ပန်းဆယ်မျိုး


ပဲ၊ ထိမ်၊ တဉ်း၊ တော့၊ ရန်၊ ပု၊ မော့၊ မှတ်လော့ ပွတ်ချီယွန်း 
( ရာဇောဝါဒကျမ်း )

ပန်း´ဟူသော ဝေါဟာရ၏ မူလဘူတ အရင်းအမြစ်မှာ `ပန်´ဖြစ်ကြောင်း စာပေပညာရှင်များက ဖေါ်ထုတ်ထားကြသည်။
`ပန်´၏ အနက်အဓိပ္ပါယ်သည် ဖန်တီးသည်။ ဖန်တီးချက်လက်ရာ၊ ဖန်တီးသူ ဟူ၍ဖြစ်သည်။

သုတေသီအချို့က “ပန်”ဟု ရှေးကခေါ်ဆိုသောစကားမှာ ပညာလုပ်ငန်း ဟု အဓိပ္ပါယ်ဖြစ်ကြောင်း တိဗက်ဘာသာ၊ တရုတ်ဘာသာ၊ ချင်းဘာသာ စသည်တို့ဖြင့် ကိုးကားတင်ပြကြသည်။

အနုပညာလက်ရာတစ်ခု ဖြစ်ပေါ်လာရန် တွေးတောကြံစည်ရခြင်း ကဏ္ဍသည် လုပ်ငန်းပိုင်းဆိုင်ရာ ပန်းအလုပ် ဖြစ်သည် ဟုဆိုပါသည်။ “ပန်း”ဟု ပညတ်ခေါ်ဆိုကြသည်မှာ မွမ်းမံခြယ်လှယ် စီမံရသော သုခုမအနုပညာ ပါသော လုပ်ငန်းဖြစ်ခြင်းကြောင့် သုခုမအနုပညာကို တင်စား၍ ခေါ်ကြောင်း အချို့ပညာရှိများက ယူဆကြသည်။

ပန်းဆယ်မျိုးဆိုသည်မှာ မြန်မာ့သုခုမ အနုပညာရပ်များဖြစ်သည့် ...

(၁)ပန်းပု
(၂)ပန်းပွတ်
(၃) ပန်းတမော့
(၄) ပန်းတဉ်း
(၅) ပန်းယွန်း
(၆) ပန်းပဲ
(၇) ပန်းချီ
(၈) ပန်းတိမ်
(၉) ပန်းတော့
(၁၀) ပန်းရံ တို့ကို ဆိုလိုခြင်းဖြစ်။

Blacksmith (ပန်းပဲ ba-bè)
Woodcarving (ပန်းပု ba-bu)
Goldsmith (ပန်းထိမ်‌ ba-dein)
Stucco relief (ပန်းတော့ pan-daw)
Masonry (ပန်းရန်‌ pa-yan)
Stone carving (ပန်းတမော့ pan-ta-maw)
Turnery (ပန်းပွတ်‌ pan but)
Painting (ပန်းချီ ba-gyi)
Lacquerware (ပန်းယွန်း pan-yun)
Bronze casting (ပန်းတဉ်း ba-din)

ဘုရားမတင်၊ နတ်မဝင်၊ လူတွင် ဆယ်ပွင့်ပန်း(သို့)ဘုရားမတင်၊ နတ်မဝင်၊ လူတွင် ပန်းဆယ်မျိုး ဟုလည်း ခေါ်စမှတ်ပြုသည်။

ပဲ = ပန်းပဲ(သံထည်ထုလုပ်ခြင်း အတတ်ပညာ)
 


ထိမ် = ပန်းထိမ်(ရွှေငွေ စသည့်လက်ဝတ်တန်ဆာမှစ၍ အသုံးအဆောင်ပစ္စည်းအမျိုးမျိးကို သွန်းထု ခတ်လုပ်သည့်ပညာ)


တဉ်း = ပန်းတဉ်း(ကြေးထည် ပုံစံအမျိုးမျိုး သွန်းလုပ်သည့်ပညာ)
 


တော့ = ပန်းတော့(အင်္ဂတေ၊ သရွတ်ဖြင့် ရုပ်လုံး ရုပ်ကြွ အမွှမ်းတင်တန်ဆာ ပြုလုပ်သောပညာ)
 


ရန် = ပန်းရန်(အုတ်၊ အင်္ဂတေတို့ဖြင့် အဆောက်အဦ တည်လုပ်သည့်ပညာ)
 


ပု = ပန်းပု(သစ်သား၊ ဆင်စွယ်၊ ဖယောင်း စသောဝတ္တုပစ္စည်းများကို ရုပ်လုံးရုပ်ကြွ ထွင်းထုသည့်ပညာ)
 


မော့ = ပန်းတမော့(ကျောက်သားကို ထုဆစ်သည့်ပညာ)
 


ပွတ် = ပန်းပွတ်(သစ်သား၊ ဆင်စွယ် ပစ္စည်းများကို လိုရာပုံစံအတိုင်း ချောမွတ်အောင် ပွတ်ခံပြုလုပ်သည့်ပညာ)


ချီ = ပန်းချီ(ဆေးရေး၊ ခဲရေး ရုပ်ပုံ ရေးခြယ်သည့်ပညာ)
 


ယွန်း = ပန်းယွန်း(သရိုးဖြင့် ပန်းနှင့် ရုပ်ကြွတင်၍ ပြုလုပ်သည့်ပညာ။ ယွန်းထည်ပညာ၊ ပန်းထိုးယွန်း ဟုလည်းခေါ်သည်။)