```နောက်ဆုံးအိမ်ပြန်ချိန်´´´
(သို့မဟုတ်)
``````ဘိတ်အိမ်ပြန်ချိန်´´´´´´
ဘိတ်ဆိုတာ
ကျွန်တော့်ရဲ့
ကျော်ဖြတ်နေရသော
နေ့ရက်များရှိ
နောက်ဆုံးဖြစ်
(ဖြစ်)နေသော
အချိန်တွေထဲမှ
အိမ်ပြန်ချိန်
နေရာလေး
တစ်ခုပါပဲ
ဘိတ်နှင့် အိမ်ဟာ
ကျွန်တော်အတွက်
ခွဲခြား၍မရ
ကျွန်တော်ရဲ့
စံပျော်ရာဒေသ(နေရာ)
ဆိုလဲ မမှားသလို
ချစ်သူ ခင်သူ
မုန်းသူ မေ့သူ တို့၏
ရသပေါင်းများစွာနှင့်
ပြည့်နက်နေတဲ့
ဒီမြို့လေးမှ
ဘယ်နေရာကိုပဲ
ထွက်သွားရပါစေ
နောက်ဆုံး
အိမ်ပြန်ချိန်
နေရာလေးကတော့
ရင်ထဲမှာရှိလျက်ပါ။
အဲတာက
နောက်ဆုံးဆိုသော(ဘိတ်)

