ကြက်ကလေးက ကြက်မကြီးကိုမေးတယ်၊

`မေမေ .. ဒီနေ့ ဥမဥလို့ရလား.. သားတို့အပြင်ထွက်လျှောက်လည်ကြမယ်လေ.. ´
ကြက်မကြီးက ` မရဘူးသား၊ မေမေ့အလုပ်ရှိသေးတယ်´
`ဒါပေမယ့် မေမေ အများကြီးဥခဲ့ပြီးပြီလေ ´ လို့ ကြက်ကလေးက ပြန်ပြောတယ်
ကြက်မကြီးက လေးလေးနက်နက် အသံနဲ့ ကြက်ကလေးကို ပြန်ပြောတယ်..
` အမေ တစ်နေ့ဥတစ်လုံးဥမှ လယ်သမားကြီးရဲ့ဟင်းခွက်ထဲ မရောက်မှာ..
ကလေးနင်မှတ်ထား ....
အသက်ရှင်ရပ်တည်မှုဆိုတာ ဖန်တီးထုတ်လုပ်မှုရဲ့တန်ဖိုး၊
သေဆုံးမှုဆိုတာ အဲဒီတန်ဖိုးမဲ့သွားလို့၊
အရင်ကလုပ်ခဲ့သမျှက အနာဂတ်နေရာမြဲဖို့ဘယ်လိုမှမစွမ်းဆောင်နိုင်ဘူး၊
အဲဒါကြောင့် နေ့တိုင်းနေ့တိုင်း ကြိုးစားအားထုတ်ရမယ်။
တကယ်လို့မင်းက သိမ်းငှက်တစ်ကောင်ဆိုပါစို့၊
ဘယ်သူမှ လက်ခုပ်မတီးလည်း
မင်း အမြင့်ပေါ်မှာပျံသန်းနေရမယ်။
တကယ်လို့မင်းက မြက်ကလေးတစ်ပင်ဆိုရင်
ဘယ်သူမှ တန်ဖိုးလာမထားလည်း
မင်းရှင်သန်ရမယ်။
တကယ်လို့မင်းက ချောက်ကမ်းပါးပေါ်က ပန်းတစ်ပွင့်ဆိုရင်
ဘယ်သူမှ လာမွှေးမယ့်သူမရှိလည်း
မင်း မွှေးကြိုင်သင်းပျံ့နေရမယ်။
တကယ်လို့မင်းက ဒီဇိုင်နာဆိုရင်
ဘယ်သူမှ အားပေးမှုမရှိလည်း
မင်းရဲ့ဖန်တီးမှုကိုအမြဲပြုလုပ်နေရမယ်။
အလုပ်လုပ်တာ
လူတိုင်းအားပေးမှ မင်းအလုပ်လုပ်ရမှမဟုတ်ပါဘူး
အကောင်းဆုံးရေကုန်ရေခမ်းလုပ်ဖို့သာမင်းတာဝန်ပါ။
အသက်ရှင်ရပ်တည်ဖို့
လူတိုင်းအချစ်ခံဖို့မလိုပါဘူး
အရိုးစင်းဆုံးနေသွားဖို့သာ မင်းတာဝန်ပါ။
ကိုယ့်ရဲ့ရည်မှန်းချက်အတွက် တပါးသူရဲ့ပြက်ရယ်လှောင်ဖွဲ့ခြင်းကိုခံရမယ်၊
အဲတော့ ဘာဖြစ်လဲ၊
သူတို့ပြက်ရယ်ကို အောင်မြင်မှုဆီတပါတည်းခေါ်သွားပြီး အလှဆင်လိုက်ပေါ့၊
စိတ်အားကျနေစဉ်
မျက်နှာမှာမပေါ်လွင်နေစေပါနဲ့၊
ဘာဖြစ်လို့လဲဆိုတော့ ဘယ်သူမှမမြင်ချင်လို့ပါ။
ဆင်းရဲကျပ်တည်းနေလည်း
ပါးစပ်က ထုတ်မပြောပါနဲ့
ဘာဖြစ်လို့လဲဆိုတော့ ဘယ်သူမှ အလကားပိုက်ဆံမထုတ်ပေးပါ။
အလုပ်အကိုင် အရမ်းပင်ပန်းနေလည်း
ထုတ်ဖော်မညဉ်းညူလိုက်ပါနဲ့
ဘာဖြစ်လို့လဲဆိုတော့ ဘယ်သူမှမင်းအစားထိုးမလုပ်ပေးပါ။
အသက်ကြာကြာမရှင်ရတော့လည်း
မကောင်းမှုကိုမပြုပါနဲ့
ဘာဖြစ်လို့လဲဆိုတော့ ဘယ်သူမှ မင်းအသက်ကိုပိုရှည်အောင်လုပ်နိုင်စွမ်းမရှိလို့ပါ၊
အသက်ရှင်ရပ်တည်မှုခက်ခဲလည်း
မျှော်လင့်ချက်မသေဆုံးလိုက်ပါနဲ့၊
ဘာဖြစ်လို့လဲဆိုတော့ နောက်မနက်ဖြန်များစွာကျန်ရှိနေသေးလို့ဖြစ်တယ်။
မင်းဘယ်လောက်ဆိုးသွမ်း ဆိုးသွမ်း
မိဘကိုတော့ရိုသေရမယ်၊
ဘာဖြစ်လို့လဲဆိုတော့ မင်းမှာလည်းအိုရမယ့်တစ်ရက်ရှိလို့ဖြစ်တယ်။
တပါးသူကျနော့်နောက်ကျော ဓားနဲ့ထိုးမှာမကြောက်ပါဘူး၊
အေး .. ထိုးတဲ့သူကမင်းအချစ်ဆုံးသူမဖြစ်နေစေနဲ့။
ကျနော့်စိတ်ထဲရှိသမျှ အချစ်ဆုံးသူငယ်ချင်းကိုပြောဖို့ဝန်မလေးပါဘူး၊
အေး... သူက မင်းကိစ္စကို သူများနဲ့ဟာသတစ်ပုဒ်လိုအပြောမခံမိစေနဲ့။
တကယ်လို့ဝမ်းနည်းစရာတစ်စုံတစ်ခုကိုကြုံတွေ့တိုင်း ကောင်းကင်ကြီးကိုမော့ကြည့်ပါ၊
သူ ဒီလောက်ကြီးတာ .. မင်းဝှက်ထားစရာနေရာတစ်ခုတော့ရှိမှာပေါ့။
မင်းကိုကူညီခဲ့ဖူးတဲ့သူကို မင်းမမေ့နဲ့၊
မင်းကိုချစ်ခဲ့ဖူးတဲ့သူကို စိတ်ဒဏ်ရာရအောင်မလုပ်နဲ့၊
မင်းကိုယုံကြည်ခဲ့ဖူးတဲ့သူကို မလိမ်ညာနဲ့။
အချိန်က အရာအားလုံးကိုသက်သေပြနိုင်တယ်လို့ ဘယ်သူမှအာမ မခံနိုင်ဘူး၊
ဒါပေမယ့် မင်း အရာအချို့ကိုနားလည်သဘောပေါက်နိုင်မယ်လို့ အာမခံ နိုင်တယ်။