ည 10 နာရီခွဲ

ကျွန်တော့် messenger ကို
စာတစ်စောင် ဝင်လာတယ်
 
" Hello ပြောစရာရှိလို့ပါ အကို "

ကျွန်တော် စာကိုချက်ချင်းမ Seen ပဲ
ဘယ်သူလဲဆိုပြီး တစ်ချက်ဝင်ကြည့်လိုက်တယ် 
ကျွန်တော့် အသိထဲမပါဘူး
ထို့နောက်...

" အင်း ပြောလေ ညီမ "
'' ဟိုလေ... အကို့မှာ ကောင်မလေးရှိတာလား ''

ကျွန်တော် ခဏလောက် ငြိမ်နေလိုက်တယ်
ပြီးမှ 

" မရှိပါဘူး ဘာဖြစ်လို့လဲညီမ ''
'' အကို့ acc မှာ single ဆိုတာလေး 
တင်ထားတာ မတွေ့လို့ပါ ''
'' သြော် ဟုတ်ပါပြီး ''

ကျွန်တော် စကားစ ဖြတ်လိုက်တယ်
သူမလည်း သိချင်တာသိလိုက်ရလို့ ထင်တယ်
စာတွေထပ်မပို့ပဲ ကျွန်တော့် reply ကိုပဲ
Love react လေးပေးပြီး ငြိမ်သွားတယ် 

နောက်တစ်ည 9 နာရီခွဲ

ကျွန်တော့်ဆီ သူစာပို့လာပြန်တယ်

'' Hello အကို ''
'' ပြောလေ ''
'' ညီမ မေးစရာလေး ရှိလို့ ''
'' အင်း မေးပါ ''
'' အကို့မှာ အကို သဘောကျရတဲ့ 
ချစ်ရတဲ့ ကောင်မလေးရှိလား ''
'' အခုလောလောဆယ်တော့ မရှိသေးဘူး
ဘာဖြစ်လို့လဲ ညီမ ''
'' အရမ်းသိချင်လာလို့ လာမေးတာပါ ''
'' သြော် ဟုတ်ပါပြီး ''.

အဲ့လိုတွေ သိချင်တာလာလာမေးပြီးရင်
ကျွန်တော့်ဘက်က စကားစဖြတ်လိုက်တာနဲ့
သူမ တိတ်ဆိတ်သွားပြန်ရော ငြိမ်သွားပြန်ရော

အဲ့လို နည်း''နည်း''နဲ့ 
နေ့တိုင်းနီးပါး သူလာပြောပါများတော့
တခါတလေ သူ့ကို မျှော်နေမိသလို ဖြစ်မိတယ်

ကျွန်တော်က စကားအပြောအဆိုနည်းတယ်
အရယ်အပြုံးရှားတယ်
သူငယ်ချင်းအပေါင်းအသင်း သိပ်မရှိဘူး
messenger မှာတောင်
တစ်ယောက် နှစ်ယောက်လောက်နဲ့ပဲ
စကားပြောဖြစ်တာ
အဲ့လိုလူမျိုး

တစ်ညတော့ 
သူမ Myday တင်ထားတာလေးတွေ့တယ်
'' ဖျားနေတယ် '' ဆိုပဲ
'' ဘဝကြီးကအထီကျန်လိုက်တာ '' 
ဆိုတာကပါလိုက်သေး

သူမ တစ်ယောက်ထဲဖြစ်နေမလားဆိုပြီး
ဖျားနေတုန်း စိတ်ဓာတ်တွေကပါ ကျနေမှာစိုးလို့
ကျွန်တော် သူမဆီ စာပို့လိုက်တယ်

'' Take care ညီမ '' 
'' အကို ညီမကို စကားလာပြောတယ်ပေါ့
ဟီးဟီး ပျော်လိုက်တာ ဂရုစိုက်ပါ့မယ်ရှင့် ''
'' ဟုတ်ပါပြီး ''
'' ညီမနဲ့ စကားခနလေးပြောပါအုံးအကိုရယ်
အဲ့လိုချည်း စကားစဖြတ်ဖြတ်ပြီး မချန်ခဲ့ပါနဲ့
ညီမလည်း သိပ်ပြီး စကားစမပြောတတ်လို့ပါ ''
'' အင်းပါ ဘာပြောစရာရှိလို့လဲ ပြောလေ ''
'' အကို့ကို ညီမ သဘောကျနေတာကြာပြီ 
ညီမကို ပြန်ချစ်နိုင်မလားဟင် '' 
'' ဟာ...... ဒီကောင်မလေးကတော့  
ဘာတွေပြောနေပြန်ပြီလဲ မသိဘူး
ဖျားနေတာကိုသာ သေချာဂရုစိုက်ပြီး နေပါ ''
'' ဟင့် အကိုက ချေလိုက်တာ ''
'' မချေပါဘူး ဒီလိုပဲ ပြောတတ်လို့ပါ ''
'' ဟုတ်ပါပြီရှင်
ညီမကို အခုလိုဂရုတစိုက်ရှိပေးလို့
ကျေးဇူးပါနော် အကို ''
'' ရပါတယ် မလိုပါဘူး ''
'' ဟုတ်.... အခုလို အကိုစကားလာပြောပေးလို့
ညီမ အဖျားတွေတောင် ဂရူစိုက်စရာမလိုဘဲ
အခုချက်ချင်း ပျောက်ကုန်ပါပြီး ''
'' အပြောကတော့ ကောင်းနေတာပဲနော် ''
'' တကယ်ပြောတာပါ အကိုကလဲ ''
'' ဟုတ်ပါပြီး....
ဒါနဲ့ ခင်ချင်ခင်လို့ရပါတယ် 
ချစ်တာက ဘယ်သူ့မှ မချစ်ချင်သေးလို့ပါ ''
'' ဟီးဟီး အကိုနဲ့ ခင်ခွင့်မယ်ဆိုလို့
ညီမအရမ်းပျော်တာပဲ အကိုသိလား
ချစ်တယ် အကို့ကို ''
'' ဟာ ဒီကောင်မလေးကတော့ 
ပြောရဆိုရ ခက်လိုက်တာ မနိုင်စိန်ပဲ ''
'' အကို ပြောရင် နားထောင်မဲ့ကောင်မလေးပါ 
မယုံရင် ဆုံးမပေးကြည့်ပါလား ''
'' တော်ပါပြီး အိပ်တော့မယ် Gn ''
'' Good night ကိုကို ''
'' တကယ်ပြောမနိုင်ဘူး အိပ်ပြီ ''
....

ကျွန်တော်နဲ့ ခင်ခွင့်ရပြီး နောက်ပိုင်း
သူ စကားတွေ ခဏ'' လာပြောတယ်
အချိန်တွေကြာလာတော့
တရင်းတနှီးရှိလာကြတယ်
စကားတွေလည်းသေချာပြောဖြစ်လာကြတယ်

သူမ နာမည်က သိမ်မွေ့မိုးမြင့် တဲ့
ကျွန်တော် သတိထားမိသလောက်ကတော့
နာမည် နဲ့ လူ နဲ့ တခြားစီ
လူက ခပ်ဆိုးဆိုး ဂျစ်ကန်ကန် ပုံစံလေး
ရုပ်လေးကတော့ ချစ်စရာကောင်းသား
သူ့ acc ထဲ ဝင်ကြည့်ရင် 
Bio က အစ ရင့်ကျက်တဲ့သူပုံစံလိုလေးနဲ့
တကယ်တမ်းကျ ကလေးစိတ်
ပြီးရင် ဘာတွေ share လို့ share မှန်းမသိ
ရုပ်ရှင်တွေ ဂိမ်းတွေလည်း သန်းခေါင်ကျော်ထိ
ကြည့်တတ် ဆော့တတ်သေးတာ
အဲ့လိုတွေ မကြိုက်တဲ့ ကျွန်တော့်အတွက်တော့
သူမက တကယ့် လူဆိုးမလေး

ဒါပေမယ့် 
ကျွန်တော်နဲ့ ခင်ပြီး နောက်ပိုင်း
ပြောစကားလေးတွေ နားထောင်ရှာတယ်
ရုပ်ရှင်တွေ ဂိမ်းတွေ လျှော့လာတယ်
စောစောအိပ်လာတယ်
စကားတွေတော့ အမြဲတမ်း လာပြောတယ်

တစ်လလောက်ကြာပြီးနောက်

နေ့လည် 2 နာရီလောက်
ကျွန်တော် သူ့ကို ရုတ်တရက် ခေါ်လိုက်တယ် 

'' ဟိတ် ကောင်မလေး ''
'' ရှင်ရှင့် ''
'' ကောင်းကောင်းထူးလည်း ရပါတယ် ''
'' ကောင်းကောင်းထူးတာပဲကို အကိုကလဲ ''
'' ဟုတ်ပါပြီး ''
'' အကို ပြောစရာရှိလို့လား 
ညီမ ကို ပြန်ချစ်ပေးတော့မလို့လားဟင် ''
'' မဟုတ်ပါဘူး ''
'' ဟင်းးး အကိုကလဲ
အဲ့ဒါဆိုဘာပြောမလို့လဲ ပြောလေ အကိုရဲ့ ''
'' အင်း ပြောပါမယ်
အကို တခြားမြို့မှာ သွားနေရတော့မယ် 
အဲ့မှာ လုပ်စရာလေးတွေ များမယ်
အရင်လို မအားတော့ဘူး
လိုင်းလဲ သိပ်တက်ဖြစ်မှာမဟုတ်ဘူး
အကို ညီမအနား အရင်လို မရှိပေးနိုင်တော့ဘူး ''
'' ဟင် အကိုကလည်း ညီမကို
အခုလိုပဲ ထားခဲ့တော့မှာလား ''
'' အင်း အကို မကြာခင် သွားရတော့မယ် ''
'' အကိုကလည်း......
ညီမ အကို့ကြောင့် အစစအရာရာ ပြောင်းလဲပြီး
လိမ်မာလာတယ်လေး အကို ဆုံးမတာလေးတွေ
နားထောင်တယ်လေး ရုပ်ရှင်တွေ သိပ်မကြည့်ဘဲ
အကိုနဲ့စကားတွေ လာပြောတယ်လေး 
ဂိမ်းတွေ တအားဆော့တာတောင်
အကို မကြိုက်ဘူးပြောလို့ ဖျက်လိုက်တယ်လေး
အခု ဘာဂိမ်းမှတောင်သိပ်မဆော့ပါဘူး 
ညဘက်တွေ စောစောအိပ်ပြီး မနက်တွေ စောစော
ထနိုင်သလောက် ကြိုးစားထတယ်လေး အကိုရဲ့
ညီမလိမ်မာလာတာ အကို့ကြောင့်ပါ အကိုရယ် 
ညီမ လိမ်မာလာတယ ဟုတ်တယ်မလားဟင် ''
'' ဟုတ်ပါတယ် အကို့ ညီမက လိမ်မာလာပါတယ်
 အရင်ကနဲ့ အများကြီး ကွာပါတယ် ဒါပေမယ့်
 အကို မရှိလည်း လိမ်လိမ်မာမာနေနော် ''
'' ဟင့်အင်း မနေဘူး မနေချင်ဘူး 
အကိုသာမရှိရင် ညီမ ပြန်ဆိုးနေမိတော့မှာ
အကို့ကို ညီမချစ်တယ် ညီမ အနားမှာပဲ
အခုလိုလေးနေပေးပါနော် ''
'' မရလို့ပါ မဆိုးပါနဲ့ ကောင်မလေးရယ်
အကို အဆက်အသွယ်တော့ လုပ်မှာပါ
လိမ်မာပါတယ် မဆိုးပါနဲ့နော် '' 
'' တားမရလဲ သွားပေါ့အကိုရယ်
အကိုက အရမ်း ရက်စက်တာပဲ 
ဒါပေမယ့်  
ညီမ အကို့ကို စောင့်နေပါ့မှာနော် ''
'' မစောင့်နေပါနဲ့ ညီမရယ် 
အကိုတို့က အနေလည်း နီးကြတာမဟုတ်ဘူး
တစ်နေ့ နီးစပ်ကြရမယ် ဆိုတာလည်း
မသေချာဘူးမလား ''
'' မရဘူး သေချာတယ် စောင့်နေမှာ ''
'' သဘောပါဗျာ
ညီမ Uni တက်တဲ့အခါ 
အကို့ထက် သဘောကျရ ချစ်ရတဲ့သူ ရှိလာမှာပါ ''
'' ဟင့်အင်း မရှိဘူး ရှိလည်းမရှိလာဘူး
အကို့ကိုပဲချစ်မှာ အကို့ကိုပဲ စောင့်နေမှာ
အကိုသာ ထပ်ချစ်ဖြစ်ခဲ့မယ်ဆိုရင် 
ညီမကို ဦးစားပေး စဥ်းစားပေးပါနော် 
အကို့အနား ရောက်အောင် လာခဲ့မှာပါ
ညီမ ကြိုးစားပါ့မယ် '' 
'' ဟုတ်ပါပြီ အမိုက်အမဲလေးရယ်
အကိုကတော့ မျှော်လင့်ချက်တွေ
မင်းကို မပေးခဲ့ချင်ဘူး 
နောက်ရက်ဆို အကို သွားရတော့မယ် ''
'' အစစအရာရာဂရုစိုက်ပါရှင့် 
ညီမဆီလဲ စာလေးပို့ပါနော်
အကိုမရှိလည်း ညီမ လိမ်လိမ်မာမာနေပါ့မယ်
အကို့စကားတွေ အမြဲ နားထောင်နေမှာ 
ကျောင်းတွေဖွင့်ရင် စာလည်းကြိုးစားမှာပါ
တစ်နေ့တော့ အကို့ အနားရောက်အောင်လာခဲ့မှာ
ချစ်တယ် အကို ''
'' ဟုတ်ပါပြီးဗျာ 
ညီမရော အစစအရာရာ ဂရုစိုက်နေပါ 
ဘိုင့် ''
'' ဟင့် ညီမစောင့်နေမှာနော် 
ကျောင်းပြီးရင်လည်း အကို့ကိုပဲ လာရှာမှာ
အကို ညီမဆီကိုပဲ ပြန်လာပါ 
ညီမကိုပဲ စောင့်နေပေးပါ
ညီမကိုပဲရွေးချယ်ပေးပါနော် ''
''....''

အဲ့နေ့နောက်ပိုင်း
ကျွန်တော့် Fb Account လည်း
ဘာလို့မှန်းမသိ log ကျပြီး ပြန်ဝင်လို့မရခဲ့ဘူး
အဲ့ကတည်းကနေ သူမနဲ့ ကျွန်တော်နဲ့
အဆက်အသွယ်တွေလုံးဝပြတ်သွားတယ် 
သာမန် ဆက်ဆံရေးပဲဆိုတော့
ဖုန်းနံပါတ်တွေ ဘာတွေလည်း မပေးခဲ့ဘူး
သူကတော့ပေးရှာတယ်
ကျွန်တော် မမှတ်ထားခဲ့တာပါ
Fb Account အသစ်ဖွင့်တော့လည်း 
သူ့ကို ရှာပြီး add ဖို့ စိတ်ကူးမရှိခဲ့ပါဘူး
ကျွန်တော်လည်း ပညာသင်ရင်း 
အလုပ်တွေလုပ်ရင်း
အချိန်တွေအကြာကြီး 
တစ်ယောက်ထဲ ဖြတ်သန်းလာခဲ့မိတယ်

 

4 နှစ်ကြာပြီးနောက် 

အလုပ်ထဲမှာ လိုင်းသုံးနေရင်းနဲ့
Notification ကနေ
သိမ်မွေ့မိုးမြင့် နာမည်နဲ့ 
Friend request တက်လာတယ်

တစ်ဆက်ထဲမှာပဲ
Messenger ရဲ့ Message request မှာလဲ
red dot လေးပေါ်လာတယ်
ဝင်ကြည့်လိုက်တော့

" အကို...!!! '' တဲ့

Fb က Friend request နဲ့
messenger က စာလေးတစ်စောင်
ဒါတွေကို ကျွန်တော် ခဏမေ့နေမိတယ်
ကျွန်တော် တွေးမိနေတာက
4 နှစ်ကြာသည်အထိ သူမမေ့သေးဘူး

ကျွန်တော် အတွေးတွေ များနေတုန်းမှာပဲ
နောက်ထပ်စာလေးတစ်စောင် ထပ်ရောက်လာတယ်
ပို့လာတဲ့စာကိုဖတ်ကြည့်လိုက်တော့

" သိမ်မွေ့ အကို့ကို ရှာနေတာကြာခဲ့ပါပြီ  
  အကို့သူငယ်ချင်းတစ်ယောက်ပြောပြလို့
  Acc အသစ်ကို သိလိုက်ရတာပါ
  အခုချိန်ထိ တစ်ယောက်တည်းပဲမို့လာအကို "

နောက်ထပ် အချိန်ခဏလောက်
ကျွန်တော် အံ့သြမှင်သက်သွားမိပြန်တယ်
အခုအချိန်ထိ ကျွန်တော့်ကို ချစ်နေနိုင်တဲ့
သူမကို ချီးကျူးလေးစား မိတယ်
(အခုခေတ်က စိတ်အပြောင်းလဲမြန်​ကြလို့လေ) 

သူမကို စာတစ်စောင်ပြန်ပို့လိုက်တယ်
သာမန်ပါပဲ 

" အင်း တစ်ယောက်တည်းပါပဲ "
" အကိုက အရင်လို ခပ်အေးအေးပြောတုန်းပဲ
ရက်စက်လိုက်တာ အကိုရယ် ''
" ဗျာ !!! "
" အကို့ကို အခုချိန်ထိ သဘောကျလာတဲ့
ချစ်နေတဲ့ လူတစ်ယောက်ကိုတောင် 
အကိုက နွေးနွေးထွေးထွေးလေး
ပြန်မဆက်ဆံပေးနိုင်ဘူး ''
'' ဟောဗျာ ''
" အကိုကတော့လေ တ ဗျာ ဗျာ နဲ့ 
သိမ်​မွေ့ ကတော့ အကို့ကို စိတ်မကုန်သေးဘူး
အခုချိန်ထိ ချစ်နေသေးတယ် 
အခုချိန်ထိ စောင့်နေသေးတယ်
ပြန်ချစ်လာဖို့လည်း ကြိုးစားနေပါတယ် "
" အင်းပါ "

ကျွန်တော်က ခပ်အေးအေးပဲ တုန့်ပြန်တော့
သူမလည်း စာထပ်မပို့တော့ဘူး

သူ add ထားတာလေး လက်ခံပြီး
Account ထဲခဏဝင်ကြည့်လိုက်မိတယ်
တစ်နှစ်ကုန်ပြီးလို့ တစ်နှစ်
4 နှစ်လောက်ကြာပြီးတဲ့နောက်
အရင်က ခပ်ဆိုးဆိုး ကောင်မလေးက
လိမ်မာယဥ်ကျေးပြီး ရင့်ကျက်လာတယ်
နာမည်နဲ့ လိုက်အောင် သိမ်မွေးနူးညံလာတဲ့
အမျိုးသမီးတစ်ယောက်အဖြစ်ပါ
သူတင်တဲ့ပုံ​လေးတွေ စာလေးတွေ 
တစ်ဆင့် မြင်တွေ့လိုက်ရတော့
ကျွန်တော့် မြင်ကွင်းထဲ သူမက ထူးခြားလာတယ်
ဒါပေမယ့် ကျွန်တော်လည်း စာထပ်မပို့ခဲ့ပါဘူး

၂ ပတ်ကြာပြီးနောက် 

ည 10 နာရီ ...

" တီ တီ တီ !!! ''

စာဖတ်နေရင်း 
Messenger က စာတွေဆက်တိုက်ဝင်လာနေတော့
ဖုန်းကိုယူကြည့်လိုက်တယ်

" အကို ... " 
'' အကို တကယ်ပဲ ညီမကို မချစ်ဘူးလား
ညီမ အကို့ကို နှစ်တွေအကြာကြီး
စောင့်နေခဲ့ပါတယ် လိုက်ရှာခဲ့ပါတယ်
အကို့ကို ဒီလောက်ထိ ချစ်မိတာ အပြစ်လား
ညီမဘက်ကို နည်းနည်းလေးတောင်မှ
မငဲ့ကြည့်တော့ဘူးလား အကိုရယ် ''
'' တစ်ခြားကောင်လေးတွေကို ငြင်းဆန်ပြီး
အကို့ကိုပဲ အခုအချိန်ထိ ချစ်နေခဲ့တာပါ
အကို့ကိုပဲ အကြိမ်ကြိမ် ရွေးချယ်နေမိတာပါ
ညီမ သိပ်မှားသွားပြီလား အကို '' 

ကျွန်တော် သူမ စာတွေဖတ်ပြီး
စိတ်ထဲမှာ ခံစားချက်တွေများနေခဲ့တယ်
တကယ်တော့ ကျွန်တော် မှားနေခဲ့တာမလား

ကျွန်တော်က ချစ်ခြင်းမေတ္တာကို ယုံပါတယ်
ထပ်မထိတွေ့ချင်တာပါ ကြောက်နေတာပါ
သူမ မသိခဲ့တဲ့ အတိတ်တွေမှာ
ကျွန်တော် အများကြီး နာကျင်ခဲ့ရတာလေ...

ဘယ်လိုလုပ်ရင်ကောင်းမလဲတွေးရင်း 
10 မိနစ်လောက် ကျွန်တော် ငြိမ်သက်နေမိတယ်
ပြီးမှ ရေတစ်ခွက်အပြည့် သောက်ချလိုက်ပြီး
စိတ်အေးအေးထားပြီး စာပြန်ပို့လိုက်တယ်

" အင်း အကို စဥ်းစားပေးပါမယ်နော် "

သာမန်လောက်လေးပဲ ပြန်ပို့လိုက်မိတယ်
သူမက reply စောင့်နေတာ ထင်ပါတယ်
ချက်ချင်း တန်း seen ပြီး စာပြန်တယ်

'' ပျော်လိုက်တာ အကိုရယ် 
ညီမစောင့်နေနိုင်ပါသေးတယ် 
ညီမ ပင်ပန်းနေပြီ အိပ်တော့မယ် 
Good night ပါ အကို ''
'' Good night ''

သူမ အိပ်သွားပြီးနောက်
ကျွန်တော် ဖတ်လတ်စစာကိုပဲ ပြန်ဖတ်နေမိတယ် 
စိတ်ထဲတော့ အတွေးတွေများနေမိတုန်း
အဲ့ညက တော်ရုံနဲ့ အိပ်မပျော်ဘူး
မနက်လောက်မှပဲ အိပ်ပျော်သွားတယ်

နောက်နေ့ မနက် 9 နာရီ

ညက အိပ်တာနောက်ကျတော့
မနက်ဘက် သိပ်မထနိုင်ဘဲ အခုမှနိုးတော့တယ် 
တော်သေးတယ် ဒီနေ့က အလုပ်မရှိလို့
ဖုန်းတစ်ချက်ယူပြီး လိုင်းတက်ကြည့်တော့
သူမ စာပို့ထားပြန်ပါရောလား

'' Good morning ပါ အကို ''

သူ့စာကိုဖတ်ပြီးပြီးချင်းပဲ စာပြန်လိုက်ပါတယ်

'' Good Morning ပါ ''

ချက်ချင်းတန်း seen ပြန်ပါရောလား ပြီးတော့

'' အကို အခုမှ နိုးတာလား နောက်ကျတယ်နော် ''
'' အင်း ညက တော်ရုံနဲ့ အိပ်မပျော်လို့
နောက်ကျသွားလို့ ''
'' အခုတော့ အကိုက ဆိုးနေတာပေါ့နော် ''
'' မဟုတ်ပါဘူး ဒီတစ်ညပဲ အခုလို ဖြစ်တာ ''
'' ဟုတ်ပါပြီရှင် 
သိမ်မွေ့ အကို့ကို မေးစရာလေးရှိလို့ပါ ''
" မေးပါ ဘာမေးချင်လို့လဲ ''
" သိမ်မွေ့ကို သေချာတဲ့
အဖြေတစ်ခုပေးနိုင်မလား "
" ဘာ အဖြေလဲဗျ "
" သိမ်မွေ့ကို နည်းနည်းလေးမှ
ပြန်မချစ်ပေးနိုင်ဘူးလားဟင် "
" ဗျာ !!! "
" မဗျာနဲ့ မေးတာပဲ ဖြေပေးပါ
အကို နည်းနည်းလေးမှ စိတ်ထဲကနေတောင်
မခံစားမိနိုင်သေးဘူးလားဟင် "
" အဲ့တာက မခံစားမိ​သေးတာလည်းမဟုတ်ပါဘူး
ဘယ်လိုဖြေရမှန်းကိုသေချာသေးဘူး "
" အကယ်၍ အကိုစိတ်ဝင်စားမယ်ဆိုရင်
အရင်ဆုံးက ဘယ်သူဖြစ်လာမှာလဲ !!! "
" သေချာပေါက် မင်းပဲပေါ့ "
" ဟယ် !!! အတည်ကြီးပြောလိုက်တာလား "
" ခင်ဗျာ !!!! " 
" ရုတ်တရက်ကြီး ပြောပြလိုက်မိတာပါ "
'' သိပါပြီး အကိုတော်ရယ် 
နောက်အပတ် အကိုရှိတဲ့မြို့ကို
သိမ်မွေ့လာခဲ့ပါ့မယ် တာ့တာ ''
" ဟိတ် !! ဟာ ,... ! "

သူမပြောပြောဆိုဆိုနဲ့ လိုင်းဆင်းသွားခဲ့တယ်
ကျွန်တော် အဲ့နေ့ကတည်းကနေ 
စိတ်တွေလှုပ်ရှားနေတာ 
သူက ကျွန်တော်ရှိတဲ့မြို့ကို လာမှာတဲ့
ကျွန်တော့် အပေါ် ထားရှိတဲ့
သူ့ချစ်ခြင်းမေတ္တာတွေက 
သိသာထင်​ရှားလွန်းနေပါပြီ 

" ငါ သူ့ကိုကို တကယ် ချစ်မိနေပြီလားကွာ
တစ်ယောက်ထဲ နေလာခဲ့တဲ့တစ်လျှောက်မှာ
သူမ ကိုမှ ဘာလို့စိတ်ထဲရောက်နေရတာလဲ
အခုကျမှ ဘာလို့ ဘာလို့လဲ
အာ !!!! ရူးတော့မှာပဲ "

နောက်တစ်ပတ်မပြည့်ခင် တစ်ရက်အလိုည 

 ( 9 : 30 )

messenger ကနေစာတစ်စောင်ဝင်လာတယ် 
ကြည့်လိုက်တော့ သူမပို့တာ

'' အကို 
ညီမ အကို့မြို့ကို ရောက်နေပြီ 
hotel တစ်ခုမှာ ငှားနေလိုက်တယ်
မနက်ဖြန် ဒီနားက ဒီဆိုင်မှာ ဒီအချိန် ဆုံမယ်
အကိုမလာရင် ညီမ ကိုယ့်မြို့ကိုယ် ပြန်တော့မယ် 
အကို့ကိုလည်း ထပ်မဆက်သွယ်တော့ဘူး ''
'' ဟိတ် ''

အာ... စာမဝင်တော့ဘူး 
သူပြောချင်တာပြောပြီး ​ဆင်းသွားပြန်ပြီ
ကျွန်တော်လည်း လုပ်စရာရှိတာလေးလုပ်ပြီး
စောစောပဲ အိပ်လိုက်တော့တယ်

နောက်နေ့ မနက် 10 : 00

ကျွန်မ coffee ဆိုင်ထဲမှာ
အကိုမင်းဝေယံကို စောင့်နေခဲ့တယ်
အရမ်းသဘောကျခဲ့တဲ့ အကိုကြီးကို
ရင်ခုန်စွာစောင့်နေခဲ့တာလည်းပါတာပေါ့
သူ့ကိုချစ်လွန်းလို့စာကြိုးစားပြီး
အခုလိုနီးစပ်ဖို့ ကြိုးစားခဲ့တာပဲလေ
သူရှိတဲ့မြို့ကိုတောင် လိုက်လာခဲ့မိတယ်
ဟီးဟီး သူ့အတွက်နဲ့
ကျွန်မ သတ္တိတွေ အခုလောက်ရှိလာမယ်လို့
မထင်ခဲ့မိဘူး

နေ့ခင်း ( 11:10 ) 

" အခုထိ မလာသေးဘူး
မလာတော့ဘူးထင်တယ် 
ငါ့ကို အခုအချိန်အထိ
သဘောမကျနိူင်သေးဘူးထင်တယ်
သူမချစ်ပေးနိုင်ဘူးထင်တယ်
အကိုမလာလောက်တော့ပါဘူး "

ကျွန်မ စိတ်ပျက်လက်ပျက်ဖြင့်
coffee ဆိုင်ထဲမှာပင် 
ရှိုက်ကြီးတငင် ငိုချလိုက်မိတော့တယ်
ပါးစပ်ကနေလည်း

" အကို မတရားဘူး
အကိုက မကြင်နာဘူး
အကိုက ရက်စက်တယ်
အကိုက မနွေးထွေးဘူး
အကိုက အမြဲအေးစက်စက်နဲ့
အကိုက သိမ်မွေ့ကို မချစ်ဘူး
မချစ်ဘူး မချစ်ဘူး မချစ်ဘူး "

" ချစ်ပါတယ် "
" မချစ်ပါဘူး "
" ချစ်ပါတယ် "
" မချစ် .... 
ဟင် !!!! "

ကျွန်မ ငိုနေရင်းက ကြောင်အမ်း
သွားပြီး အသံလာရာဘက်ကို
လှည့်ကြည့်လိုက်တော့ 
အကို ဖြစ်နေတယ် ... 

" ဟင် ... အကို ...
အစောက ချစ်တယ်လို့
ပြောလိုက်တာလားဟင် !!! "
" အင်းလေ "
" ထပ်ပြောပါအုံး "
" ချစ်ပါတယ် "
" အပြည့်အစုံပြောပါ "
" သိမ်မွေ့မိုးမြင့်ကိုချစ်တယ် "
" သိမ်မွေ့လည်း အကို့ကို ချစ်တယ် 
အရမ်းချစ်တာ အရမ်းသဘောကျတာ
အရမ်းပဲအရမ်းဆိုတာထပ် အရမ်း ""

ကျွန်မ စိတ်လွတ်သွားပြီး
မမှီတဲ့ အရပ်ကြီးကို ခြေဖျား
ထောက်ပြီး မရမကဖက်ပြီး
ငိုသံကြီးနဲ့ ပျော်နေခဲ့တယ် ...

" ဘာလို့ ငိုနေရတာတုန်း "
" အကိုမလာတော့ဘူး ထင်လို့ပေါ့ "
" အလုပ်မှာ အစည်းအဝေး
 ရုတ်တရက်ပေါ်လာလို့ပါ "
" ဒါ အိပ်မက်မဟုတ်ပါဘူးနော် အကို "
" မယုံလို့လား "
" ဟုတ် မယုံဘူး ဖြစ်နေတယ်အကို "

ကျွန်တော် သူမ ပါးလေးကို
ခပ်နာနာလေး တစ်ချက်ဆွဲညှစ်
ပစ်လိုက်တယ် ...

" အာ့ !! နာလိုက်တာ "
" နာတယ်မလာ !!
" နာတာပေါ့လို့ ..
ဟာ !! ဒါဆို အိပ်မက်မဟုတ်ဘူးပဲ
တကယ်ပဲ တကယ်ဖြစ်နေတာပဲ
အကိုက သိမ်မွေ့ကောင်လေးဖြစ်သွားပြီ
တကယ်ကြီးပေါ့နော် 
ပျော်လိုက်တာအကိုရယ်
အကို့ကို အများကြီး ချစ်လိုက်တာ ဟီးဟီး ''
" အခုက coffee ဆိုင်ထဲမှာလေ
ငြိမ်ငြိမ်လေး နေပါ .. "
" ဟုတ် အကို ဟုတ် " 

2 year anniversary 

" ကိုကို !!! "
" ဗျာ !! "
" အလုပ်ပြီးရင် သိမ်မွေ့တို့ ဆုံကြမယ်နော် "
" အင်းပါ "
" ပြီးကော လွမ်းနေလို့ "
" ကိုယ်လည်း လွမ်းတယ် "
" အရင်က တစ်စက်ကလေးတောင်
ကြည့်မရခဲ့ပဲနဲ့များ ... "
" အခုတော့ တစ်စက်လေးတောင်
မမြင်ရရင် မနေတတ်တော့ဘူး "
" ပိုပြန်ပြီ ... "
" ပိုမှာပဲဗျာ .... !!! ''

ပြီးပါပြီ

Jay / short story #crd