁၀)မျိုး သဘော ပြီး၏ ။ ။ ။

         ဦးဆန်းလွင် (ရှင်အာဒိစ္စရံသီ) ၏
   ( ဗုဒ္ဓဘာသာ အခြေခံ အယူအဆများ မှ )

 ထပ်ဆင့် ဖော်ပြသူ ;
                      U Aung Naing Oo (ANO)
*****   *****    *****

Unicode

            *** ကိလေသာ (၁၀) မျိုး ***

 *  "ကိလေသ" ကား 
     စိတ်အစဉ်တွင် ကပ်၍ပါနေသည့် 
 စိတ်ကို ညစ်ညူးစေသည့် တရား ဖြစ်သည် ။ 
 "ကိလေသ" ကို မြန်မာပြန်လျှင် 
 "(သတ္တ၀ါတို့ကို) ပူပန်စေတတ် -
   နှိပ်စက်တတ် - သော တရား" ဟု ပြန်၏ ။ 

 ကိလေသာ ဆယ်ပါး ဆိုသည်မှာ -
 (၁) လောဘ  ( လိုချင်တက်မက်မှု )
 (၂) ဒေါသ  ( ပြစ်မှားမှု ဖျက်ဆီးလိုမှု )
 (၃) မောဟ  ( အမှန်ကို မသိမှု တွေဝေမှု )
 (၄) မာန 
       ( ငါသာလျှင် မြတ်သည်ဟု ထင်မှတ်ပြီး 
         ထောင်လွှားမှု )
 (၅) ဒိဋ္ဌိ  ( အမြင် အယူအဆ မှားမှု )
 (၆) ၀ိစိကိစ္ဆာ  ( ယုံမှား သံသယဖြစ်မှု )
 (၇) ထိန  ( စိတ်၏ ထိုင်းမှိုင်းမှု ကျေနပ်မှု )
 (၈) ဥဒ္ဓစ္စ  ( စိတ်၏ ပျံ့ လွင့်မှု )
 (၉) အဟိရီက
       ( မကောင်းမှု ပြုခြင်းကို  
          မရှက်တတ်သည့် သဘော )
 (၁၀) အနောတ္တပ္ပ
        (ကာယဒုစရိုက် 
         မကောင်းမှု ကျူးလွန်ခြင်းကို    
          မကြောက်မှု)
 တို့  ဖြစ်သည် ။

       ၁ ။ လောဘ  ( လိုချင်တက်မက်မှု )

လောဘသည် လူကို
အစဉ်သဖြင့် ပူလောင်စေ၏ -  
အစဉ်သဖြင့် နှိပ်စက်၏ -
အစဉ်သဖြင့် နစ်မွန်းအောင်လုပ်တတ်၏ -
ဆိုသည်ကို 
သဗ္ဗညုတ ဉာဏ်တော်ကြီးဖြင့် ထိုးထွင်းပြီးမှ
ဗုဒ္ဓမြတ်စွာဘုရား ဟောကြားထားခြင်းဖြစ်သည် ။

လောဘ၏ အရင်းခံ သဘောမှာ  
တက်မက်ခြင်းပင် ဖြစ်၏ ။ 
ဤ လောဘကို အကြောင်းခံပြီး ဖြစ်လာသည့် 
ပူလောင်စေသော တရားတွေသည် 
ပုထုဇဉ်ကို မနေသာ မထိုင်သာအောင်
နှိပ်စက်သည့် တရားတွေက သိပ်များ၏ ။ 
လောဘကြောင့် -
- စွဲလမ်းခြင်းသဘော ( ရာဂ ) ဖြစ်လာ၏ ။
- အပြင်းအထန် စွဲလမ်းခြင်း ( သာရာဂ ) 
   ဖြစ်လာသည့်အခါ 
   လူ့စိတ်သည် 
   အိပ်မရ ၊ စားမ၀င် ရင်ပူနာ ကပ်လာ၏ ။ 
 
လောဘကြောင့် သတ္တဝါတို့၏ စိတ်သည် 
မြင်ရာ ကြားရာ နံရာ စားရာ 
အာရုံ အမျိုးမျိုး၏ ဆွဲဆောင်ခြင်းကို ခံရ၏ ။ 
အာရုံ ဆွဲဆောင်လာသည့်အခါ 
မဆန့်ကျင်နိုင် တော့ပေ ။ 
ရုန်း မထွက်နိုင်ဘဲ လိုက်ပါသွား၏ ။
 
အာရုံ မြင်လျှင် လိုချင်၏ ။ 
ထို လိုလားသည့် သဘောသည် 
လောဘ၏ သဘောပင် ဖြစ်သည် ။
အဘယ်ကြောင့် လိုချင်သနည်း ဆိုလျှင် 
နှစ်သက်ခြင်း ဆိုသည့် 
နန္ဒီ သဘောကြောင့်ပင် ဖြစ်၏ ။ 
၎င်းသည်လည်း 
လောဘ၏ အခြင်းအရာပင် ဖြစ်၏ ။ 
မြင်ရာ  ကြားရာ  နှစ်သက် ရုံတင်မက 
နှစ်သက်သည်ကို မေ့ပျောက် ပစ်လို့ပင် မရချေ ။ 
စွဲလမ်းသွား၏ ။ ၎င်းကို (နန္ဒီရာဂ) ဟုခေါ်၏ ။

ရူးသွပ်ခြင်း ဆိုသည်များမှာ 
ထို ( စိတ်တဿသရတာ) ဆိုသညျ့ 
စိတ်၏ ပြင်းစွာ စွဲလမ်းမှုကြောင့် ဖြစ်၏ ။

လောဘသည် အာရုံမှန်သမျှ ကို လိုလား၏ ။ 
လိုချင်အား ကြီးလွန်းသောကြောင့်
မိန်းမောမှုတောင် ဖြစ်၏ ။ 
မရလျှင် ကိုယ့် ကိုယ် ကိုတောင် 
သတ် သေပစ် ဖို့ ၀န်မလေးချေ ။ 
ဆင်ခြင်ဉာဏ်ဖြင့် သတိသပ္ပဇဉ်
လုံးဝ ကင်းစင်သွားအောင်တောင် လုပ်တတ်၏ ။  
"ဓမ္မသင်္ဂဏီ" ဟု ခေါ်သည့်
အဘိဓမ္မာကျမ်းတွင် 
ဟောထားသည့် တရားတွေသည် 
အလွန်ပင် နက်နဲ၏ ။
လောဘသည် အာရုံ မရှိလျှင် မနေနိုင်ပေ ။ 
အာရုံ မှန်သမျှကို 
ရအောင်အားထုတ် တတ်သည့် သဘောရှိ၏ ။
ဖြစ်ရာ ဘ၀တိုင်းတွင်လည်း လောဘသည် 
မိမိ၏ ချစ်ခင်နှစ်သက်သော အဖော် ဖြစ်နေ၏ ။

 သတ္တဝါများအား ဘ၀သို့ ဆွဲဆောင်တတ်သည့်   
ဘ၀ ကြိုး နှင့်လည်း တူ၏ ။ 
သို့ဖြစ်၍ 
- လောဘကြောင့် ချမ်းသာကို မရနိုင် 
- အကျိုးမဲ့ ဆင်းရဲကိုသာ ရစေတတ်၏ ။ 
- ဆင်းရဲခြင်း ကို 
    အလွန်အမင်း ဖြစ်စေသည်လည်း
    လောဘပင် ဖြစ်၏ ။

~ ချစ်ကြိုက် ပေါင်းဖော် 
   ရောနှော ခြင်းသည်လည်း 
   လောဘ 
~ ချစ်ကြိုက်သောကြောင့် 
    ငဲ့ကွက် တွယ်တာခြင်း သည်လည်း လောဘ 
~ နှောင်ဖွဲ့တတ်ခြင်း သည်လည်း လောဘ 
~ တောင့်တခြင်း  တမ်းတခြင်း  
   လွမ်းဆွတ်ခြင်း သည်လည်း လောဘ 
~ အဆင်း  အနံ့  အရသာ  အသံ အတွေ့အာရုံ 
   အားလုံးကို တောင့်တခြင်း ၊ 
   ပစ္စည်းဥစ္စာ တောင့်တမှု ၊ 
   သားသမီး၌ တောင့်တမှု ၊ 
   အသက် ရှင်ခြင်း ၌ တောင့်တမှု ၊ 
   ကျန်းမာခြင်း ၌ တောင့်တခြင်း 
   သဘောတွေ သည်လည်း လောဘ ၊
~ ငါ့ ဟာ  ငါ့ ဥစ္စာ ဟု ပြောဆိုစေတတ်သည့် 
    တပ်မက်မှု သဘော ၊ 
    အချိန် ရှိသရွေ့  ငါ့ ဟာ   ငါ့ ဥစ္စာ ဟု 
    ပြောဆို စေတတ်သည့် 
    တပ်မက်ခြင်း သဘောသည်လည်း လောဘ ၊
~ အမြီး နံ့သော ခွေးလိုပင် 
    လာဘလွာဘ ၌   
    တပ်မက် တုန်လှုပ်သည့် သဘောသည်လည်း 
    လောဘ ၊
~ မသင့်လျော်သော အရာ၌ တပ်မက်ခြင်း =
   အဓမ္မရာဂ သည်လည်း လောဘ ပင်ဖြစ်၏ ။    
   အဆမတန် လိုချင်အားကြီးမှု ၀ိသမလောဘ ၊ 
   မျှော်လင့်ခြင်း ၊ တောင့်တခြင်း ၊ 
   ချစ်ခင်ခြင်း သည်လည်း လောဘ ၊
~ ၀ဋ်ဆင်းရဲ တွင် 
    နစ်မြုပ်စေတတ်ခြင်း သဘော 
    (ဩဃ) သည်လည်း 
    တရားကိုယ် အားဖြင့် လောဘ ၊
~ ၀ဋ်ဆင်းရဲ တွင် 
    ယှဉ်စေ တွဲစေ တတ်သည့် 
    ယောဂ သည်လည်း လောဘ ၊
~ ၀ဋ်ဆင်းရဲ တွင် 
    ဆက်စပ် ထုံးဖွဲ့ခြင်း ဂန္ထ သည်လည်း လောဘ ၊
~ သတ္တ၀ါများ ကို  ၀ဋ်ဆင်းရဲ တွင် 
     နှောင်ဖွဲ့ စေတတ်သည်လည်း လောဘ ၊
 ~ စိတ်ကို ကပ်ပြီး 
     ညစ်နွမ်း စေတတ်သော သဘောသည်လည်း 
     တရားကိုယ် အားဖြင့်  လောဘ ၊
 ~ ဆင်းရဲခြင်း ၏ 
     အခြေအမြစ် ဒုက္ခမူလ သည်လည်း လောဘ ၊
 ~ အကုသိုလ်တရား တို့၏ 
    မူလ အခြေအမြစ် အကုသလမူလ သည်လည်း 
    လောဘ ၊
 ပင်ဖြစ်သည် ။ ။
       … … … … … … … … … … … … …

      (၂) ဒေါသ  ( ပြစ်မှားမှု ဖျက်ဆီးလိုမှု )

ဒေါသ ၏ သဘောသည်ကား 
ဖျက်ဆီးလို မှု   ပြစ်မှား မှု ပင် ဖြစ်၏ ။ 
ငါ့ရဲ့  အကျိုးမဲ့ ကို ပြုကျင့်ခဲ့ပြီ ဆိုပြီး 
ရန်ငြိုး ဖွဲ့သည်လည်း ဒေါသပင် ဖြစ်သည် ။ 
အာဃာတ လည်း ဒေါသ ။ 
 
ရန်ငြိုး ဖွဲ့ ရာတွင် 
- အတိတ်ကာလကလည်း 
    ငါ့ရဲ့  အကျိုးမဲ့ ကို ပြုခဲ့ ပြီ 
- ခုလည်း ပြုနေဆဲ  
- နောင်အခါလည်း ပြုဦးမှာဘဲ   ဆို၍ 
   အတိတ်  အနာဂတ် 
ကာလ သုံးပါး စလုံးတွင် ရန်ငြိုး ဖွဲ့တတ်သည် ။ 
 
ကိုယ့် အပေါ်တွင် ပြုကျင့်ခဲ့သည့် 
အကျိုးမဲ့ ပြုမှု အပေါ်တွင်သာ
ရန်ငြိုး ဖွဲ့တတ်သည် မဟုတ်ပေ ။
ကိုယ့် မိတ်ဆွေ   ကိုယ့်ရဲ့ ချစ်သူ  အပေါ်တွင် 
အကျိုးမဲ့ ပြုလျှင်လည်း 
အတိတ်  ပစ္စုပ္ပန်  အနာဂတ်
ကာလသုံးပါး နှင့် စပ်လျဉ်းပြီး 
ရန်ငြိုး ( အာဃာတ) ပြုတတ်သည် ။ 
 
ထို့နောက် 
ကိုယ် မချစ်ခင်သူ  မုန်းတီးသူ ၏ အကျိုးကို 
ဆောင်ရွက်လျှင်လည်း 
ထိုသို့ ဆောင်ရွက်သူအပေါ်
ရန်ငြိုး ဖွဲ့တတ်ပြန်၏ ။

ရန်ငြိုး ဖွဲ့ရာတွင်လည်း 
အလွန်အမင်း ရန်ငြိုး ဖွဲ့တတ်ခြင်းလည်း ရှိသည် ။  
"ပဋိဃာတ" ဟု ခေါ်သည် ။ 
"ပဋိဃ" ဆိုသည်မှာ 
ထိပါးခြင်း  မုန်းထားခြင်း ဖြစ်သည် ။ 
 
ဒေါသကြောင့် 
အလွန်အမင်း ဆန့်ကျင်ခြင်းလည်း ရှိသည် ။ 
အမျက်ထွက်ခြင်း ၊ စိတ်ဆိုးခြင်း ဆိုသည်လည်း 
ဒေါသပင် ဖြစ်သည် ။

ဒေါသ သည် 
အလွန် ကြောက်စရာ ကောင်းလှသည် ။ 
ဒေါသ ဖြစ်လာလျှင် 
ဖျက်ဆီး ချေမှုန်း ပစ်ချင်ကြသည် ။ 
အလွန်အမင်း ပြစ်မှားလိုခြင်း ဖြစ်၏ ။ 
ကိုယ် မုန်းတီးသူ၏ 
ပျက်စီးခြင်း  ဆုံး ရှုံးခြင်း  နစ်နာခြင်း  
ဘ၀ပျက်ခြင်း ကို မြင်ရ ကြားရလျှင် 
အားရ၀မ်းသာ ဖြစ်သည် ။ 
ဤသည်လည်း ဒေါသကြောင့် ဖြစ်သော  
စိတ်၏ ပျက်စီးခြင်း သဘော 
ဖောက်ပြန်ခြင်း သဘော ပင် ဖြစ်သည် ။

~ ဒေါသကြောင့် 
    စိတ်သည် ကြမ်းတမ်း ခက်ထန်လာသည် ။
~ ဒေါသကြောင့်
    စကားပြောသည့် အခါတွင်လည်း 
    ကောင်းမွန်စွာ 
    ပြည့်ပြည့်စုံစုံ မပြောနိုင်တော့ပေ ။
~ ဒေါသ ဖြစ်ချိန်တွင် 
    မိမိ စိတ်သည်လည်း 
    ပင်ကိုယ် ပကတိစိတ် မဟုတ်တော့ပေ ။    
    ဘီလူး စိတ်  သရဲ စိတ် လို ဖြစ်လာသည် ။ 
    စိတ် ဖောက်ပြန်လာသည် ။ 
    စိတ်ထဲတွင် မနှစ်မြို့ ခြင်း  မလိုလားခြင်း သာ   
    ထင်ရှား ရှိနေသည် ပင်လျှင် 
    ဒေါသ ၏ သဘော ဖြစ်သည် ။ ။
    … … … … … … … … … … … … … …

       (၃) မောဟ  (အမှန်ကိုမသိမှု တွေဝေမှု)

အမှန်သဘော ကို မသိခြင်း - 
တွေဝေခြင်း - ကို   မောဟ ဟု ခေါ်သည် ။ 
သစ္စာလေးပါး မြတ်တရား 
(ဒုက္ခသစ္စာ ၊ ဒုက္ခဖြစ်ကြောင်း သမုဒယသစ္စာ ၊
 ဒုက္ခချုပ်ကြောင်း နိရောဓသစ္စာ ၊
 ဒုက္ခချုပ်အောင် လုပ်နည်း မဂ္ဂသစ္စာ )  ကို 
မသိခြင်း ၊ မောဟ (အဝိဇ္ဇာ) ဖြစ်၏ ။ 

ထို့နောက် 
သံသရာတွင် ရှေးက ဖြစ်ခဲ့ဖူးပြီးသော 
ခန္ဓာအစဉ် ကိုလည်း မသိ 
နောင် ဖြစ်လတ္တံ့သော ခန္ဓာအစဉ် ကိုလည်း 
မသိပေ ။  
" ပုဗ္ဗန္တ ပရန္တေအညာဏ " တည်း ။ 

သို့ဖြစ်၍ 
ဇာတိ ဆိုသည့် အကြောင်းကို စွဲ၍သာ 
ဇရာ  မရဏ အကျိုးများ ဖြစ်နေရခြင်း 
ဆိုသည် လည်း မသိပေ ။ 
ပစ္စုပ္ပန်တွင် ရထားသည့် ခန္ဓာငါးပါး သည်လည်း 
အနိစ္စ  ဒုက္ခ  အနတ္တ ဘဲဟု မသိချေ ။ 
ထို ခန္ဓာငါးပါး (ရုပ်နာမ်နှစ်ပါး)  ကို 
ငါဘဲ သူဘဲ   ယောက်ျားဘဲ မိန်းမဘဲ ဟု 
မှားယွင်းစွာ သိမြင်နေခြင်း သည်လည်း 
မောဟဘဲ ဖြစ်၏ ။ 

အကောင်း အဆိုး ကို မဝေခွဲတတ် ၊ 
မပိုင်းခြားတတ်သည့် သဘောသည်လည်း 
မောဟ ဘဲ ဖြစ်၏ ။ 
စိတ်၏ ဖြူစင် သန့်ရှင်းမှုကို မသိခြင်း သဘော ၊  
လူမိုက် ဖြစ်ခြင်း အကြောင်းကို အပြား အားဖြင့် 
မသိခြင်း သဘော ၊
ထက်ဝန်းကျင် တရား အားလုံးတွင် မသိခြင်း ၊ 
တွေဝေခြင်းကြောင့် ၀ဋ်ဆင်းရဲ တွင် 
နစ်မျောရခြင်း သည်လည်း မောဟ ။ 
စိတ်တွင်
ကိလေသာတွေ ထကြွသောင်းကျန်းခြင်း ကိုလည်း 
မသိခြင်း သဘော သည်လည်း မောဟ ။ 

ထို့ကြောင့် ဤ မောဟ သည် 
တံခါးကျင်(မင်းတုပ်) လိုပင် 
စီးပွား ချမ်းသာသို့ မရောက်အောင် 
ပိတ်ပင် တားဆီး တတ်သည် ဟူ၏ ။ 
ထို့ကြောင့်  မောဟသည် 
အကုသိုလ် တရားတို့၏ 
မူလ အခြေခံပင် ဖြစ်၏ ။ ။
   … … … … … … … … … … … … …

         (၄) မာန
       ( ငါသာလျှင် မြတ်သည်ဟု ထင်မှတ်ပြီး 
          ထောင်လွှားမှု )

ထို မာန တရား သည်လည်း 
တရားဆိုး တစ်မျိုးပင် ဖြစ်သည် ။ 
ပင်ကိုယ် သဘောကဖြင့်
ငါသာလျှင် မြတ်သည်   
ငါသာလျှင် တတ်သည် ဟု 
စိတ်ကြီးဝင်ပြီး ထောင်လွှားခြင်း -
မောက်မာခြင်း - သည် မာနပင် ဖြစ်သည် ။
            
- စိတ် ထောင်လွှားခြင်း  
- ကိုယ့် ကိုယ် ကို အထင်ကြီးခြင်း 
- အဆင့်အတန်း အားဖြင့် မြင့်မြတ်သည် ဟု 
   ထင်မှတ် ထားခြင်း   သည် 
မာနဖြစ်သည် ။  
 
ဤနေရာတွင် ဘုရားမှ 
ကိုယ့် ကို ကိုယ်  အဆင့်အတန်း မြင့်သည် ၊ 
အဆင့်အတန်း တန်းတူ ဖြစ်သည် ၊ 
အဆင့်အတန်း နိမ့်သည် ဟု ထင်၍ 
ကိုယ့် ထမင်း ကိုယ် စားတာ 
ဘယ်သူ့မှ ဂရုစိုက်စရာ မလိုဘူး ဟု 
သဘောထားခြင်း - 
ထောင်လွှားခြင်း - အားလုံးသည်
မာန ချည်းဘဲ ဖြစ်သည် ဟု ဟောသည် ။ 

ကိုယ့် ကို ကိုယ် 
- စိတ်ကို မြှောက်ပင့်ထားတာ  
- တံခွန် ထူထားတာ  
- တံခွန် မှန်ကင်းလို ဘ၀င် မြင့်နေခြင်း များ 
အားလုံးသည် မာန ချည်းပင် ဖြစ်သည် ။ 
စိတ် ဖောက်ပြန်ပုံ တစ်မျိုးပင် ဖြစ်သည် ။ ။
     … … … … … … … … … … … …

     (၅) ဒိဋ္ဌိ  ( အမြင် အယူအဆ မှားမှု )

ဒိဋ္ဌိ ဆိုသည်မှာ အမြင်မှားခြင်းကို ဆိုလိုသည် ။ 
လူတွေ၏ 
လောက အမြင်မှားများ (မိစ္ဆာဒိဋ္ဌိ) တွေ 
အလွန် များသည် ။ 

ဗုဒ္ဓ ပွင့်တော်မူစဉ် အခါက
အိန္ဒိယပြည်တွင် ဒိဋ္ဌိ (၆၂) မျိုး ရှိခဲ့သည် ဟု 
ဗြဟ္မဇာလ သုတ် တွင် ဟောတော်မူခဲ့ပါသည် ။
( ဒိဋ္ဌိ ၆၂ မျိုးကို ဆက်လက် ရေးသားပါမည် ။ ) 
ဒီဃနိကာယ်  သီလက္ခန် တွင်လည်းပါသည် ။

အမှန်မှာ 

- လောက(ခန္ဓာငါးပါး ရုပ်နာမ်နှစ်ပါး) သည် 
    မွဲ၏ ။
- လောကသည် မမြဲပေ ။
- လောကသည် အဆုံး အပိုင်းအခြား ရှိသည် ။
- လောကသည် အဆုံး အပိုင်းအခြား မရှိပေ ။
- ခန္ဓာကိုယ်ထဲတွင် အသက်ဇီဝ ရှိသည် ။
- ခန္ဓာကိုယ် က တစ်ခြား  
    အသက်ဇီဝ က တစ်ခြား ဖြစ်သည်  ။
- သတ္တဝါ သေပြီးလျှင် ဖြစ်သေးသည် ။
- သတ္တဝါ သေပြီးလျှင် 
    နောက်ထပ် မဖြစ်တော့ပေ ။
- သတ္တဝါ သေပြီးလျှင် ဖြစ်သည်လည်း မဟုတ် 
    မဖြစ်သည်လည်း မဟုတ် ။
- သတ္တဝါ သေပြီးနောက် ဖြစ်တာလည်းရှိ 
    မဖြစ်တာလည်း ရှိ
အစ ရှိသည့်
အမြင်မှား (၆၂) ပါးကို ဒိဋ္ဌိ ဟုခေါ်သည် ။ 

အမြင်မှန် ကို ပိတ်ပင်တားဆီးသည့်
တရားတွေပင် ဖြစ်သည် ။
အမြင်မှန် ကို မရောက်အောင် 
ခက်ခဲစေသည့် တရားများ ဖြစ်သောကြောင့် 
တောအုပ် လိုပင် ဖြစ်၏ ။ 

အမြင်မှားမှု သည်  
ခရီးခဲ " ဒိဋ္ဌိကန္တာရ " ဟုလည်း ခေါ်သည် ။ 
အမြင်မှန် ကို 
ဖောက်ထွင်း ဖျက်ဆီးတတ်သည့် သဘောသည်
အမြင်မှား ဒိဋ္ဌိ ပင် ဖြစ်သည် ။ 

ဖောက်ပြန်သည့် အမြင်  
တုတ်နှောင်တတ်သည့် သဘော သည်လည်း 

ဒိဋ္ဌိ ဘဲ ဖြစ်သည် ။ 
 
အာရုံကို များသောအားဖြင့် 
သုံးသပ်တတ်သည် ၊
စွဲယူတတ်သည် ၊ 
အယူသီးတတ်သည် ။  
 
ဒိဋ္ဌိသည် မှားသော ခရီးလမ်းကြောင်း ဖြစ်သည် ။  
အကျိုးမဲ့ ဖြစ်စေသော သဘော - 
ဖောက်ပြန်သည့် အမြင် - သည်  
ဒိဋ္ဌိ ဖြစ်သည် ။ ။
   … … … … … … … … … … … … … …

     (၆) ဝိစိကိစ္ဆာ  (ယုံမှား သံသယ ဖြစ်မှု)

ဘုရား အပေါ်တွင် ယုံမှားခြင်း -
သံသယ ဖြစ်ခြင်း - သည် ဝိစိကိစ္ဆာ ပင် ဖြစ်၏ ။
( ဗုဒ္ဓသည် ဧကန် အမှန်စင်စစ် ဖြစ်ရဲ့လား ဟု 
   မဆုံးဖြတ်နိုင်ဘဲ 
   စိတ် ပင်ပန်းစွာ သို့လော သို့လော ဖြစ် ခြင်း )  
 
သို့ဖြစ်၍ 
- ဓမ္မ ဘုရားဟောတရားများ အပေါ်၌လည်း 
   သံသယ ဖြစ်ခြင်း ယုံမှားခြင်း သည် ဝိစိကိစ္ဆာ ။ 
- သံဃာ အပေါ်၌လည်း ယုံမှားခြင်း ဖြစ်၏ ။ 
   အကျင့်သိက္ခာ ရှိမှ ရှိပါ့ မလား ဟု 
   သံသယ ဖြစ်၍
   တွေးတောခြင်း သည်လည်း ၀ိစိကိစ္ဆာ ။ 
- ရှေး ဘ၀မှ ဖြစ်ခဲ့ပြီးသော 
   ခန္ဓာတွေ အပေါ်၌လည်း 
   ဟုတ်ပါ့မလား ဟု သံသယ ဖြစ်၏ ၊ ယုံမှား၏။ 
   သေပြီးလျှင် နောင် ဘ၀ ၌
   ခန္ဓာတွေ ဖြစ်ပါဦးမလား ဟု လည်း 
   ယုံမှား တွေးတော၏ ။ 
- ဇရာ မရဏ ဖြစ်ရခြင်းသည်
   ဇာတိ ဆိုသည့် 
   ပဋိသန္ဓေ နေခဲ့ရခြင်း အကြောင်းကြောင့်
   ဖြစ်ရသည် ဆိုခြင်းအား
   ယုံမှား သံသယ ဖြစ်၍ 
   ဟုတ်ပါ့ မလား ဟု တွေးတော၏ ။   
   သဘာဝ တရားကို မယုံသင်္ကာ ဖြစ်၍
   တွေးတောပြန်လျှင်လည်း 
   မဆုံးဖြတ်နိုင်ခြင်းကြောင့် ပင်ပန်းခြင်း 
   ဖြစ်ရခြင်း သည် ဝိစိကိစ္ဆာ ပင် ဖြစ်၏ ။
 
ဝိစိကိစ္ဆာ ၏ သဘောမှာ 
အမှန် နှင့် အမှားကို 
ပိုင်းခြား၍ မဆုံးဖြတ်နိုင်ချေ ။  
လမ်း နှစ်ခွ ဖြစ်နေသည့် အတွက် 
စိတ် မတည်မငြိမ်ဖြစ်ရသည့် သဘောပင်ဖြစ်၏ ။ 
ယတိပြတ် ဧကန္တ  အားဖြင့်  မဆုံးဖြတ်နိုင်ပေ ။ 
သို့လော သို့လော ဖြစ်တတ်ခြင်းကြောင့်
အာရုံ မှ ဆုတ်နစ်တတ်သည့် သဘောသည်
ဝိစိကိစ္ဆာ ပင် ဖြစ်၏ ။ 
မည်သည့် ကိစ္စပင် ဖြစ်စေ 
ယတိပြတ် ဆုံးဖြတ်ခြင်းငှာ မစွမ်းသည့် အတွက်
တဝဲလည်လည် ဖြစ်၍ 
ဉာဏ်ဖြင့် မသက်ဝင်နိုင်ပေ ။ 
စိတ် ရှုပ်ထွေး၍ 
အာရုံ ထွေပြားသွားသည့် သဘောသည်
ဝိစိကိစ္ဆာ ဘဲ ဟု မှတ်ရမည် ဖြစ်၏ ။ ။
    … … … … … … … … … … … … …

   (၇) ထိန  ( စိတ်၏ ထိုင်းမှိုင်းမှု ကျေနပ်မှု )

ထိန ဆိုသည်ကား 
စိတ်၏ မခံ့မှု မခိုင်မာမှု ထိုင်းမှိုင်းမှု ပင် ဖြစ်၏ ။
 
စိတ်၏ မခိုင်ခံ့မှု ဆိုသည်ကား 
ကိစ္စ တစ်ခုကို 
ပြီးမြောက်အောင် မလိုက်လျောနိုင်ခြင်း -
မဆောင်ရွက်နိုင်ခြင်း - ကို ဆိုလို၏ ။ 
 
မိမိ ၌  ရှိနေသော ဣရိယာပုတ်ကို 
ခိုင်မြဲအောင် မဆောင်ရွက်နိုင်ခြင်း သည် 
ပျင်းရိခြင်း ဖြစ်၏ ။ 
ထိနပင်ဖြစ်သည် ။ 
 
စိတ်၏ မခံ့မှု ဆိုသည်မှာ 
တွန့်ဆုတ်တတ်သော သဘောကို ဆိုလို၏ ။ 
 
ထို့ကြောင့်   ထိန ဆိုသည် 
- စိတ်မကြံ့ခိုင်ခြင်း  
- ထိုင်းမှိုင်းခြင်း  
- ပျင်းရိခြင်း 
- စိတ်ဝင်စားမှု လျော့ကျသွားခြင်း 
- မေ့လျော့ ပေါ့ဆပြီး စိတ် ကျဲပြန့်သွားခြင်း
ကို ဆို၏ ။ ။
   … … … … … … … … … … … … …

      (၈) ဥဒ္ဓစ္စ  ( စိတ်၏ ပျံ့ လွင့်မှု )

ဥဒ္ဓစ္စ ၏ အနက် အဓိပ္ပာယ်မှာ 
စိတ် ပျံ့ လွင့်ခြင်း ဖြစ်၏ ။ 
စိတ် ပျံ့ လွင့် ခြင်း  ဟူသည် 
စိတ်တုန်လှုပ်ခြင်း 
စိတ်မငြိမ်သက်ခြင်း ပင်ဖြစ်၏ ။ 

စိတ်သည် 
ရှုပွားခြင်း အာရုံ တစ်ခုခုပေါ်တွင် 
တည်ငြိမ်မနေဘဲ
အထွေထွေ အပြားပြား အာရုံတွေနောက်ကို ပါပြီး 
လေလွင့်သွားခြင်း  မျောပါသွားခြင်း သည် 
ဥဒ္ဓစ္စ ပင်ဖြစ်၏ ။
 
အမျိုးမျိုးသော အာရုံတွေနောက်ကို 
စိတ်က လိုက်ပါသွားခြင်း -
သစ်ရွက်ခြောက် လေမှာလွင့်သလို
လွင့်သွားခြင်း - တွေသည် 
- စိတ် မတည်ငြိမ်သောကြောင့် လည်းကောင်း 
- မခိုင်မြဲခြင်းကြောင့် လည်းကောင်း   ဖြစ်၏ ။

စိတ် လှုပ်ရှားသည့် 
အမူအရာ တစ်မျိုးပင်ဖြစ်၏ ။ ။
    … … … … … … … … … … … … …

      (၉) အဟိရီက
       ( မကောင်းမှု ပြုရသည်ကို 
          မရှက်တတ်သည့် သဘော )

အဟိရီက 
ကာယဒုစရိုက် မကောင်းမှု ပြုရခြင်း ကို 
အရှက်မရှိခြင်း  မရှက်တတ်ခြင်း ပင် ဖြစ်၏ ။
ဤသဘောမှာ နေ့စဉ် ဘ၀ထဲတွင် ထင်ရှား၏ ။ 
 
ယုတ်ယုတ်မာမာ အကုသိုလ် တရားများအား 
လွန်ကျူးရခြင်း ကို မရှက်တတ်ခြင်း သည် 
အဟိရီက ပင်ဖြစ်၏ ။ 
ရှက်ရကောင်းမှန်း မသိချေ ။ 
မိမိ ပြုနေခြင်း  ပြောနေခြင်း များသည် 
ရှက်စရာ ကောင်းနေပြီ ဟု မသိဘဲ 
ဒုစရိုက်မှု  လွန်ကျူးမှု များ ပြုနေကြခြင်းသည် 
အဟိရီက ပင်ဖြစ်၏ ။ ။
   … … … … … … … … … … … … …

     (၁၀) အနောတ္တပ္ပ
         ( ကာယဒုစရိုက် မကောင်းမှု 
           ကျူးလွန်ရသည်ကို မကြောက်မှု )

ဒုစရိုက် မကောင်းမှု ပြုရသည်ကို 
မကြောက်မရွံ့ ဘဲ ပြုရဲခြင်းသည် 
အနောတ္တပ္ပ ပင် ဖြစ်၏ ။ 
 
လူအများကို အစုလိုက် အပြုံလိုက် 
လက်ရဲ ဇက်ရဲ သတ်ဖြတ်နေကြ၏ ။ 
ထိုသူတို့သည် 
လူတွေကို သတ်ဖြတ် ညှဉ်းဆဲရသည် ကို 
ဝန် မလေးချေ ။ 
သူတစ်ပါး အိမ်ရာကို မီးရှို့ ဖျက်ဆီးခြင်း - 
သူတစပွါး သားမယားအား
ကျူးကျော်စော်ကားခြင်း - တို့အား 
ကျူးလွန်ရမှာ ၀န်မလေးချေ ။  
အကုသိုလ် ကိုလည်း ကျူးလွန်ရမှာ
မကြောက်တတ်ပေ ။ 
၎င်းတို့သည်  အနောတ္တပ္ပ သဘောပင်ဖြစ်၏ ။ 
 
*  အဓမ္မ ပြုခြင်း၌ 
    လက်ရဲ ဇက်ရဲ ရှိကြခြင်း တွေသည် 
ထို အရှက်အကြောက် ကင်းမဲ့မှုကြောင့်
လူ့ဘ၀ 
မငြိမ်းမချမ်း ဖြစ်နေကြရခြင်းပင် ဖြစ်၏ ။ ။ 
    … … … … … … … … … … … … …

 ဤတွင် 
 ကိလေသာ (၁၀)မျိုး သဘော ပြီး၏ ။ ။ ။

         ဦးဆန်းလွင် (ရှင်အာဒိစ္စရံသီ) ၏
   ( ဗုဒ္ဓဘာသာ အခြေခံ အယူအဆများ မှ )