_________________________________

၁။ ။ယဉ်ကျေးသိမ်မွေ့ခြင်း
_________________________________

ဂျပန်လူမျိုးတွေဟာ အလွန်ယဉ်ကျေးသိမ်မွေ့ကြပါတယ်။

တစ်ယောက်နှင့်တစ်ယောက်တွေ့တဲ့အခါ”ကောင်းသောနေ့လေးပါ၊ကောင်းသောညလေးပါ

“စသည်ဖြင့် နှုတ်ဆက်ကြပါတယ်။

အလုပ်ဝင်တဲ့အခါမှာလည်း တွေ့တဲ့လူတိုင်းကို “ကောင်းသောနံနက်ခင်းပါခင်ဗျာ”လို့နှုတ်ဆက်ပြီး၊

အလုပ်ပြီးလို့ပြန်တဲ့အခါမှာလည်း

“ဒီနေ့ပင်ပန်းသွားပါပီ၊ပြန်ပါတော့မယ်ခင်ဗျာ”စသည်ဖြင့် နှုတ်ဆက်ပြီးမှပြန်ကြပါတယ်။

မျက်လုံးချင်းဆုံလျှင် ခေါင်းညိတ်၊ပြုံးပြတတ်ကြပြီး၊ မတော်တစ တိုက်မိကြတဲ့အခါမှာ သူတို့က

စတင်ပြီးတောင်းပန်တတ်ကြပါတယ်။
_________________________________
၂။ ။ အချိန်ကိုလေးစားခြင်း
_________________________________

ဂျပန်လူမျိုးတွေဟာ အချိန်ကို အလွန်လေးစားတန်ဖိုးထားကြပါတယ်။

ချိန်းဆိုမှုတွေလုပ်တဲ့အခါမှာ အမြဲတမ်း ချိန်းဆိုထားတဲ့အချိန်ထက် စောရောက်နေလေ့ရှိပါတယ်။

ရထားတွေ၊ကားတွေဟာလည်း အချိန်မှန်ကန်တိကျစွာ ပြေးဆွဲကြပါတယ်။

_________________________________
၃။ ။စည်းကမ်းရှိခြင်း
_________________________________

ဂျပန်လူမျိုးတွေဟာ အလွန်စည်းကမ်းရှိကြပါတယ်။

တန်းစီတဲ့အခါမှာ စနစ်တကျ စည်းကမ်းရှိရှိ ညီညီညာညာ တန်းစီကြပါတယ်။

အမှိုက်ပစ်တဲ့အခါမှာလည်း အမှိုက်ကို အမှိုက်ပုံးရှိတဲ့နေရာအထိ သယ်ပြန်ပီး

အမှိုက်ပုံးထဲမှာပဲပစ်လေ့ရှိပါတယ်။

ပျော်ပွဲစားထွက်တဲ့အခါမှာလည်း မိမိတို့အမှိုက်ကို မိမိတို့သန့်ရှင်းအောင်

သိမ်းပြီးမှပြန်လေ့ရှိပါတယ်။

_________________________________
၄။ ။ပတ်ဝန်းကျင်ကို အလေးထားခြင်း
_________________________________

ဂျပန်လူမျိုးတွေဟာ မိမိအတွက်ကြောင့် တခြားလူ ဒုက္ခရောက်မှာကို အလွန်စိုးရိမ်ကြပါတယ်။

ရထားထဲ၊ကားထဲမှာ ပတ်ဝန်းကျင် အနှောင့်အယှက်ဖြစ်အောင်

တယ်လီဖုန်းမပြောကြပါဘူး။ဖုန်းကိုလည်း အမြဲတမ်း အသံမထွက်အောင် vibrate

mode(တုန်ခါမှု)ပဲလုပ်ထားကြပါတယ်။

ဖုန်းလာလျှင် ရထား၊ကားကနေဆင်း၊ အပြင်ထွက်ပီး စကားပြောကြပါတယ်။

မြို့ထဲမှာ ကားအမျိုးမျိုး မောင်းနှင်သွားလာနေကြပေမယ့် ကားဟွန်းမတီးကြပါဘူး။ကားဟွန်းသံ

မကြားရပါဘူး။
_________________________________
၅။ ။ တာဝန်ယူမှုရှိခြင်း
_________________________________

ဂျပန်လူမျိုးတွေဟာ ကိုယ့်တာဝန် ကိုယ်ယူလိုစိတ် ပြင်းထန်ကြပါတယ်။

ကလေးကအစ လူကြီးအဆုံး ကိုယ့်တာဝန်ကိုယ်ယူကြပါတယ်။

ဂျပန်ကျောင်းတွေမှာ သန့်ရှင်းရေးဝန်ထမ်းတွေမထားပါဘူး။

အိမ်သာကအစ စာသင်ခန်းအဆုံး ကျောင်းသားလေးတွေက အလှည့်ကျ

သန့်ရှင်ရေးလုပ်ကြရပါတယ်။

လူကြီးတွေကလည်း တာဝန်ယူစိတ်အလွန် ပြင်းထန်ကြပါတယ်။

ဂျပန်အိမ်တွေမှာ အိမ်ဖော်ထားတဲ့ ယဉ်ကျေးမှုဆိုတာ မရှိပါဘူး။

ကိုယ့်အိမ်ကို ကိုယ်ကိုတိုင် သန့်ရှင်းရေးလုပ်ပြီး၊ ကိုယ့်မိသားစုအတွက်

ကိုယ်ကိုတိုင်ချက်ပြုတ်ကြပါတယ်။

ဝန်ထမ်းတွေကလည်း မိမိတို့အမှားလုပ်မိလျှင် အမှားလုပ်မိကြောင်း ဝန်ခံတောင်းပန်ပြီး

တာဝန်ယူတဲ့အနေနဲ့ အလုပ် ကနေနှုတ်ထွက်ကြပါတယ်။

_________________________________
၆။ ။အလုပ်ကြိုးစားခြင်
_________________________________

ဂျပန်လူမျိုးတွေဟာ အလုပ်အလွန်ကြိုးစားကြပါတယ်။

ဝန်ထမ်းတွေဟာ အလုပ်ချိန်ထက် အမြဲတမ်း နာရီဝက် စောလာလေ့ရှိပါတယ်။

အလုပ်လုပ်ရတာကို အလွန်နှစ်သက်မြတ်နိုးကြပါတယ်။

နေစရာမရှိလို့ ဘူတာတို့ ပန်းခြံတို့မှာ နေထိုင်နေတဲ့ အိုးမဲ့အိမ်မဲ့တွေတောင်

မတောင်းစားကြပါဘူး။

ကိုယ့်ဝမ်းစာ ကိုယ်ရှာစားကြပါတယ်။

_________________________________
၇။ ။ခိုင်မာတဲ့ ရည်မှန်းချက်ပန်းတိုင်ရှိခြင်း
_________________________________

ဂျပန်လူမျိုးတွေဟာ ကိုယ့်ရဲ့အားနည်းချက်၊အားသာချက်၊ဝါသနာကို တိတိကျကျသိကြပါတယ်။

ကိုယ်ဘာလုပ်ချင်တယ်၊ ဘာဖြစ်ရမယ်ဆိုတဲ့ တိကျတဲ့ရည်မှန်းချက်ပန်းတိုင်ရှိပြီး

ရည်မှန်းချက်ပန်းတိုင်အထိရောက်အောင် မဖြစ်မနေကြိုးစားကြပါတယ်။

________________________