ဆေးဘက်ဆိုင်ရာ ပညာရှင်တွေရဲ့ လေ့လာ တွေ့ရှိ ချက်အရ လူသားတွေဟာ သေဆုံးပြီးသွားရင်
၁။ နှလုံး = ၁၀ မိနစ်
၂။ ဦးနှောက် = ၂၀ မိနစ်
၃။ မျက်လုံး = ၄ နာရီ
၄။ အရေပြား = ၅ ရက်
၅။ အရိုး = ၃၀ ရက် အထိ သေသွားပြီး
တိုင်အောင် သစ္စာရှိရှိနဲ့ အလုပ်လုပ်ပေးနေခဲ့ကြပါတယ် ။
ခန္ဓာ ပျက်စီးခြင်းအစကတော့
၃ရက် အကြာမှာ လက်/ခြေသည်းတွေ
ကြွေလာပါတယ် ။
၄ ရက်အကြာမှာ ဆံပင်တွေကျွတ်
လာပါတယ် ။
၅ ရက်အကြာမှာ ဦးနှောက်က အရည်ပျော်
လာပါတယ် ။
၆ ရက်အကြာမှာ အစာအိမ်က အရည်ဖြစ်ပြီး ထွက်လို့ရသမျှ အပေါက်တွေကနေ ပုပ်စော်နံလွန်း လှတဲ့ အရည်တွေထွက် လာပါတယ် ။
၆၀ ရက်နောက်ပိုင်းမှာ အသက်ရှိစဉ်ကာလက အရမ်းလှ၊အရမ်းချော အရမ်းချစ်စရာကောင်း ပါတဲ့ ခန္ဓာကြီးဟာ ကမ္ပဌာန်းရုပ်ပဲ ကျန်ပါတော့ တယ် ။
၂ လကြာပြီးတဲ့အခါမှာပဲ လူ့ခန္ဓာကြီးဟာ လုံးဝပျောက်ကွယ်သွားပါတယ် ။
၂ လလောက်ပဲခံတဲ့ လူ့ခန္ဓာကြီးကို ထာဝရ ခရီးသွားရမယ့် ဝိဥာည်ထက်ပိုပြီး ကျွန်တော်တို့ လူတိုင်းလူတိုင်းက ဦးစားပေးနေကြပါတယ် ။
ခင်ဗျားတို့ ကျွန်တော်တို့ မိတ်ဆွေတို့တွေ
. ဘာလူမျိုးလဲ ?
. ဘယ်ဘာသာဝင်လဲ ?
. ဘယ်လောက်ချမ်းသာလဲ ?
. ဘယ်လောက် ဆင်းရဲလဲ ?
. ဘယ်လောက် အောင်မြင်လဲ ?
. ဘယ်လောက် ရုပ်လှသလဲ ?
. ဘယ်လောက် ညံ့ဖျင်းသလဲ ?
. ဘယ်လောက်ကြွယ်ဝနေသလဲ ?
. ဘယ်လောက်ရာထူးကြီးသလဲ ?
. သမ္မတလား ? ဝန်ကြီးလား ?
. ဆရာဝန်လား ? အင်ဂျင်နီယာလား ?
. တစ်နေ့လုပ်တစ်နေ့စားလား ?
. သူတောင်းစားလား ?
. အရမ်းကြီးကို ကျိကျိတက်ချမ်းသာလား?
. ကုန်းကောက်စရာမရှိအောင် မွဲတေနေလား ?
အဲဒါတွေကို မရဏတိုင်းပြည်က ကြည့်ပြီး
ချမ်းသာလို့နေဦး မွဲတဲ့ကောင် သေစမ်းဟဲ့ ဆိုပြီး ဘယ်သူ့ကိုမှမျက်နှာသာပေးမှာ မဟုတ်ဘူး ။
သမ္မတကြီးပဲဟ့၊ ဝန်ကြီးဟဆိုတာမျိုးလည်း သူတို့ကဂရုမစိုက် ။အပုပ်ကောင်က အပုပ်ကောင်ပဲ ။
သေသေချာချာ မုချပြောပြနိူင်တာတစ်ခုက
ခင်ဗျားတို့၊ကျုပ်တို့ တစ်နေ့ သေကို သေရမယ် ဆိုတာပါပဲလေ ။
သေပြီးရင် ဘာဖြစ်သွားမယ်ဆိုတာ၊
ဘယ်လိုပျက်စီးကြရမယ်ဆိုတာ 👆မှာ
သိထားပြီးကြပြီမဟုတ်လား ။
. ခင်ဗျားရဲ့ မိသားစု ၊ ချစ်သူ ၊ သားသမီး
. ဂုဏ် ၊ ရွှေ ၊ ငွေ ၊ရာထူး၊အောင်မြင်မှု့၊အရေးပါမှု့၊ ဂုဏ်ဒြပ်တွေအရှိန်အဝါတွေက ခင်ဗျားရဲ့ အသက်ကို ခဏတာလေးတော့ အဆုံးဖြတ်ပေးကောင်းပေးကောင်းနိူင်ပါလိမ့်မယ် ။
( ငွေရှိရင် ဆေးကုနိူင်တဲ့အခိုက်အတန့်ပေါ့ )
ဒါပေမယ့်တမလွန်ခရီးကိုတော့အဲ့ဒါတွေက
အာမခံချက်၊Coverပေးနိုင်မှာမဟုတ်ဘူး။
စဉ်းစားကြည့်ပါ တွေးကြည့်ကြပါမိတ်ဆွေ
သေရေးရှင်ရေးပြသာနာတွေကို မပေါ့ဆကြပါနဲ့ ။
အလေးအနက်ဆုံး အလုပ်တစ်ခုလို
တန်ဖိုးထားတတ်ဖို့ လိုကိုလိုအပ်လှတယ်။
ဘယ်ချိန်သေရမလဲဆိုတာ မသိနိူင်ဘူးလေ
ကျွန်ုပ်တောင် ခုပဲ Post ရေးလို့မပြီးခင် သေသွား နိူင်တယ် ။
ခင်ဗျားတို့ရောပဲ အခုသေနိူင်သလို ခဏနေလည်း သေနိူင်တယ် ။
ဒီနေ့လား ?
မနက်ဖြန်လား ?
ဘယ်တော့လဲ ?
လဲ ?
လဲ ?
လဲ ?
ဘယ်သူကြိုသိလဲ ။
ဘယ်သူမှ ကြိုပြီးမသိနိူင်ကြဘူး ။
ဒါဆို မိတ်ဆွေတို့က
ငယ်သေးလို့
အချိန်မရှိလို့
မအားလို့
ရောဂါမရှိလို့
ပိုက်ဆံမရှိလို့
လုပ်နေသင့်သေးလား ။
တမလွန်ခရီးအတွက် ကျုပ်တို့ ခရီးစရိတ်လေး ပါသွားအောင်တော့ ကိုယ့်ဖို့၊ကိုယ့်အတွက်၊ ကိုယ်ပိုင်ဥစ္စာကို ရှာသွားကြရင်မကောင်းဘူးလား ။
ဗုဒ္ဓမြတ်စွာဘုရားရဲ့ အဆုံးအမတွေက ကျုပ်တို့ ဝိဥာည်တွေအတွက် ကောင်းသောလမ်းကို သွားတတ်ဖို့ လမ်းပြကြယ် ဖြစ်ကိုဖြစ်တယ်ဆိုတာ
ဗုဒ္ဓဘာသာဝင်တိုင်း သေသေချာချာကြီး သိကို သိထားကြပြီးသားမဟုတ်လား ။
ဒါပေမယ့် ယူသွားတာနဲ့ မယူသွားတာနဲ့ပဲ ခြားနားသွားတာပါ ။ ဗုဒ္ဓဘာသာဝင်တစ်ယောက် ဖြစ်ခွင့်ကြီး ရနေပါလျှက် ဗုဒ္ဓစကားကို
နားမထောင် သွားဘူးဆိုရင် ကျွန်တော်တို့လောက် မိုက်တဲ့လူတွေ ရှိပါဦးမလား မိတ်ဆွေတို့ရေ ။
ဆိုတော့ခါ
ကျွန်တော်တို့ ခင်ဗျားတို့အတွက်
( ကိုယ့်အတွက်ဆိုတာ ဗုဒ္ဓစကားပဲရှိတယ် )
ဗုဒ္ဓစကားကိုမြေဝယ်မကျ နားထောင်သွားကြပြီး သတ္တိရှိရှိနဲ့ သေမင်းအလာကို ကျွန်တော်တို့တွေ
ပျော်ပျော်ကြီး စောင့်ကြတာပေါ့ ။
♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥
" လုံးစုံများစွာ သတ္တဝါ ချမ်းသာ ကိုယ်စိတ် မြဲပါစေ ၊ ဆင်းရဲခပ်တိုင်း ကင်းဝေးကြပါစေ၊ရန်ခပ်တိုင်း ငြိမ်းကြပါစေ၊ရောဂါခပ်တိုင်း နည်းကြပါစေ"
" သတ္တဝါခပ်တိုင်း ကံသာလျှင်
ကိုယ်ပိုင်ဥစ္စာ ရှိကြပါစေသတည်း "
" သာဓု သာဓု သာဓု "ပါဘုရား ။
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏