အကြောင်းပြချက်မရှိပဲ မုန်းနေတတ်တာဟာ
မနာလိုခြင်းကြောင့် ဖြစ်တယ် ...
အကြောင်းပြချက်မလိုပဲ သည်းခံနိုင်တာ
မေတ္တာတရားကြောင့် ဖြစ်တယ် ...
အကြောင်းပြချက်မလိုပဲ စောင့်ထိန်းခြင်းဟာ
သူတော်ကောင်းစိတ်ဓာတ်ဖြစ်တယ် ...
အကြောင်းပြချက်မလိုပဲ စိတ်ချမ်းသာ
နေတာဟာအကောင်းမြင်တတ်လို့ ဖြစ်တယ် ...
အကြောင်းပြချက်မရှိပဲ ရိုးသားခြင်းဟာ
ကိုယ့်ရဲ့ စိတ်ရင်းမှန်ဖြစ်တယ် ...
အကြောင်းပြချက်မရှိပဲ ချစ်မိသွားတာဟာ
အချစ်စစ်ဖြစ်တယ် ...
အကြောင်းပြချက်မရှိပဲ ယုံကြည်ပေးတာဟာ
ရင်ဘတ်ချင်းနီးလို့ ဖြစ်တယ် ...
အကြောင်းပြချက်မရှိပဲ သံသယများတာဟာ
ကိုယ်တိုင်စိတ်မလုံလို့ ဖြစ်တယ် ...
အကြောင်းပြချက်မလိုပဲ ပျော်ပျော်နေ
တတ်တာဟာဘဝနေနည်းကိုသိလို့ ဖြစ်တယ် ...
How do you live before you die ?
ဘဝဆိုတာ အသက်ရှင်နေတုန်းသာ
အဓိပ္ပာယ်ရှိတာ ...ခုန်နေတဲ့ နှလုံးရပ်သွားတာနဲ့
ဘာမှမရှိတော့ဘူး ....
ဒါကြောင့် အသက်ရှင်နေတုန်းအချိန်ဟာ
ဘဝမှာ အကောင်းဆုံးပါ ...
ကိုယ့်ကိုကို ချစ်ဖို့၊ကောင်းကောင်းဆက်ဆံဖို့
စိတ်ချမ်းသာအောင်ထားဖို့
လုံးဝမမေ့ပါနဲ့ ...
အကြောင်းပြချက်မလိုပဲ
ကျွန်တော်တို့ ကောင်းကောင်းရှင်သန်ကြရမယ် ...
#crd .
