ရောမဂဏန်းတွင် မူတည်ဂဏန်း (၇)လုံးသာရှိသည်။
I သည် ၁ ဂဏန်း
X သည် ၁၀ ဂဏန်း
C သည် ၁၀၀ ဂဏန်း
M သည် ၁၀၀၀ ဂဏန်း
V သည် ၅ ဂဏန်း
L သည် ၅၀ ဂဏန်း
D သည် ၅၀၀ ဂဏန်း တို့ဖြစ်ကြသည်။
ရောမဂဏန်းကိုရေးရာတွင် တန်ဖိုးကြီးသော ဂဏန်း၏ ညာဘက်သို့ တန်ဖိုးငယ်သော ဂဏန်းကပ်လျှင် ပေါင်းရသည်။ ဘယ်ဘက်သို့ တန်ဖိုးငယ်သောဂဏန်းကပ်လျှင် နုတ်ရသည်။
I = ၁
II = ၂
III = ၃
IV = ၄
V = ၅
VI = ၆
VII = ၇
VIII = ၈
IX = ၉
X = ၁၀
XI = ၁၁
XV = ၁၅
XX = ၂၀
ထိုဂဏန်းသင်္ကေတများကို ရေးရာတွင် သုံးကြိမ်ထက် ပို၍မသုံးကြပေ။ ဥပမာ ၄၀ ကို XXXX ဟု မရေးကြပေ။ ၁၀ ဂဏန်းဖြစ်သော X နှင့် ၅၀ ဂဏန်းဖြစ်သော L ကိုပေါင်းကာ XL ဟုသာ ရေးသည်။ LX ဟုရေးပါက ၆၀ ဖြစ်ပေသည်။ 
LX = ၆၀
LXX = ၇၀
LXXX = ၈၀
XC = ၉၀
C = ၁၀၀ 
CC = ၂၀၀
CCC = ၃၀၀
CD = ၄၀၀
D = ၅၀၀
DC = ၆၀၀
DCC = ၇၀၀
DCCC = ၈၀၀
CM = ၉၀၀
M = ၁၀၀၀
အစွန်းထွက် ဂဏန်းကြီးများကို ဥပမာ ဖော်ပြရလျှင်
၂၆၃၅ ကို ရေးမည်ဆိုပါက
၂၀၀၀ = MM
၆၀၀ = DC
၃၀ = XXX
၅ = V
ထို့ကြောင့် ၂၆၃၅ ကို ရေးမည်ဆိုပါက MMDCXXXV ဟုရေးရပါမည်။
ထို့ပြင် ရောမဂဏန်းကို ဖတ်ဆိုပုံကို သာဓက ပြပါမည်။ ဥပမာ XLVI ကိုဖတ်မည် ဆိုပါက
XL = ၄၀
VI = ၆
XLVI ကို ၄၆ ဟုဖတ်ရပေမည်။
CCCLIX ကိုဖတ်ရာတွင်လည်း
CCC = ၃၀၀
L = ၅၀
IX = ၉
ထို့ကြောင့် CCCLIX ကို ၃၅၉ ဟုဖတ်ရမည်ဖြစ်သည်။ 
ကျန်သောဂဏန်းများကို ဖော်ပြပါနည်းအတိုင်း ရေးနိုင်ဖတ်နိုင်ပါလိမ့်မည်။ ဗဟုသုတအလို့ငှာ ဖော်ပြလိုက်ပါသည်။

Credit to original uploader