(၁) မပျင်းပါနဲ့ ပျင်းရိနေတာက အချိန်ကုန်စေပါတယ်။စိတ်ကူးယဉ်မနေပါနဲ့။ လုပ်စရာရှိတာ အခုပဲ ထလုပ်လိုက်ပါ။ 

(၂) ဘ၀ရဲ့စိန်ခေါ်မှုတွေကို ရှောင်ဖို့မကြိုးစားပါနဲ့ ။ဘ၀ကို ပုံပြင်စာအုပ်တစ်အုပ်လို့ သဘောထားပါ။တစ်ချို့စာမျက်နှာတွေ မရှိဘူးဆိုရင် အဓိပယ်ရှိမှာမဟုတ်ပါဘူး။ဘာကိုမှမကျော်ပဲ တစ်မျက်နှာချင်းလှန်ဖတ်သွားရင် ဘ၀ရဲ့ရသကို ခံစားရမြာပါ။

(၃) တသမတ်တည်း မလျှောက်လှမ်းပါနဲ့အသံရင်းမြစ် ဖြစ်ဖို့ကြိုးစားပါ။ပဲ့တင်သံအဖြစ်ကို ကျေနပ်မနေပါနဲ့။ကိုယ်ပိုင်စိတ်ကူးအိပ်မက်အသစ်တွေကိုဖော်ဆောင်ဖို့ သတ္တိမွေးပါ။

(၄) အချိန်ကောင်းကို စောင့်မနေပါနဲ့။အချိန်နဲ့အမျှ ဖြစ်ချင်တာတွေရော မဖြစ်ချင်တာတွေပါဖြစ်ပျက်နေကြတာဖြစ်ပါတယ်။ အချိန်ကောင်းကိုစောင့်မနေပါနဲ့။ ပြီးပြည့်စုံတဲ့ အချိန်ဆိုတာ မရှိပါဘူး။လုပ်စရာရှိတာကို လုပ်ဖြစ်အောင်လုပ်ပါ။

(၅) ဟန်မဆောင်ပါနဲ့ ။လူတွေဘယ်လိုထင်မြင်ယူဆမလဲဆိုတာကို တွေးပူပြီးကိုယ့်ကိုယ်ကို လိမ်ညာဟန်ဆောင်မနေပါနဲ့။ဒီလိုစိုးရိမ်နေမယ်ဆိုရင် သင်ဟာ သင်မဟုတ်တော့ပါဘူး။ပတ်၀န်းကျင်က ပုံသွင်းတာကိုလက်မခံပါနဲ့။ကိုယ်ပိုင်ယုံကြည်ချက်နဲ့ ရပ်တည်ပါ။

(၆) ပင်ကိုယ်စရိုက်ကို မဖုံးကွယ်ပါနဲ့ ။တစ်ခါတရံမှကျင့်၀တ်သိက္ခာတွေကို ဂရုစိုက်နေမယ့်အစား ပင်ကိုယ်စရိုက်ကို ဖော်ထုတ်ပြတတ်ဖို့လိုပါတယ်။ဒါက လူသားတွေရဲ့ သဘာ၀ပါ။

(၇) အရာအားလုံးကို မတတ်သာလို့ လုပ်နေရတာမျိုးမဖြစ်ပါစေနဲ့။ဘ၀ဆိုတာ ရတောင့်ရခဲအခွင့်ထူးတစ်ခုပါ။ဘ၀အတွက်လုပ်ဆောင်ရမှာတွေကို အာရုံစိုက်တတ်မယ်ဆိုရင် ပျော်ရွှင်မှုနဲ့ အကျိုးသက်ရောက်မှုတွေကို ရရှိမှာဖြစ်ပါတယ်။

(၈) အားလုံးကိုတစ်ခါတည်းနဲ့ အောင်နိုင်ဖို့ မကြိုးစားပါနဲ့၊မိုင်ထောင်ချီဝေးတဲ့ခရီးကို ခြေတစ်လှမ်းနဲ့ စရတာဖြစ်ပါတယ်။ ဒါ့ကြောင့် တစ်လှမ်းစီပဲ လှမ်းနိုင်ဖို့ ကြိုးစားပါ။

(၉) အတိတ်ပြဿနာတွေကို အာရုံစိုက်မနေပါနဲ့။အတိတ်ကို အတိတ်မှာပဲထားခဲ့ပါ။ ဘ၀မှာ စမ်းသပ်မှုကိုကျော်ဖြတ်ပြီးမှ သင်ခန်းစာကို သိနိုင်တာဖြစ်ပါတယ်။အတိတ်ကအမှားကို သင်ခန်းစာယူနိုင်ရင် လုံလောက်ပါပြီ။

(၁၀) ဘာဖြစ်နိုင်မလဲ သိပ်မတွေးပါနဲ့ ။အခွင့်အလမ်းတွေက ဖြစ်ချိန်တန်ရန် ဖြစ်လာပါလိမ့်မယ်။တွေးပူမနေပါနဲ့

(၁၁) အရေးမပါတဲ့ကိစ္စတွေကြောင့် အာရုံနောက်မခံပါနဲ့ကောင်းတာတွေရရှိကြုံတွေ့ဖို့ အချိန်ကိုစောင့်ရတာလို့ သထားပါ။ အကောင်းဆုံးပဲလုပ်ပါ။ခြေလှမ်းတိုင်းကို အသိအမှတ်ပြုပါအရာ အားလုံးကို မေ့ထားပါ။

(၁၂) ဘာကိုမြ စွဲမြဲဆုပ်ကိုင်ထားဖို့ မကြိုးစားပါနဲ့ ။ဘ၀ကပြောင်းလဲနေပါတယ်။ဘယ်အရာမှမတည်မြဲဘူးဆိုတာ အမှတ်ရပါ။

(၁၃) လက်ရှိပျော်ရွှင်မှုကို လစ်လျူမရှုပါနဲ့ ။အခုရှိနေတာကိုမှ အသိအမှတ်မပြုရင်လမ်းဆုံးရင်လည်း ရွာတွေမှာမဟုတ်ပါဘူး။အနာဂတ်ကိုအများကြီး မျှော်လင့်ပြီးလက်ရှိဘ၀ကို အလဟဿမဖြစ်ပါစေနဲ့။

(၁၄) အယူချည်းပဲမဖြစ်ပါစေနဲ့ ။ငွေကြေးဥစ္စာပစ္စည်း အရမ်းရှိတယ်ဆိုရင် ချမ်းသာမှုကို ဝေမျှပါ။ မရှိဘူးဆိုရင် နှလုံးသားကို ဝေမျှပါ။ပေးနိုင်သမျှ ပေးကမ်းစွန့်ကြဲပါ။

(၁၅) တစ်စုံတစ်ယောက်က ကိုယ်စားလုပ်ပေးတာကို စောင့်မနေပါနဲ့။ဘယ်သူ့ကိုမှ အားကိုးနေစရာမလိုပါဘူး။ပြောစရာရှိတာပြောပါ။ လုပ်စရာရှိတာလုပ်ပါ။အတွေးနဲ့ ခံစားချက်တွေကို ဖုံးကွယ်မထားပါနဲ့။

(၁၆) အမှန်ဖြစ်ဖို့ အမြဲကြိုးစားမနေပါနဲ့ ။အမှန်တရားဆီကို သွားဖို့လမ်းကြောင်းတွေအများကြီးရှိပါတယ်။တစ်ခါတစ်ရံ အမှန်ကိုသက်သေပြဖို့ထက်အရှုံးပေးလိုက်တာက နှလုံးအေးပါတယ်။

(၁၇) မသိသေးပဲ အကဲမဖြတ်ပါနဲ့ ။အခြားလူတွေကို ရုပ်ရည်သွင်ပြင်နဲ့ အမူအကျင့်ကိုကြည့်ပြီး ကိုယ့်အတွေးနဲ့ကိုယ် အကဲဖြတ်တာကို လျှော့ပါ။ပိုချစ်ခင်တတ်အောင် ကြိုးစားပါ။

(၁၈) အမုန်းကိုလည်း စွဲမြဲမနေပါစေနဲ့ ။တစ်ခုဒါမှမဟုတ် တစ်ယောက်ယောက်ကို မေ့လိုက်ချင်ရင်မမုန်းလိုက်မိပါစေနဲ့။ မုန်းမိတဲ့အရာဟာ နှလုံးသားကိုအချိန်တိုင်းထိုးဆွနေတတ်ပါတယ်။ မမုန်းပါနဲ့။ ခွင့်လွှတ်လိုက်ပါ။

(၁၉) အချစ်ကိစ္စတွေမှာ အဓိပ္ပာယ်မဲတာတွေ သိပ်မတွေးပါနဲ့ဘယ်လိုအခြေအနေမျိုးပဲဖြစ်ဖြစ် အကြွင်းမဲလက်ခံပေးတာကို အားလုံးက လိုချင်ကြပါတယ်။ပြန်ပေးဖို့တော့ ဘာကြောင့် ခက်နေကြတာပါလဲ။အများကြီးမစဉ်းစားပါနဲ့။ပျော်ရွှင်မှုချင်းထပ်တူကျရင် အချစ်စစ်ပါပဲ။

(၂၀) အရင်းနှီးဆုံးမိတ်ဆွေတွေကို ပစ်မထားပါနဲ့။ အမြဲတမ်းဆက်သွယ်နေပါ။ သူတို့အတွက် တိုက်ခိုက်ပါ။ သူတို့ကလည်း သင့်အတွက် တိုက်ခိုက်ပေးပါလိမ့်မယ်။ အရင်းနှီးဆုံးမိတ်ဆွေတွေဟာ ဘ၀နဲ့ ယုံကြည်မှုကိုတွဲကပ်ပေးနိုင်တဲ့ ကော်တစ်မျိုးဖြစ်ပါတယ်။မိမိ တန်ဖိုးထားပေးရင် ထားပေးသလောက် အကျိုးကျေးဇူးရလာဒ်တွေနဲ့ ဘယ်တော့မှ မိမိအပေါ်ကို သစ္စာမဖောက်သောအရာဆိုရင် စာအုပ် စာပေတွေပါပဲ မိတ်ဆွေ..ဘဝအတွက် ခွန်အားဖြစ်စေဖို့ စာများများ ဖတ်ပါ 
-------#crd