စာအုပ်ဗီရိုထဲက စာအုပ်တွေ ကျမ်းတွေကို ငေးကြည့်နေတဲ့ ကျွန်တော့ရဲ့စိတ်ထဲကို ဒီကျမ်းတွေ စာအုပ်တွေက ပြောထားတာတွေဟာလဲ မှန်ချင်မှ မှန်မှာဆိုတဲ့ အတွေးတွေက ဝင်လာတယ်…… ပြီးတော့ကျွန်တော် ဖတ်လက်စ စာအုပ်ကြီးထဲက ရေးသားထားတာတွေဟာလဲ ဟုတ်ချင်မှ ဟုတ်မှာပါ ဆိုတဲ့အတွေးက ဆက်တိုက်ဖြစ်လာတယ်….. အဲဒီအတွေးနဲ့ စာအုပ်ကို ပိတ် စာကြည့်တိုက် တာဝန်ကျနေတဲ့ ဆရာမဆီမှာ ပြန်အပ်ပြီ ကျွန်တော် ဒီကိုထွက်လာခဲ့တာ။ ဒါပေမယ့် စာကြည့်တိုက် အပြင်ကို အရောက်မှာ ကိုယ့်ကိုယ်ကို သိလိုက်ပါတယ်။ ဘာလဲဆိုတော့ စာအုပ်တွေကို ဖတ်သင့်၊ လေ့လာသင့်ပါလျက်နှင့် မဖတ်နိုင်တာ၊ မလေ့လာနိုင်တာ၊ ဖတ်ဖို့ပျင်းတာကို ဒီစာအုပ်တွေက ပြောနေတာတွေဟာ ဟုတ်ချင်မှ ဟုတ်မှာပါဆိုတဲ့အတွေးနှင့် ငါဟာ ဖုံးကွယ်လှည့်စားခဲ့မိပါ လာလို့ သိလိုက်တာပါ။ အဲ့ပါဗျာ လူဆိုတာ သူများကို ညာဝါးရုံမျှမကဘူး၊ ကိုယ့်ကိုယ်ကိုလဲ ညာတယ် လှည့်စားတယ် လိမ်တယ်။

နန္ဒာသိန်းဇံ