အရွယ်ဆယ်ပါး နေဝင်တော့မည်
<><><><><><><><><><><>
🔹 20 - တစ်ဝိုက် အပျော်ကြိုက်
မိတ်လိုက်ရင်းနဲ့ အချိန်ကုန် …
🔹 အလှပဆုံး 30 - နှုန်း
လူလုံးပြလျှက် အချိန်ကုန် …
🔹 40 - တစ်လွှား ဓနအား
ကြွားလုံးထုတ်လျက် အချိန်ကုန် …
🔹 50 - တစ်ကွက် ဥာဏ်ထက်မြတ်
ဥာဏ်နက်ထုတ်ရင်း အချိန်ကုန် …
🔹 60 - တစ်လွှား အားဆုတ်သွား
ကြုံးဝါးရင်းနဲ့ အချိန်ကုန် …
🔹 70 - တွင်း ခါးမတင်း
ဟင်းချရင်းနဲ့ အချိန်ကုန် …
🔹 80 - မှာတော့ ခါးပင်ကော့
မော့မော့ကြီးနဲ့ အချိန်ကုန် …
🔹 90 - တစ်ကွေ့ သတိဝေ့
မေ့မေ့ကြီးနဲ့ အချိန်ကုန် …
🔹 ထိုင်၍မကောင်း100 - ညောင်း
လဲလျောင်းရင်းနဲ့ အချိန်ကုန် …
#မဟာဗောဓိပင်_ဆရာတော်_ဘုရား
Credit