"ဘဝဆိုတာ ရပ်တန့်ထားလို့ မရတဲ့အရာ"
*************************************
ဘဝမှာ အကြိမ်ကြိမ်အနိုင်ရနေတဲ့သူတွေ မရှိသလို။
အကြိမ်ကြိမ် ရှုံးနိမ့်လဲကျနေတဲ့သူတွေလည်း မရှိပါဘူး။
အမြဲတမ်း အောင်မြင်နေတဲ့သူတွေ မရှိသလို။
အမြဲတမ်း ရှုံးနိမ့်နေတဲ့သူတွေလည်း မရှိပါဘူး။
ဘဝက ခက်ခဲပြီဆိုတာနဲ့ စိတ်ဓါတ်ကကျသွားတတ်ကြတယ်။
အဓိပ္ပါယ်ရှိတဲ့ဘဝကိုလိုချင်ရင်။ ခက်ခဲတဲ့ဘဝကို ကျော်ဖြတ်နိုင်ဖို့လိုပါတယ်။
ဘဝဆိုတာ ရပ်တန့်ထားလို့မရသလို" နောက်ဆုတ်သွားလို့လည်း မရပါဘူး။
ရှေ့ကိုသာတိုးပြီး အကောင်းဆုံးလျှောက်လှမ်းနိုင်ဖို့ပဲ အရေးကြီးပါတယ်။
ဘဝမှာ
သင့် ခြေထောက်တွေကောင်းနေသမျှ ရှေ့ကိုလျှောက်လှမ်းနေရမှာပါပဲ။
ဘဝမှာ
ခြေထောက် မကောင်းရင် လက်ကိုအားပြုလျှောက်ပါ"
လက်မကောင်းရင် ဘေးတိုက်တရွတ်တိုက်သွားပါ" ဘယ်လိုပဲသွားသွား" ရှေ့ရောက်အောင်သွားနိုင်ဖို့သာ မဓိကပါ။
အမြင့်ကိုရောက်ဖို့ ပင်ပင်ပန်းပန်း ကျော်ဖြတ်ရမယ့် လှေကားထစ်တွေက တစ်ထစ်ချင်းစီ ခက်ခက်ခဲခဲ ကျော်တက်ရမှာကို မကြောက်ပါနဲ့။ ဘဝဆိုတဲ့ သီအိုရီမှာ လွယ်ကူခြင်းဆိုတာမရှိပါဘူး။
ဘဝမှာ"
အောင်မြင်နေလို့လည်း ခေါင်းမော့ ရင်ကော့ပြီး မော်ကြွားနေစရာမလိုအပ်သလို။
ရှုံးနိမ့်လဲကျနေလို့လည်း စိတ်ဓာတ်ကျ အားငယ်နေစရာမလိုပါဘူး။
ဘဝမှာ"
သူများနှာခေါင်းပေါက်နဲ့ မသက်မရှူပဲ
ကိုယ့်အားကိုကိုးပြီး ကိုယ့်မျှော်လင့်ချက်နဲ့ ကိုယ့်လမ်းကိုမှန်မှန်လျှောက်နေဖို့သာ အရေးကြီးပါတယ်။
ဘဝဆိုတဲ့ခရီးက လျှောက်ရင်းနဲ့ နေတတ်ရင် ကျေနပ်စရာတွေ အများကြီိးဆိုတာ သင်တစ်ဖြည်းဖြည်းခြင်း သိလာပါလိမ့်မယ်။
ဘဝဆိုတာ ကြမ်းတမ်းမှုတွေကျော်ဖြတ်ပြီးရင် " အေးချမ်းမှုတွေလည်း ရောက်ရှိလာဦးမှာပါ။
ဘာပဲဖြစ်ဖြစ် ဘဝဆိုတာ ကြိုးစားနေသူအတွက် " အောင်မြင်မှုဆိုတာ ရရှိလာမှာ မလွဲမသွေပါပဲ။
#Crd Original uploader.
________________________________
[ Unicode ]