တစ်နေ့တော့ ဘုန်းကြီးကျောင်းကို လူတစ်ယောက်က ရောက်လာပြီး “အရှင်ဘုရား … အရက်သောက်တာ အပြစ်ရှိသလားဘုရား”
“ရှိပါတယ် ဒကာ”“ဒါဆို တစ်ခု မေးပါရစေဘုရား”
“မေးပါ ဒကာ” “စပျစ်သီးစားတာ အပြစ်ရှိလားဘုရား”
“မရှိပါ ဒကာ”“စပျစ်သီးနဲ့ ရေနဲ့ ရောသောက်ရင်ရော ဘုရား”
“အပြစ်မဖြစ်ပါ” “စပျစ်သီးထဲကို ရေထည့်၊ အဲဒီအထဲကို တဆေးလေးနည်းနည်းထည့်ပြီး ဖောက်ထားတာကို သောက်ရင် အပြစ်ဖြစ်သလားဘုရား”
“ဘာကို ပြောတာလဲ ဒကာ” “စပျစ်သီးရယ်၊ ရေရယ်၊ တဆေးရယ် ရောလိုက်ရင် အရက်ဖြစ်သွားတယ် ဘုရား။ ဒါကြောင့် အဲဒီလို လုပ်သောက်တာဟာ အပြစ်ဖြစ်နိုင်ပါ့မလား”ဘုရား
ဆရာတော်က ဘာပြန်ပြောရမှန်းမသိ ခေတ္တ စဉ်းစားလိုက်ပြီးနောက် “ဒကာကြီး”
“ဘုရား”“ဟော ဒီ မြေမှုန့်နည်းနည်းကို ဒကာကြီးခေါင်းပေါ် ဖြူးလိုက်မယ် … နာလား”
“ဘယ် နာမှာလဲ ဘုရား “ဟုတ်ပြီ … အဲဒီ မြေမှုန်ကို ရေနဲ့ နယ်ပြီးတော့ ဒကာကြီး မျက်နှာကို ပက်မယ်ဆိုရင် နာမလား”
“မနာပါဘူးဘုရား” “ကောင်းပြီလေ … အဲဒီ မြေမှုန်ရယ်၊ ရေရယ် ရောနယ်ထားပြီး ဖုတ်ထားတဲ့ အုတ်နဲ့ ဒကာကြီးခေါင်းကို ထုမယ် ဆိုရင်ရော”
ဒကာက ဆရာတော်ကို ဦးကုန်းချတယ်။ “တပည့်တော် သဘောပေါက်သွားပါပြီဘုရား”
“အေး … သာဓု … သာဓု … သာဓု”
*တင်ညွန့်* *စကားအရာ ကြွယ်ဝ ကြပါစေ*

