ကိုယ့်အပေါ် ကြင်နာသူတွေကို ပြန်ဂရုစိုက်တတ်ဖို့အတွက် ကျွန်တော် ကြိုးစားရဦးမယ်။

ကိုယ့်အပေါ် ခွင့်လွှတ်သည်းခံပြီး နားလည်ပေးသူတွေကို ပြန်ပြီး နားလည် ပေးတတ်ဖို့အတွက်ကျွန်တော် ကြိုးစားရဦးမယ်။

စစ်မှန်တဲ့ သူငယ်ချင်းကောင်းတွေ ရှားပါးလာတဲ့ ခေတ်ကြီးမှာ အပေါ်ယံမဟုတ်တဲ့ သူငယ်ချင်းအပေါင်းသင်းတွေကို တန်ဖိုးထားတတ်ဖို့အတွက်
ကျွန်တော် ကြိုးစားရဦးမယ်။

အချစ်စစ် မဟုတ်တဲ့ အတုအယောင် အချစ်မျိုးတွေနဲ့တွေ့တဲ့အခါ ဘဝပါယိုင်နဲ့ မသွားအောင် တည်ငြိမ်နိုင်ဖို့အတွက် ကျွန်တော် ကြိုးစားရဦးမယ်။

ငွေမရှိလို့ အနှိမ်ခံရတဲ့ ဘဝကနေ လွတ်မြောက်ဖို့အတွက် ချွေတာသင့်တာ ချွေတာဖို့ ကျွန်တော် ကြိုးစားရဦးမယ်။

လူတွေရဲ့ ကဲ့ရဲ့မှုတွေ အပြစ်တင် ဝေဖန်မှုတွေကို
လိုက်ပြီး ဂရုမစိုက်တတ်တဲ့ လူတစ်ယောက်ဖြစ်ဖို့အတွက် ကျွန်တော် ကြိုးစားရဦးမယ်။

ဝမ်းနည်းမှုတွေ သိမ်ငယ်မှုတွေနဲ့ နာကျင်စရာတွေကို ရင့်ကျက်စွာဖြတ်ကျော်နိုင်တဲ့ လူတစ်ယောက် ဖြစ်ဖို့အတွက် ကျွန်တော် ကြိုးစားရဦးမယ်။

လောကဓံရဲ့ ရိုက်ခတ်မှု ဒဏ်တွေကို အပြုံးနဲ့ ကျော်လွှားနိုင်တဲ့ လူတစ်ယောက် ဖြစ်အောင်
ကျွန်တော် ကြိုးစားရဦးမယ်။

ဘဝကို လွယ်လွယ်နဲ့ အရှုံးပေးသူ တစ်ယောက်
မဖြစ်အောင် ကျွန်တော် ကြိုးစားရဦးမယ်။

ကျွန်တော် ကြိုးစားရဦးမယ်၊ ကျွန်တော် ကြိုးစားရမယ်၊ ကျွန်တော် ကြိုးစားမှ ဖြစ်မယ်၊ ကြိုးစားပါ
အပျင်း မထူပါနဲ့။