စကားပြောတတ်ခြင်းဟာ ပညာရပ်တစ်ခုပါ။

********************************

စကားကို ထိန်းထိန်းသိမ်းသိမ်း ပြောတတ်ခြင်း
ဟာလည်း ပညာရပ်တစ်ခု ဖြစ်ပါတယ်။.
   
ရောဂါဆိုတာ 
ပါးစပ်ပေါက်ကနေ ၀င်ပါတယ်။
မဆင်မခြင် စားခဲ့ရင်ပေါ့၊
ပြဿနာ ဆိုတာလည်း ပါးစပ်ပေါက်ကနေ 
ထွက်ပါတယ်။ မဆင်မခြင်ပြောခဲ့ရင်ပေါ့၊

စကားကို ဘယ်လိုပြောမယ်၊ 
ဘယ်အချိန်မှာပြောမယ်၊
အာယားတိုင်း လျှောက်မပြောဘူး၊ 
ဒါတွေဟာ စကားပြောတဲ့ အနုပညာပါ။ 

စကားပြောတတ်ဖို့ သုံးနှစ်တောင်မှ 
ကောင်းကောင်း မသင်ခဲ့ ရပါဘူး၊
ပါးစပ်ပိတ်တတ်ဖို့ တစ်သက်လုံး 
ကြိုးစားခဲ့ရပါတယ်။
ဒါလည်း အဆင်မပြေခဲ့ပါဘူး၊

ကျွန်တော်က စကားကြောင့် 
အကြီးအကျယ် ပြဿနာ မဖြစ်ခဲ့ပေမဲ့၊ 
ပြောပြီးနောင်တရတာတော့ ခဏခဏပါ။

ကိုယ့်စကားနဲ့ကိုယ် အရှက်ရတဲ့ အခါလည်း 
ကြုံဖူးရပါတယ်။ ပိုင်ပိုင် နိုင်နိုင် မသိတဲ့ 
ကိစ္စတစ်ခုကို မသိပါဘူးလို့ မငြင်းဆိုရဲဘဲ 
သိယောင်ယောင်နဲ့ ဖြေဆိုခဲ့တဲ့ အခါမျိုးမှာ 
ပိုဖြစ်တတ်ပါတယ်။

ရှေးရှေးတုံးက တပည့်က ပညာရှိ
ဆရာဂုရု တစ်ဦးကို မေးမြန်းခဲ့ဖူးပါတယ်။
စကားများများပြောဆိုတာ ကောင်းပါသလားတဲ့

ဆရာက ဒီလိုဖြေဆိုပါတယ်၊
 " ဖားတွေ၊ ယင်ကောင်တွေ တစ်နေ့လုံး
အော်နေတာပဲ၊ဘယ်သူကမှ အရေးမစိုက်ပါဘူး၊
ကြက်ဖက မနက်ပိုင်းမှာပဲ တွန်တယ်၊ 
ဒါပေမဲ့ လူတွေက အလေးထားကြတယ်တဲ့

အမှန်တော့ စကားပြောကောင်းတယ်ဆိုတာ
စကားကို လှလှပပ ပြောတတ်တာ မဟုတ်ဘူး၊
သင့်တော်တဲ့ အချိန်မှာ သင့်တော်တဲ့ စကားကို
သင့်တော်တဲ့ အနေအထားမှာ 
ပြောဆိုတတ်တာကို ဆိုလိုပါတယ်။

ဆိတ်ဆိတ်ငြိမ်ထောင်တန်တယ်ဆိုတာ
ငြိမ်သက်သင့်တဲ့အခါမျိုးမှာ ငြိမ်ငြိမ် လေး 
နေတတ်ခြင်းကိုပြောတာပါ။

ကိုယ့်ကိုယ်ကိုယ် ဆုံးမဖို့ ရေးလိုက်ပါတယ်။ 
အားလုံး မင်္ဂလာပါ။

AKL
မူရင်းရေးသာသူအား Credit ပေးပါသည်။