ကိုယ်မလုပ်နိုင်တဲ့

အလုပ်တစ်ခု
သူတစ်ပါးလုပ်နိုင်ခဲ့ရင်
မနာလိုမဖြစ်နဲ့
မုဒိတာပွား ချစ်ခင်ပေးခဲ့ပါ။

သူမလုပ်နိုင်တဲ့
အလုပ်တစ်ခု
ကိုယ်လုပ်နိုင်ခဲ့ရင်
မာနမထောင်နှင့်
ကူညီဖေးမ လမ်းပြပေးခဲ့ပါ။

ကိုယ်လဲမလုပ်နိုင်
သူများလုပ်တာ
အဆိုးတွေချည်း
ဝေဖန်လို့ လေမကန်ပါနဲ့
မှန်တာလေးဖြင့် ဖေးကူမခဲ့ပါ။

အဆိုပါလူမျိုး 
တကယ့်လက်တွေ့
ရှိခဲ့ပါလျှင် ဘဝတစ်သက်တာ
မုန်းသူမရှိ ချစ်ခြင်းအတိဖြင့်
ပန်းခင်းလမ်းလေး
ဖြောင့်ဖြူးအံ့။