လူတိုင်းမှာ သဘောကျတဲ့ လူတစ်ယောက်ရှိတယ်။ သဘော ကျရတဲ့သူနဲ့ ချစ်သူဖြစ်ချင်တာမျိုး မဟုတ်ဘူး။

အဲဒီလူရဲ့ အပြောအဆို အပြုအမူလေးတွေကအစ ကိုယ့် အတွက် သဘောကျစရာ ဖြစ်နေတာမျိုးပေါ့။

သူနဲ့ စကားပြောနေရရင်. . . ..

သူ့အကြောင်း တွေးမိရင် .. သူ့အကြောင်း တစ်စုံတစ်ခု ကြားလိုက်မိရင် ကျေနပ်နေတာ မျိုးလေး ဆိုပါတော့။

အဲဒီလူဟာ ပညာတွေ အများကြီး တတ်ချင်မှ တတ်လိမ့်မယ်။ စည်းစိမ်တွေ ရှိချင်မှ ရှိလိမ့်မယ်။ ရုပ်လည်း ချောချင်မှ ချောလိမ့် မယ်။

သို့ပေမဲ့ အဲဒီလူက ကိုယ့်အတွက်တော့ အရာရာ ပြည့်စုံနေ တယ်လို့ ခံစားရနေတာမျိုး။