လင်နဲ့မယားကိုမှ 
ပါရမီဖြည့်ဖက်လို့ ပြောတာ မဟုတ်ဘူး
လင်မယား ဖြစ်သွားရုံနဲ့လည်း 
ပါရမီဖြည့်ဖက် မဖြစ်နိုင်ဘူး

စုံတွဲတွေ တော်တော်များများ 
ထင်ထားတာမျိုးက 
နှစ်ကာလ အကြာကြီး တွဲတိုင်း
လက်ဆောင်တွေ အများကြီး 
ပေးတိုင်း ရတိုင်း 
ကိုယ်ချစ်တဲ့သူနဲ့ ညားတိုင်း 
ပါရမီဖြည့်ဖက် ဖြစ်ပြီ ဆိုပြီး 
လက်ခံထားကြတာ များတယ်

တကယ်က 
ဒီထက်တောင် နက်နဲသေးတယ်
ဒါ့ကြောင့် 
ဒီ Topic ထဲမှာ ပါရမီဖြည့်ဖက် ဖြစ်ဖို့အတွက် 
လူအများသိကြတဲ့ ပါရမီဆယ်ပါးကို 
ဘယ်လို ဖြည့်ရမလဲဆိုတာနဲ့ ပတ်သက်ပြီး 
Relationship ရှုထောင့်ကနေ တင်ပြချင်ပါတယ်

တစ်ယောက်ကို တစ်ယောက် 
ကောင်းမွန်တဲ့ အလုပ်တွေ ပိုပိုပြီး လုပ်ဖြစ်အောင် 
ကူညီပံ့ပိုးပေးမှ ပါရမီဖြည့်ဖက်လို့ ခေါ်တာ

ကောင်းမွန်တဲ့ အလုပ်ဆိုတာက ...

(၁) Donation - ပေးကမ်းတာ

တစ်ဖက်လူ အဆင်ပြေစေဖို့ 
ကိုယ့်မှာ မရှိ ရှိတာလေးကနေ 
Sharing လုပ်ပေးတာပါ 
ကိုယ်က ဘာပေးလိုက်ပါတယ် ဆိုတဲ့အပေါ် 
ငါပေးမှ သူရမှာဆိုတဲ့ မာနမျိုး မထားဘူး
ပြန်ရဖို့လည်း မမျှော်လင့်ဘူး 
ဒါကို ဗုဒ္ဓ ဓမ္မမှာတော့ ဒါနပါရမီဆိုပြီး ခေါ်တာပေါ့

(၂) Moral conduct - 
      အကျင့်ကောင်းအောင် နေတာ

စုံတွဲတွေမှာ ဖြစ်နေကျ Conflict က ခြံခုန်ရတာနဲ့
စနိုက်မိသွားနဲ့ ၊ ကြာကူလီရိုက်တာနဲ့ ~ စုံလို့ပဲ
တကယ့်တကယ် ဘယ်သူက, စ 
ရေလာမြောင်းပေး လုပ်လုပ် ~
ကိုယ့်စိတ်က မပါရင် 
ဖောက်ပြန်နေစရာ 
ဘာအကြောင်းမှ မရှိဘူး
ဒီတော့ မဖောက်ပြန်မိအောင် 
နေခြင်းသည်ပင်လျှင် 
ကိုယ့် ကိုယ်ကျင့်သီလကို 
ကောင်းမွန်အောင် ထိန်းခြင်းပဲ ဖြစ်တယ်

(၃) Renunciation - ကိုယ့်ကျိုး မငဲ့တာ

ကိုယ်ပဲ ကောင်းစားဖို့ မတွေးနေဘူး
ကိုယ် ကောင်းစားနေရင် တစ်ဖက်က 
Partner ကို ကောင်းစားစေချင်တာမျိုး
ကောင်းစားစေချင်တယ်ဆိုတဲ့ ဆန္ဒကိုလည်း 
ဆန္ဒချည်းသက်သက် မထားဘဲ 
အကောင်အထည် ဖော်ပေးတာမျိုး 
တိုတိုပြောရင် ကိုယ့်ချစ်သူ အဆင်ပြေစေဖို့ပဲ 
အဓိကထားပြီး အလုပ်လုပ်ပေးတာကို ဆိုလိုတာ

(၄) Wisdom - ဉာဏ် အမြော်အမြင် ရှိတာ

Man ဖြစ်ဖြစ် , Lady ဖြစ်ဖြစ် 
သင့်အနေနဲ့ ကိုယ့်ဘာကိုယ် 
ပါရမီဖြည့်ဖက်လို့ ခံယူထားတယ်ဆိုရင် 
ထိုက်သလောက်တော့ ဉာဏ်ရှိဖို့ လိုပါတယ် အမြော်အမြင် ရှိမှပဲ ကိုယ့် Partner ကို 
လမ်းမှားတွေ မလျှောက်မိဖို့ 
Recommend ကောင်းတွေ ပေးနိုင်မှာကိုး ~
ဒီဟာက ထိခိုက်စေတယ်
မထိခိုက်စေတယ်ဆိုပြီး 
ကိုယ်၌က မစဉ်းစားတတ်သရွေ့ 
ပါရမီဖြည့်ဖက်လို့ မမှတ်ယူသင့်ပါ

(၅) Perseverance - စိတ်အားထက်သန်တာ

တကယ်ဆို အပေါ်က လေးချက်စလုံးကို 
ထိန်းချုပ်ထားတာ ဒီအချက်ကပဲ 
ပေးကမ်းဖို့ ၊ တစ်ဖက်လူ အဆင်ပြေဖို့ 
အဓိက ဦးစားပေးဖို့ ၊ ဉာဏ်အမြော်အမြင် ရှိဖို့
အကျင့်ကောင်းအောင် နေဖို့က 
စိတ်အားထက်သန်မှပဲ ရမှာပါ
စိတ်ပါရင် ဘယ်သူ ခွဲခွဲ လွဲမှာ မဟုတ်ဘူး
မပါတဲ့အခါ ဘယ်သူ တွဲတွဲ မြဲမှ မဟုတ်တော့

(၆) Patience - သည်းခံတာ

ခန္တီပါရမီပေါ့ 
သည်းခံရတာ အပြောက လွယ်တယ်
လုပ်ဖို့ကသာ ခက်တယ်ဆိုပေမဲ့ 
ကြုံတွေလာရတဲ့ အကောင်းအဆိုး 
အမျိုးမျိုးသော လောကဓံတွေကြောင့် 
ဖောက်ပြန် မသွားဘဲ ကောင်းမွန်မှန်ကန် 
အကျိုးရှိတဲ့ အလုပ်တွေကို 
ပြီးဆုံးအောင်မြင်,အောင် လုပ်ဆောင်တာဟာ 
ပါရမီဖြည့်သူတို့ရဲ့ စိတ်ဓာတ်ပါပဲ

(၇) Truthfulness - ကတိတည်တာ( သစ္စာ )

မှန်ကန်တဲ့ အလုပ်ကို 
မှန်မှန်ကန်ကန်ပဲ လုပ်တယ် 
ကြော်ငြာထားတဲ့အတိုင်း 
မှန်မှန်ကန်ကန် လုပ်တယ်
လုပ်ပေးနိုင်တာကိုသာ ပြောတယ်
လုပ်နိုင်ရုံလေးပဲ လုပ်တယ် 
လုပ် မပေးနိုင်တာတွေအတွက် 
လေကြီးလေကျယ် အာမချောင်ဘူး 
တစ်နည်းပြောမယ်ဆို 
တစ်ဖက်လူကို 
မျှော်လင့်ချက် မပေးတာမျိုးပေါ့

(၈) Determination - ဆုံးဖြတ်ချက် ခိုင်မာတာ

ဒီအချက်က နံပါတ် ခုနစ်အချက်နဲ့ 
ဆက်စပ်နေတယ်လို့ ပြောရင်လည်း မမှားပါဘူး
ကိုယ်ပေးမယ်ပြောတာ တစ်ခုကို ပေးဖို့
လုပ်မပေးနိုင်တဲ့ ကိစ္စ တစ်ခုကို 
ယဉ်ကျေးစွာ ငြင်းဆိုဖို့
တစ်ဖက်လူကောင်းစားဖို့ 
ကိုယ်စွမ်းသလောက် 
ကူညီစွမ်းဆောင်ပေးဖို့ဆိုတာ 
ချလိုက်တဲ့ ဆုံးဖြတ်ချက်က 
ခိုင်မာပြတ်သားမှ အဆင်ပြေမှာပါ

(၉) Loving-kindness 
      မေတ္တာထားတာ လို့ 

ဒါကိုတော့ 
မေတ္တာလို့ ပြောနိုင်ပါတယ်
တစ်ဖက်လူကို အဆင်ပြေ 
ချမ်းသာစေလိုသော
စိတ်ထား ထားရှိပြီးတော့ 
အဆင်ပြေ ချမ်းသာအောင် 
တတ်နိုင်သမျှ လုပ်ဆောင်ပေးတာကို 
မေတ္တာနဲ့ ပါရမီဖြည့်ပေးတာပဲ ဖြစ်တယ်

(၁၀) Equanimity - ဥပေက္ခာ ပြုတတ်တာ

တချို့က ဥပေက္ခာဆိုတာကို Neglect လို့ 
ဆိုကြတယ် ၊ တချို့က Mute လို့ ထင်တယ်
တကယ့် ဥပေက္ခာတရားဆိုတာက 
Positive View ရှိမှ အဆင်ပြေတာ
ဆင်းရဲရဲ ချမ်းသာသာ မတုန်လှုပ်တော့တာ
ကဲ့ရဲ့လည်း မခံစားတော့သလို 
ချီးမွမ်းလည်း မမြှောက်ကြွတော့တာကိုမှ 
ဥပေက္ခာလို့ ခေါ်တာပါ 
ကိုယ်က ကိုယ့်လက်တွဲဖော်အတွက် 
ပါရမီဖြည့်ဖက်လို့ 
ခံယူထားတယ် ဆိုရင်တော့ 
တစ်ဖက်လူ 
ချစ်နေသည် ဖြစ်စေ 
မုန်းနေသည် ဖြစ်စေ 
ကိုယ်လုပ်ပေးရမယ့် အလုပ်ကို 
မပိုမလို လုပ်ဖို့ လိုပါမယ်

ဒီ (၁၀) ချက်နဲ့ ကိုက်ညီနေရင်တဲ့ 
သင့်ဘေးက ပါတနာကို ပါရမီဖြည့်ဖက်ဆိုပြီး သတ်မှတ်နိုင်ပါပြီ .... ။

ကျေးဇူးတော်ရှင် 
ပါမောက္ခချုပ်ဆရာတော် 
ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ