#တစ်ယောက်အောင်မြင်တဲ့အချိန်မှာ 
မုဒိတာပွားပေးနိုင်တဲ့ မောင်နှမမျိုး ... 
တစ်ယောက်လဲကျတော့မဲ့အချိန်မှာ 
ဆွဲထူပေးနိုင်မဲ့ မောင်နှမမျိုး....
မိဘတွေမရှိတော့တဲ့အခါ ကျန်နေခဲ့တဲ့ 
သွေးသားရင်းဟာ အချင်းချင်းချစ်နေကြဖို့ 
စိတ်ဝမ်းမကွဲကြဖို့ အရေးကြီးပါတယ် ...

ကြီးလာမှ မောင်နှမတွေ စိတ်ဝမ်းကွဲသွားတာ 
ဘာကြောင့်လည်းဆိုရင် များသောအားဖြင့် 
 ရွေးချယ်လိုက်တဲ့ အိမ်ထောင်ဖက်
သူစိမ်းနဲ့လည်းအများကြီးသတ်ဆိုင်ပါတယ် ... 

မောင်နှမကြားဝင်လာတဲ့ သူစိမ်းဟာ 
စိတ်သဘောထားကြီးရမယ် ...
မုဒိတာပွားနိုင်တဲ့သူဖြစ်ရမယ် 
ရန်တိုက်ပေးမဲ့သူမျိုးမဟုတ်ရင် 
တစ်ခြင်ထောင်ထဲ ချေးလူး သေးလူး 
အတူအိပ်ခဲ့ကြတဲ့ မောင်နှမတွေဟာ
 စိတ်ဝမ်းကွဲဖို့ဆိုတာ ဝေးပါတယ် ...

 #လေးစားစွာဖြင့်