*am,is,are,was,were နောက်မှာ Active ဆိုရင် V4 သုံးမယ်။ Passive ဆိုရင် V3 သုံးမယ်။
*has,have,had နောက်မှာ V3 ကွယ်။
*be,been,being နောက်မှာ V3 ကွယ်။
*အဲဒါတွေမပါရင် V1ရယ်V2ရယ်။
*yesterday, ago, last, in+ခုနှစ်, this morning ပါရင် V2 သုံးမယ်။
*can, could, will, would, shall ကာ should နဲ့ may, might, must နောက်မှာ V1သုံးမယ်။ to, please နဲ့ do, does, did နောက်လည်း V1 သုံးမယ်။

*V1 အနည်း အများ။
always, usually, sometimes,
often, every မှာ V1 အနည်းများ စဉ်းစားကွာ။

*am/is/are + Ving
now, at the morment ,at present, look!, listenနောက်မှာ!ဟာ am/is/are နဲ့ ingပါ။

*Ving
keep on နောက်မှာ ing
without နောက်မှာ ing
after နောက်မှာ ing
by နောက်မှာ ing
Verb နောက်မှာ ing
ဝါကျရှေ့ဆုံး ing သုံး။

*will+V1
tomorrow, soon, next ပါရင်ကွာ wil+V1 အသုံးများတာ။
Credit - 
***********************************

Verb form လွယ်လွယ်ဖြေကြမယ်။

1#V1 present tense 
အလေ့အထ သဘာဝ V1 နဲ့ဖြေကြ။
 A E O U S အလေ့ထလို့မှတ်။ 
( always; every;often;usually;sometime)

2#V2 past tense
ပုံပြင်ထဲက(သမိုင်း) ဝါကျရယ် ခုနှစ်/အချိန်ငယ် yesterday last နှင့် previous past tense V2 မှတ်။

 3#am/is/are+Ving present continue tense
Now ; listen; Don't အမိန့်ပေး နောက်ဝါကျကို သူနဲ့( present continue tense)ရေး ။

4#will/would V¡ Future tense 
Tomorrow; next;coming;soon; ခုနှစ်(eg. 2020) အကြီးပါလျှင်ကွယ်။ မည်နှင့်ဆုံးတဲ့ဝါကျကွယ်။ မည်နဲ့ဆုံး လျှင် will ကိုသုံး သေချာမှတ်ပါဦး။

5#has/ have V3 Present perfect tense
ပြီးပီ ဘူးတယ် ရေးတဲ့အခါ have V3 သုံးကြတယ်။
( အ/ ဖေ/ ကြီး /ရပ် /တော့ /မယ် /ရှင့်/ ဟောင်းလောင်း) လွယ်လွယ်မှတ်စေကြောင်း။
(after / for+ကြာချိန်/just/twice/many/since/how long)

6#has/have/ been+Ving Present perfect continue tense
Time to time ရေစီးဖွယ် လုပ်ခဲ့တယ် have been V3သုံးရတယ်။
eg. the whole day မနက်ကနေ ခုထိ
       all day ။
       form beginning the school year ကျောင်းဖွင့်တည်က ခုထိ။
        since ခုထိလုပ်နေသေးတယ်။
( ဟိုးတုန်းကလည်း လုပ်တယ် ခုလည်းလုပ်နေတယ်ပေါ့)

7#V¡ verb infinity 
do /does /did / will /shill /model/ to ရဲ့နောက် Viရောက်။

8#Ving  
Verb နေရာမှာ verb မနေ ing နှင့်ပေါင်းရပေ။
ဥပမာ# ဝါကျထိပ်ရောက်နေတာ
          # by /after/ for/ without etc. . . နောက်ရောက်နေတာဆို  
          #object complement ဖြစ်နေတာမျိ ု းဆို Ving ပေါင်းပေးး  

မှတ်ရများ လျှင် ဝေ သွာမှားဆိုးလို့ အမေးများတာပဲရေးပေးလိုက်တယ်။

***************************************
Verb Form
Verb Formကို ဒီလိုသင်ပါတယ်။

Verb Formဆိုတာ V1များပေး၍ Vများသာ ဖြေရပါသည်။
Verb Formဖြေရင်

1) Verbအနည်းလုပ်မယ်
2)V2ပြောင်းမယ်
3)Ing ပြောင်းမယ်
4)အတိုင်းထားမယ် 

တခြားဖြေရတာတွေ ရှိကောင်းရှိပါမယ်။ဥပမာ will+V1မေးတာမျိုး။
future tenseပေါ့။

Verbအနည်းလုပ်မယ် 

4) everyပါရင် V1နဲ့ရေးမယ်။
every day
every night
every week
every month 
every yearပါရင်ပေါ့။

2) u so na ပါရင် V1နဲ့ရေးမယ်။ 

u ဆိုတာ = usually
s = sometimes
o = often
n = never
a = always 

V1မှာ အနည်းအများ ရှိလေတော့ . . . 

Pronounကဗျာနဲ့ ချိတ်ပါမယ်။

I, We, Youနဲ့ They တို့ဟာ 
Pronounလေးတွေပါ။ ( အဲဒါက အများလို့မှတ်)                   
He, She, Itဟာလဲ 
Pronounလေးတွေပဲ။ (အဲဒါက အနည်းလို့မှတ် )

Subများရင် Vများမယ်
Subနည်းရင် Vနည်းမယ်။
Vမှာ sထည့် 
အနည်းတဲ့။

Verbအနည်းလုပ်တာနဲ့ V1အတိုင်း ပြန်ရေးရတာကို တစ်ဆက်တည်း ရှင်းပြလို့ ရပါတယ်။

V2ပြောင်းမယ်

1) yesterdayပါရင် V2ပြောင်းမယ်။

2)lastပါရင် V2ပြောင်းမယ်။
last night
last week
last month
last yearပေါ့။

3)ပြီးသွားခဲ့ရင် V2နဲ့ရေးမယ်။
ဥပမာ this morningတို့
in 2016တို့ ပါလာရင် ပြီးသွားတဲ့ဖြစ်ရပ်ဆိုရင်ပေါ့။

Ingပြောင်းမယ်

1) am/is/are + ( ing )
ကိုယ်က am, is, are plusလို့ဆိုလိုက် ကလေးတွေက ingလို့ နောက်ကလိုက်လာလိမ့်မယ်။
ဒါဆို am, is, areနောက် ingလိုက်တယ်ပေါ့။
ingပြောင်းပေး။

အဲတော့ Vingပြောင်းနည်း လိုလာပြီ။

မခက်ပါဘူး။ ingလေးပါင်းပေးပါ။
go -> going

eဆုံးရင်၊ ဥပမာ- comeတို့လာရင် eဖြုတ်ပြီး ingပေါင်းပါ။
come --> coming

y/wဆုံးရင် ingပဲပေါင်းပါ။
fly --> flying

isဆုံးရင် yပြောင်းပါ။ ingပေါင်းပါ။
die --> dying

ဒါလေးတွေလည်း သိဖို့လုပ်ရပါတယ်။

toရဲ့နောက် V1လိုက်။

do not
does not - V1လိုက် 
did not 

Do S
Does S - V1လိုက်  
Did S

Modal Vရဲ့နောက် V1လိုက်။
Credit - 
***************************************

             ```PREPOSITION´´´

*အချိန်၊နေရာ ကျဉ်းတဲ့အခါ
 a-t အက်လေးပါ။
*နေ့၊ရက်၊အပေါ် ထိရင်လား
 o-n အွန် ထည့်ထား
 အပေါ်တည့်တည့် ဝေးနေတယ်
 over သုံးရမယ်။
*အပေါ်မတည့် above ကွဲ့
 နှစ်ခုကြားဆို between ထည့်
 သို့သော်တစ်ခု မှတ်ပါဦး
  အများကြားဆို among သုံး။
*အထဲမှာ အရင်က ရှိခဲ့ရင် 
  ထည့်ပေါ့ i-n အင်။
*နောက်မှ ဝင်ကာ ပြေးသလား
  into(ထဲသို့) ထည့်စို့လား။
*ကား၊ရထားနဲ့ သွားလိုသော်
 b-y ဘိုင်ပေါ့နော်။
 ခြေချင်ဆိုရင် ဘာနဲ့သွား
 o-n နဲ့သွား။
*အောက်တည့်တည့်မှာ ဝေးနေသော်
  under ထည့်ကြနော်
  အောက်တည့်တည့်မှာ ထိနေလား
  beneath ထည့်စို့လား
  မတည့် ရင်တော့ တစ်ခုတည်း
  below သုံးရုံပဲ။
*အပေါ်သို့ တက် u-p အပ်
 အောက်သို့ down လို့မှတ်။
*ကန့်လန့်ဖြတ်တာ across လေး
 ထိုးဖောက်ဖြတ်တော့ through ပေး။
*တစ်နေရာက ထွက်ခွာရင် 
 f-r-o-m(မှ/က) ဖရွန်။
*ဟိုဟ်ိုဒီဒီ သွားမလား 
 t-o(သို့/အထိ) တူနဲ့သွား။
(ကွင်းအတွင်းက စာသားကို ဆိုရန်မလိုပါ)

         ````Verb Form ဖြေကြမယ်´´´´

၁။Verb to Be= am/is/are/was/were
                          be/been/being.
၂။Verb to Do=does/do/did/done/doing.
၃။Verb to Have=has/have/had/having.
၄။Modal Verb=will/would/shall/should/
                          can/could/may/might/
                           must/had to.
၅။ကာလငါးခုအနည်းဆုံးပြောထားရမည်။
  (a)ရိုးရျိုးပစ်စပ်ပုနျကာလ
  *အမှန်တရား/အမြဲလုပ်/အမြဲဖြစ်/အလေ့အထ
   တွေဆို V1.
(always/sometimes/once/never……)
  (b)ရိုးရိုး အတိတ်ကာလ
  *အဖြစ်ပျက်က ပြီးသွားပြီ ပြီးခဲ့အချိန်လည်း ပါရင် V2.
(last/ago/during/yesterday/ခုနှစ်များ……)
  (c)ပစ္စပ္ပုန် ပြုလုပ်ဆဲကာလ
   *အခုပြောနေတဲ့အချိန်မှာ အဖြစ်ပျက်က မပြီးဆုံးသေးရင် am/is/are+Ving.
(now/at present/at this time……)
   (d)ပစ္စပ္ပုန် ပြည့်စုံ(ပြီးစီး)သောကာလ
   *မကြာခင်ကမှ ပြီးတာကို ပြောချင်ရင်၊အတော်ကြာက ပြီးပေမယ့်လည်း အခုထိ အကျိုးဆက်(ရလဒ်)ရှိနေ၊ကျန်နေသေးရင် has/have+V3.
(just/already/since/for/yet……)
     (e)အနာဂတ်ရိုးရိုးကာလ
   *အနာဂတ်မှာ(ဖော်ပြထားတဲ့အချိန်မှာ) သတ်မှတ်ထားတဲ့ဟာကို
  ပြုလုပ်မယ့်အကြောင်း ပြောရင် 
will/shall+V1.
(next/tomorrow/coming………)
{အနာဂတ်က တအားနီးကပ်/ သိပ်မဝေးတော့ရင် am/is/are+Vingလည်း သုံးရတယ်။}
 အဲကာလ ငါးမျိုးလောက်တော့ အရင်ပြောပြ သင်ပြထားပါ။ကဲ ဖြေပုံလေး စရအောင်။
  
             ```Verb Formဖြေနည်း´´´

*ကြိယာ Verb လေး ပြောင်းတဲ့အခါ
  ကာလသုံးပါး ကြည့်ရမှာ
 *ပစ္စပ္ပုန်အနည်း s(es)ထည့်ထား
  များရင် ဒီအတိုင်းထား။
 *Verb to Beလေး ကွက်လပ်ရှေ့
   ing နဲ့ V3 ဟေ့။

  *Do,Did,Does တွေပါတဲ့အခါ 
    Verb ကလေးက ဒီအတိုင်းပါ။
  *Modal Verb တွေ ပါခဲ့သော်
    Verb ကလေးက ဒီအတိုင်းနော်
    Modal Verb က ဘာတွေလဲ 
    will/shall/can/may/must တို့ပဲ။
(၄င်းတို့ရဲ့ V2 တွေကိုလည်း ပြောပြပါ။)
   *t-o တူနောက် V1 ပါ
    Verb to Have ဆို V3 ပါ။
    *အတိတ်ဆိုရင် ဘာကိုပြောင်း
     V2 လေးကိုပြောင်း။
Crd___org