အကောင်းမြင်စိတ်များဖြင့် သင့်ကိုယ်သင် ဝန်းရံလိုက်ပါ။

အသိုင်းအဝိုင်းက အရေးပါပါတယ်။

ကောင်းမွန်ယဉ်ကျေးတဲ့ အသိုင်းအဝိုင်းမှာ ကြီးပြင်းကြတဲ့ ကလေး တွေဟာလည်း လိမ္မာယဉ်ကျေးတတ်ကြတယ်။ အချစ်ခံရတဲ့ ကလေး တွေက ပိုချစ်တတ်ကြတယ်။

အဓိကက လူတွေဟာ သင်ယူတတ်တဲ့ သတ္တဝါတွေ ဖြစ်လို့ တစ် ယောက်ယောက်ဆီက ကောင်းမွန်စွာ ဆက်ဆံခံရရင် ကိုယ်တိုင်လည်း သဘောကျနှစ်သက်ပြီး သူတစ်ပါးကိုလည်း ဒီခံစားချက်အတိုင်း ပြန် ပေးတတ်ကြတာပေါ့ ။

ဒါကြောင့် အသိုင်းအဝိုင်းက သိပ်အရေးကြီးပါတယ်။ သင့်ဘေး က အသိုင်းအဝိုင်းကိုလည်း သတိထားပါ။ အထူးသဖြင့် ကျွန်တော် တို့မှာ လက်တွဲခေါ်တတ်တဲ့၊ အလုပ်ကြိုးစားတတ်တဲ့၊ အကောင်းမြင် တတ်တဲ့၊ အကြံဉာဏ်ပေးတတ်တဲ့၊ မိမိအကျိုးကို လိုလားတဲ့၊ အတူ တူတိုးတက်အောင်မြင်ချင်တဲ့၊ ဘဝမှာ ကြိုးစားနေထိုင်တတ်တဲ့ မိတ် ဆွေကောင်းတွေ ရှိဖို့ လိုပါတယ်။

သင်ကိုယ်တိုင်လည်း အဲဒီလိုမိတ်ဆွေတစ်ယောက်ဖြစ်ဖို့ရာ လိုအပ်ပါတယ်။

နေဗလ်