မမြဲသောခန္ဒာသည်
မြဲသောဓမ္မတရားကို
ကာကွယ်ပေးနိုင်စွမ်းမရှိ။
မကောင်းသောမုသားသည်
ကောင်းသောဆင်ခြင်တုံတရားကို
လွှမ်းမိုးနိုင်စွမ်းမရှိ။
မအေးမျှသောအာဃာတသည်
အေးမျှသောမေတ္တာတရားကို
ချေဖြတ်နိုင်စွမ်းမရှိ။
မဖြောင့်မှတ်သောလှုံဆော်မှုသည်
ဖြောင့်မှတ်သောကိုယ်ကျင့်တရားကို
ယိမ်းယိုင်နိုင်စွမ်းမရှိ။
မထားအပ်သော စဉ်းလဲမှုသည်
ထားအပ်သောဗြဟ္မစိုရ်တရားကို
တုန်လှုပ်နိုင်စွမ်းမရှိ။