တစ်ရက် 

အသုဘ ပို့ သွားခဲ့ပါတယ်။ 

သေသူက ကိုယ့် ထက်တော့
အများကြီးငယ်ပါတယ်။  
၄၀ တောင် မပြည့်သေးဘူး။ 

'သေမင်း' ဆိုတာက ....
'အသက်' မရွေးပါဘူး ...

'အသုဘပို့တယ်' ဆိုပေမယ့်... 
'ကာယကံရှင်'တွေကို မျက်နှာပြပြီး
ခုံလေးတစ်ခုံမှာ အေးအေးဆေးဆေးထိုင်
နေရတာပါ။ 

'တရား'တွေ ....
နာကြ၊ ငိုကြ ၊ အော်ကြ …
စိတ်မချမ်းသာစရာတော့ ကောင်းလှသပေါ့....!

ကိုယ်လည်း ...
တစ်နေ့ ... 
ဒီလိုလှည်းလေးနဲ့ အအေးခန်းထဲက ထုတ်တာကို ခံလာရမယ့်ဘဝ ရောက်ဦးမှာပါပဲ။ 

မီးရှို့စက်ထဲကို ရောက်သွားပြီးတော့ ခေါင်းတိုင်က မီးခိုးတွေ ထွက်လာရင် .....

နှစ်ပေါင်းများစွာ ဖြစ်တည်ခဲ့တာတွေ … 

ကြိုးစား အားထုတ်ခဲ့တာတွေ …

'ချစ်တာ'တွေ … 

'မုန်းတာ'တွေ အားလုံး ....

ဘာမှ မဟုတ်တော့ပါဘူး။

'ကြေးစည်သံ'တွေ ကြားတယ်။ 

'အမျှဝေသံ'တွေ ကြားရတယ်။ 

'ငိုသံ'တွေ မဆုံးသေးဘူး... 

'လူ'တွေက .....
ဝုန်းဝုန်းနဲ့ အခန်းထဲက ပြေးထွက်လာပြီး ကားတွေပေါ် အလုအယက်တက်ကြတယ်။ 

'သုသာန်'မှာလည်း ....

'သေသူ' က 
နောက်ဆုံး....' ပြာ' ဖြစ်တော့မယ်...

*** 
'ရှင်သူ' တွေ က ....

ကားပေါ်မှာ ...

"နေရာတစ်နေရာ" အတွက် ..... 
'သောက'တွေ ရောက်နေကြတယ်... !!! 

***

"နေရာ" ....!!!

'အိမ်'မှာ … 
'ရုံး'မှာ … 
'ကျောင်း'မှာ … 
'ဌာန'မှာ .. 
'လွတ်တော်'မှာ .....

"နေရာ" ရဖို့ ....
'သောက' တွေ ရောက်နေကြတယ် !

"လောဘ ဒေါသ မောဟ" တွေ မချုပ်ငြိမ်းသေးသမျှတော့....

"နေရာ" အတွက် ...

'သောက' တွေ ဖြစ်နေကြဦးမယ် ထင်ပါရဲ့ !!!

'သခင်' ပဲဖြစ်ခဲ့သည် ဆိုစေ …
'ဘုရင်' ပဲဖြစ်ခဲ့သည် ဆိုစေ …
'သမ္မတ' ပဲ ဖြစ်ခဲ့သည် ဆိုစေ ....
'ဝန်ကြီးချုပ်'ပဲ ဖြစ်ခဲ့သည် ဆိုစေ..
'လွတ်တော်အမတ်' ပဲ ဖြစ်ခဲ့သည် ဆိုစေ ...
'စစ်သား' ပဲ ဖြစ်ခဲ့သည် ဆိုစေ ..
'ကျွန်' ပဲ ဖြစ်ခဲ့သည် ဆိုစေ ... 

နောက်ဆုံးတော့ .....

ဇရပ်ထဲက ရေခဲတိုက်ထဲမှာ ခိုနားဖို့ 

“နေရာ” .... လာတောင်းကြရပါတယ်။ 

အဲဒီ "နေရာ" ဆိုတာ .... ရက်အများကြီး မရပါဘူး။ 

ဘယ်သူမှ ဖက်တွယ်မထားချင်တော့တဲ့.... အလောင်းကြီးကို နောက်ဆုံးတော့ 
ဇရပ်ထဲက အအေးခန်းထဲကို လာထည့်ပြီး 
ပထမတစ်ဆင့် သေခန်းဖြတ် လိုက်ကြပါတယ်။

သတ်မှတ်ရက်ကိုရောက်တော့.....
ကားတွေနဲ့ လာကြတယ်။
တွေ့ကြ … 
ဆုံကြ … 
နှုတ်ဆက်ကြ … 
ပြုံးကြ...

အဲဒီအချိန်မှာ .....
တစ်ချိန်က အားလုံးနဲ့ တစ်နည်းမဟုတ် တစ်နည်း ပတ်သက်ခဲ့သူဟာ ..... လူတွေကြားက လှည်းလေးပေါ်မှာ ငြိမ်သက်စွာ လှဲပေးနေရပါတယ်။

'တရား'တွေ ....နာကြတယ်။

'အမျှ'တွေ ...ဝေကြတယ်။

'သာဓု'တွေ..
Credit>>> Org