ဘဝသံသရာ ..
ဘဝသံသရာတဲ့ ရှည်လျားထွေပြား
မနေမနား တသွားတည်းသွားကြတာ။
ခရီးပန်းတိုင်မရောက်မချင်း
တစ်ယောက်ဆင်း တစ်ယောက်တက်
ဆက်လက်ထွက်ခွါလာ။
လောဘရယ် ဒေါသရယ် မောဟရယ်
အဝိဇ္ဇာ ပစ္စယာ သင်္ခါရတဲ့
ပျော်လိုက်ရွှင်လိုက် ငိုကာ ရယ်ကာ
ဘယ်ဟာမတည်မြဲ ဖောက်လွဲဖောက်ပြန်
အကြောင်းခံကမ္မသကာ။
တွေ့ကြုံ ဆုံကွဲ ခရီးထဲ
ဝမ်းနည်းဝမ်းသာ ဝိပ္ပလ္လာ
ဖြစ်ချင်တာလည်း မဖြစ်ရပါ။
မဖြစ်ချင်တာလည်း ဖြစ်ရတာ။
သုံးဆယ့်တစ်ဘုံ
ဝဋ်အတွင်းရောက်တော့
ကရွတ်ကင်း လျှောက်တဲ့ တေဘုံမ္မာ
အဲဒါ အဲဒါ အဲဒါ ဘဝသံသရာ။
🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼
