သစ်ခုတ်သမား (၄) ယောက်က သစ်ပင်တစ်ပင်ဆီ ခုတ်လှဲပြီး သစ်သားပုံးတစ်ခုဆီ လုပ်ကြတယ်။

ပထမ သစ်ခုတ်သမားက ဝက်, မစင်ထည့်တဲ့ပုံး လုပ်လိုက်တဲ့အတွက် မစင်ပုံးလို့ခေါ်တယ်။ လူတွေရဲ့နောက်မှာ အမြဲတမ်းပုန်းနေရတယ်။

ဒုတိယ သစ်ခုတ်သမားက ရေထည့်ပုံး လုပ်လိုက်တဲ့အတွက် ရေပုံးလို့ခေါ်တယ်။ လူတွေအသုံးပြုကြတယ်။

တတိယ သစ်ခုတ်သမားက အရက်ထည့်ပုံး အသုံးပြုလိုက်တဲ့အတွက် အရက်ပုံးလို့ခေါ်တယ်။ လူတွေနှစ်သက်ကြတယ်။

စတုတ္ထ သစ်ခုတ်သမားက ရွှေတုံးတွေထည့်ပြီး အသုံးပြုလိုက်တဲ့အတွက် ရွှေပုံးလို့ခေါ်တယ်။ လူတွေတန်ဖိုးထားကြတယ်။

ပုံးအားလုံးကအတူတူပဲ၊ ထည့်တဲ့ပစ္စည်း မတူတာနဲ့ အခေါ်အဝေါ် တန်ဖိုးထားတာချင်း မတူကြတော့ဘူး။လူ့ဘဝကလည်း အဲဒီလိုပဲ။လူတိုင်းကတော့ အတူတူပဲ။ 

ဒါပေမယ့် ကိုယ့်ဦးဏှောက်မှာ ဘာတွေးလဲ.. ကိုယ့်စိတ်ကို ဘယ်လိုထားမလဲပေါ်မူတည်ပြီး ကိုယ့်ပတ်ဝန်းကျင်ရှိ လူတွေက ကိုယ့်ကို 
ဘယ်လိုခေါ်ဝေါ်မလဲ.. ကိုယ့်သူငယ်ချင်းတွေက ကိုယ့်ကို ဘယ်လိုတန်ဖိုးထားမလဲ...ဒီလိုပဲ ကွဲပြားသွားကြတယ်။

ခြင်္သေ့ဟာ သားကောင်မိဖို့အတွက် မိုင်ရာချီသွားတယ်။မြင်းက မြက်ကောင်းစားရဖို့အတွက် မိုင်ထောင်ချီသွားတယ်။ငါးကလေးတွေက ကိုယ်ကျက်စားရာနေရာက မရွေ့ဖို့ ကြီးမားတဲ့ရေအရှိန်ကို ဆန်ပြီး အသက်ရှင်နေထိုင်ကြတယ်။

"ခင်ဗျား ပင်ပန်းနေတာ သေချာသလား ...
အေး.... အဲဒါမှ မှန်တာကွ၊ သက်တောင့်သက်သာ 
ဆိုတာ လူသေကောင်တွေအတွက်စကား " တဲ့။

🌹 ခါးသီးမှ လူ့ဘဝ။
🌹 ပင်ပန်းမှ အလုပ်။
🌹 ပြောင်းလဲမှ ကံကြမ္မာ။
🌹 သည်းခံမှ ကျောက်ကောင်းဖြစ်။
🌹 အနာခံမှ အသာစံ။
🌹 ခွင့်လွှတ်မှ ပညာရှိ။
🌹 ငြိမ်သက်မှ သုံးသပ်နိုင်။
🌹 ရဲမှ မင်းဖြစ်။
🌹 လုပ်မှ ပိုင်ဆိုင်တာတဲ့။

တကယ်လို့ မိမိကိုယ်ကို အရမ်းပင်ပန်းနေတယ်လို့ ထင်မိတဲ့အခါတိုင်း စကားတစ်ခွန်းကိုသတိရပါ။

" လွယ်လွယ်ကူကူ လျှောက်လို့ရတာ ကုန်းဆင်း၊
 ငါအခု ပင်ပန်းနေတာ ကုန်းတက်ချိန်မို့လို့ "

ခေါက်ဆွဲက ပြောတယ် : " အောင်မြင်ချင်သလား 
ကျွန်တော်လို ခေါက်လိုက်ဆွဲလိုက် အလုပ်ခံလေ"

ဖက်ထုပ်ကပြောတယ် : " အတွင်းသားနုပေမယ့် 
အခွံမာမှ ကောင်းမှာနော် "

ငါးဖယ်က ပြောတယ် : " ငါ့လို သေပြီးသည့်တိုင် 
အခြစ်ခံ၊ အရိုက်ခံ ၊ အထုခံမှ ကောင်းမှာကွ "

ပဲပြားကပြောတယ် : " အဓိက, က အဆင့်တိုင်း အဆင့်တိုင်းခံနိုင်ရည်ရှိရမယ်၊ ဒါမှ နူးညံ့ပေမယ့် မကွဲထွက်တဲ့ ပဲပြားကောင်းဖြစ်မှာ "

ပုဇွန်ကပြောတယ် : " မသေခင်မျက်လုံးပြူးတယ်၊ 
အကြော်ခံပြီး သေသွားရင် ပိုပြူးပြနိုင်ရတယ် "

ရေနွေးကရားအိုး ကပြောတယ် : "ငါကတော့ ငါ့ကိုပူအောင်လုပ်လေလေ နှုတ်ခမ်းဖျားက တစ်ရွှီရွှီနဲ့ လေချွန်လေပဲ ငါ့ကောင်ရေ ... "

ဘီယာကပြောတယ် : "မလောပါနဲ့၊ မင်းကိုယ် အမြှုပ်ထွက်မှ အဆင့်ကောင်းကိုရမှာ "

ပေါင်မုန့်က ပြောတယ် : " အပူခံ ဖုတ်နေတဲ့အချိန်မှာ မိမိက ပြည့်ဝနေရင် ဘာကိုကြောက်ရမှာလဲ၊ တစ်ခါတည်း ဖောင်းထည့်လိုက်၊ ဒါပေမယ့် အထဲမှာ ဗလာနတ္ထိ မဖြစ်သွားရဘူး ၊ နောက်တစ်ခုက မပြည့်ဝခင် မဖောင်းရဘူး "

အီကြာကွေးက ပြောတယ် : " ဆီပူ မထိရင် မကျက်ဘူး၊ မကျက်တော့ မင်းကို ဘယ်သူလိုချင်မှာလဲ၊ အပူခံနိုင်မှ အီကြာကွေးအိုကြီးဖြစ်မှာ...."တဲ့။

လူ့ဘဝဆိုတာ ဒီလိုပါပဲ။ အောင်မြင်မှုလမ်းကြောင်းပေါ်ရောက်ဖို့ဆိုတာ တစ်ပါးသူရဲ့အကူအညီ၊ ဆရာကောင်းရဲ့ ညွှန်ကြားမှု၊ မိတ်ဆွေရဲ့နားလည်မှု၊ မိသားစုရဲ့ အားပေးမှု၊ မသမာတဲ့လူတွေရဲ့ထိုးနှက်မှု....အဲဒါတွေ မပါဘဲ ဘယ်တော့မှ မရောက်ဘူး။လူ့ဘဝဟာ ရခဲသလို လုပ်ရခဲတယ်။

မှန်မှန်ကန်ကန် လျှောက်လှမ်းရင်း အလှမ်းတိုင်း အလှမ်းတိုင်းကို ချစ်တတ်၊ မြတ်နိုးတတ်ဖို့ လိုပါတယ်။

#credit >>>original writer