လူခြင်းတူသော်လည်း ဉာဏ်ခြင်းမတူ
ဉာဏ်ခြင်းတူသော်လည်း ပါရမီခြင်းမတူ
ပါရမီခြင်းတူသော်လည်း ဝီရိယခြင်းမတူ
ဝီရိယခြင်းတူသော်လည်း သတိခြင်းမတူ
သတိခြင်းတူသော်လည်း သမာဓိခြင်းမတူ
သမာဓိခြင်းတူသော်လည်း ပဋ္ဌာန်းဆက်ခြင်းမတူ
ပဋ္ဌာန်းဆက်ခြင်းတူသော်လည်း ဆုတောင်းခြင်းမတူ
ဆုတောင်းခြင်းတူသော်လည်း သဒ္ဓါတရားခြင်းမတူ
ထို့ကြောင့် ...
အကျိုးပေးဘုန်းကံမြင့်မားစေရန်
မဆုတ်မနစ်သော သဒ္ဓါတရားဖြင့်ပေးလှုရာ၏။
သီလရှိလျှင် သမာဓိနိုင်ရာ၏
သမာဓိနိုင်မှ စိတ်ကိုပိုင်သည်
စိတ်ကိုပိုင်မှ နတ်ကိုနိုင်သည်
နတ်ကိုနိုင်မှ ဓါတ်ကိုပိုင်သည်
ဓါတ်ကိုပိုင်မှ မနောပေါက်သည်
မနောပေါက်မှ ပညာရောက်သည်
ပညာရောက်မှ ဝိဇ္ဇာဖြစ်မည်။
(သာမညတောင်ဆရာတော်ဘုရားကြီး ဦးဝိနယ)
Crd : 🙏
