အရွယ်ရောက်ပြီး လူတစ်ယောက်က
            အလုပ် လက်ကျော မတင်းပဲ
             စိတ်သန့်သန့်နဲ့ ထမင်း စားခွင့်
             ရှိတာ မိဘအိမ် တစ်အိမ်ပဲရှိပါ
             တယ် 

 အရွယ်ရောက်ပြီး လူတစ်ယောက်
             ကြိုက်တဲ့အချိန်အိပ် ကြိုက်တဲ့
             အချိန်ထ ကာလနဂါးကြီး လုပ်
             ခွင့် ဖြစ်ခွင့်ရတာ
             မိဘအိမ်
            တစ်အိမ်ပဲရှိပါတယ် 

 အရွယ်ရောက်ပြီး လူတစ်ယောက်
             မစားမသောက်ပဲဆိုးကောက်
             နေတဲ့အချိန် ထမင်းစားဖို့မရ
             မကချော့ခေါ်ကျွေးတတ်တာ
ကိုယ့်မိဘတွေပဲ ရှိတယ် 

 ကိုယ်လှလှ မလှလှ ကိုယ်လူ
             စဉ်မှီမှီ မမှီမှီ ကိုယ်ကောင်း
             ကောင်း မကောင်းကောင်း
ကိုယ် တော်တော် မတော်တော်
ကိုယ့်အပေါ် မေတ္တာ စေတနာမပျက်တာ
       အနန္တ ကျေးဇူးရှင် မိဘနှစ်ပါးပါပဲ 

 ကိုယ့်မိဘက သူများတွေလို 
             မချမ်းသာလို့  
ကိုယ့်မိဘက 
             သူများတွေလို ပညာမတတ်လို့
             ကိုယ့်မိဘက သူများတွေလို လူစဉ်မမှီလို့ ကိုယ့်မိဘရဲ့အလုပ်အကိုင်က
             သူများနည်းတူအဆင့်
             မမြင့်လို့ဆိုပြီး  
စိတ်အလိုမကျ
             မဖြစ်ပါနဲ့ မရှက်ပါနဲ့

 မိဘကို မလေးမစား မလုပျပါနဲ့
             အထင်အမြင် မသေးလိုက်ပါနဲ့
             လူရာမသွင်းမဆက်ဆံပါနဲ့
ကျေးဇူးမကန်းကြပါနဲ့ဗျာ 

 လောကမှာ ဘာဖိအားမှမရှိပဲ
             ကိုယ့်စိတ်ကြိုက်စိတ်လွတ်
             ကိုယ်လွတ်သက်တောင့်
သက်သာနဲ့ စားသောက်နေထိုင်ခွင့်ရှိတာ
  ကိုယ့်မိဘအိမ် တစ်အိမ်ပဲရှိပါတယ် 

 သူစိမ်း လူတွေဆိုတာ
ကိုယ်လုပ်နိုင်
 စွမ်းအား တစ်ခုတည်း အပေါ် မှာသာ 
မူတည်ပြီး ကိုယ့်တန်ဖိုး
             ကိုယ်ဆုံးဖြတ်ကြတယ်
          စိမ်းသူလူဆိုတာကိုယ်လုပ်နိုင်တုန်းပဲ
      ကိုယ်အပေါ်ကြည်ဖြူကြတာလေနော် 

 တိုက်တာ အဆောက်အဦး ကြီး
             တွေကို မဆိုထားပါနဲ့ 
             တဲအိမ်အိုပျက်လေးဖြစ်နေပါစေ
             ကိုယ့်မိဘအိမ်မဟုတ်ရင်
            ကိုယ့်စိတ်တိုင်းကျ
 နေထိုင် စားသောက်
             ခွင့်မရှိပါဘူးဗျာ 

 ဆုံးရှုံးပြီးမှ မိဘရဲ့တန်ဖိုးကို 
             သတိထားမိမယ့်အစား
           မိဘနှစ်ပါး 
သက်ရှိထင်ရှားရှိနေချိန်လေး
           အတွင်းမှာတန်ဖိုးထားဆက်ဆံ
             နိုင်ကြပါစေ 

 မိဘအပေါ် သိတတ်သော
             သားကောင်း သမီးကောင်း
             ရတနာလေးများ ဖြစ်ကြပါစေလို့
             ဆုတောင်းပေးပါတယ်

🙏 သတိရေးပါ🙏

ကိုယ် မနက်စာမစားခင် 
ကိုယ့်မိဘရော နံနက်စာစားရရဲ့လား...ဆိုတာ သတိရပေးပါ...။

ကိုယ် နေ့လည်စာ စားနေရင် 
ကိုယ့်မိဘရော ဘာတွေနဲ့ စားနေလဲ...၊ကိုယ် ညနေစာ စားဖို့ ပြင်ရင်..ကိုယ့်မိဘရော ညစာအတွက် အဆင်ပြေရဲ့လား..၊ ဆိုတာလေးတွေ သတိရပေးပါ....။

ကိုယ် အ၀တ်ကောင်းလေးတွေ ၀ယ်ရင်...ကိုယ့်မိဘရော ဘယ်လို အ၀တ်တွေ ၀တ်နေလဲ 
တွေးကြည့်ပေးပါ...။

ကိုယ် သရေစာတွေ စားနေရင် 
အဖေနဲ့ အမေ ဘာစားချင်မလဲ 
စဉ်းစားကြည့်ပေးပါ...။

ကိုယ် လစာတွေ ရခဲ့ ရင် ကိုယ့်မိဘရော သုံးစွဲဖို့ လုံလောက်ရဲ့လားလို့ တချက်လောက်တွေးကြည့်ပေးပါ.....။

တကယ်တော့ လူဆိုတာ အတ္တ သမားတွေမို့၊ ငါ့ သမီး၊ ငါ့သား နဲ့ ငါ့ မယား၊ ငါ့ ယောက်ျားကိုဘဲ
သတိတရ ရှိပြီး ကိုယ့်မိဘကို မေ့နေတတ်တယ်လေ....။

ရသင့်တဲ့ သတိလေးတွေ ဆိုတာ
 မှားမယ်မထင်ပါဘူးနော်...

Credit
"ဘာကျွေးကျွေး မစားပေးတဲ့တနေ့ ရောက်မယ်တဲ့" 
အမေပြောခဲ့ဖူးတဲ့စကား ဒီနေ့ ရောက်နေပြီ Ensure တစ်ဇွန်း နှစ်ဇွန်းတောင် မသောက်ပေးနိုင်တော့ဘူး ဒါကြောင့်
မိဘနှစ်ပါးကို စားနိုင်တုန်းကျွေးကြပါ 
သူငယ်ချင်းတို့🙏🙏🙏

တေဇ
#လူငယ်များအတွက့်စာကြည့်တိုက်