တစ်ခါက လူငယ်တစ်ယောက်ဟာ 
အောင်မြင်ခြင်းရဲ့လျှို့ဝှက်ချက်ကို 
ပညာရှိဆိုကရေးတီးကို မေးတယ်။

ဆိုကရေးတီးစ်သည် ထိုလူငယ်၏
မေးခွန်းကို စိတ်ရှည်စွာနားထောင်ပြီး

အဖြေအတွက် 
နောက်တစ်နေ့နံနက်တွင် မြစ်အနီးတွင် 
တွေ့ဆုံရန် ပြောခဲ့သည်။

နောက်တစ်နေ့မနက်တွင် 
ဆိုကရေးတီးက လူငယ်ကို မြစ်ဆီသို့ 
သူနှင့်အတူ လမ်းလျှောက်ခိုင်းသည်။

မြစ်အနီးသို့ရောက်သည့်တိုင်
ဆိုကရေးတီး မရပ်ဘဲ ရေထဲဆင်း
သွားတယ်။

သူလည်း ကြောက်ကြောက်လန့်လန့်နဲ့ 
ဆင်းလာခဲ့ရတယ်။

ရေက တဖြေးဖြေးနက်သည်ထက်
နက်လာတယ်။

လည်ပင်းအထိရောက်လာတယ်။

လူငယ်လေး၏ အံ့အားသင့်စရာမှာ 
ဆိုကရေးတီးက သူ့၏ ခေါင်းကိုကိုင်ပြီး 
ရေထဲဆွဲနစ်လိုက်တယ်။

လူငယ်သည် ရေထဲမှ ရုန်းထွက်ရန် 
ရုန်းကန်ခဲ့သော်လည်း 
ဆိုကရေးတီးသည် သူ့ထက် ပိုပြီး
သန်မာတယ်။

လူငယ်လေးကို ပြာနှမ်းလာတဲ့အထိ  
ရေထဲနစ်ထားတယ်။

ထို့နောက် ဆိုကရေးတီးက 
အဲဒီလူငယ်လေးရဲ့ခေါင်းကို ရေထဲက 
ဆွဲထုတ်လိုက်တယ်။
 
လူငယ်သည် ပါးစပ်ကိုဟလျှက် 
အသက်ကို ပြင်းပြင်းရှူလိုက်သည်။

ဆိုကရေးတီးစ်က...

မင်းရဲ့ခေါင်းရေထဲမှာ ရှိနေတဲ့အချိန် 
မင်းအတွက် ဘာအလိုချင်ဆုံးလဲ....?'' 
မေးတယ်။

လူငယ်က “လေ” ဟု ပြန်ဖြေသည်။

နောက်ဘာလိုချင်သေးလဲ... ?'' 
မေးတော့
လူငယ်လေးက ခေါင်းကို အလျင်အမြန်
ခါရင်း...

ဘာမှ မလိုချင်ဘူး.... လေတစ်ခုပဲ '' ဟု 
ပြန်ဖြေတယ်။

ဆိုကရေးတီးက.... ပြုံးလျက်

မင်းရေနစ်နေတဲ့အချိန်မှာ အသက်ရှူဘို့
အတွက် လေတစ်ခုတည်းကိုပဲ 
ဆိုးဆိုးရွားရွား လိုချင်သလို 

အောင်မြင်မှုကို ရချင်တဲ့အခါ၊ 
မင်းလိုချင်တဲ့ အောင်မြင်မှုကို 
ရလိမ့်မယ်...''

ဒါက မင်းလိုချင်တဲ့အရာ အားလုံးရဲ့ 
လျှိုဝှက်ချက်ပဲ.....

တခြား
လျှို့ဝှက်ချက် ဘာမှ မရှိပါဘူး......”တဲ့။

လိုချင် ဖြစ်ချင်သော အရာအတွက် ..
ပြင်းပြသောဆန္ဒသည် 
ပြီးမြောက်အောင်မြင်မှု၏ အစမှတ်
ဖြစ်သည်။

သေးငယ်သောမီးသည် အပူများစွာကို 
မပေးနိုင်သကဲ့သို့၊ 
အားနည်းသောဆန္ဒသည် 
ရလဒ်ကောင်းများကို မပေးနိုင်ပါ။...''

Saya U Khin Zaw ( ဘာသာပြန် )