(၁) ဗဟုသုတကြွယ်ဝခြင်း

စာဖတ်ကျင့်ရှိတဲ့ သူတွေဟာ 
ကိစ္စတိုင်းကို ခေါင်းအေးအေးနဲ့
 ဖြေရှင်းနိုင်စွမ်းရည် ပိုကောင်းပါတယ်။

(၂) ဘ၀တိုးတက်ခြင်း

စာဖတ်မှသာလျင် 
မိမိဘ၀တိုးတက်နိုင်ပါတယ်။ 
စာဖတ်ခြင်းအားဖြင့် လောကကြီးအကြောင်းကို ပိုသိရှိုနိုင်ပါတယ်။

(၃) နားလည်နိုင်စွမ်းရည် တိုးတက်ခြင်း

စာအုပ်များများ ဖတ်တဲ့အခါ 
နားလည်မှုစွမ်းရည် မြင့်တက်ပြီး
 လောကကြီးရဲ့ အကြောင်းပိုနားလည်လာပါတယ်။ 

(၄) ပွဲမ၀င်ခင် ပြင်ဆင်ခြင်း

 စာဖတ်ခြင်းက ကိုယ့်လုပ်မယ့်အရာတစ်ခုကို ဘယ်လိုပြင်ဆင်ရမယ် ဘာတွေလိုအပ်မယ်နဲ့ ပြတ်သားတဲ့ဆုံးဖြတ်ချက်ကိုချနိုင်အောင် သွန်သင်ပြသပေးနိုင်ပါတယ်.။

(၅) အခြားသူများထံမှ အတွေ့အကြုံရရှိခြင်း

ဘ၀ဆိုတာ ခေါက်ရိုးကျိုး အမှားတွေကို ထပ်ခါထပ်ခါ လုပ်နေဖို့ အချိန်မရှိပါဘူး။ တိုတောင်းလွန်းပါတယ်။ 

ဒါကြောင့် အောင်မြင်သူတွေရဲ့ အကြံဥာဏ်၊ ကျရှုံးသူတွေရဲ့ လုပ်ရပ်တွေကို သိထားတဲ့အတွက် စာဖတ်ခြင်းဖြင့် ပြင်ဆင်စရာကိုသိပြီး
ဆင်ခြင်စရာကိုနားလည်နိုင်စေပါတယ်.။

(၆) ဆက်ဆံရေး မဟာဗျူဟာ ကောင်းခြင်း

စာဖတ်ခြင်းဖြင့် လူမှုပေါင်းသင်းဆက်ဆံရေးဘက်မှာ မဟာဗျူဟာ ကောင်းစေပြီး ဘယ်လိုလူနဲ့ ဘယ်လိုပေါင်းသင်းရမယ်ဆိုတာ စာအုပ်ထဲက သွန်သင်ပေးနိုင်ပါတယ်.။ 

(၇) အာရုံစူးစိုက်ခြင်း

စာအုပ်တစ်အုပ်ကို အေးအေးဆေးဆေး 
တိတ်တိတ်ဆိတ်ဆိတ် ထိုင်ပြီး
ဖတ်နေမယ်ဆိုရင် စာရေးဆရာဘာကို 
ဆိုလိုသလဲဆိုတာ ရှင်းရှင်းလင်းလင်း
နားလည်ပြီး အာရုံစုစိုက်မူက 
ပိုမိုထိရောက်စေဒါကြောင့်

စာဖတ်ခြင်းကနေ ကိုယ်ရဲ့ဦးတည်မူအပေါ်ကိုလဲ အာရုံစူးစိုက်မူကောင်းစေနိုင်ပါတယ်.။

(၈)အတွေးအခေါ်ကောင်းခြင်း

စာဖတ်ခြင်းက 
  မဖြစ်နိုင်ဖူးဆိုတာ လောကမှာ မရှိ၊ မဖြစ်သေးတာပဲ ရှိတယ် ဆိုတဲ့ စိတ် ခံစားချက်ကို
ဖော်ထုပ်ပေးစေပါတယ်.။

စာဖတ်ခြင်းဖြင့် ဘဝကိုမြင့်တင်နိုင်ပါစေ...

Credit_