ဘ၀မှာလျှောက်လှမ်းနေရတဲ့ လမ်းခရီးက 
ခက်ခဲကြမ်းတမ်းရင် ကျော်ဖြတ်လို့ရနိုင်ပါသေးတယ်။ 
ကိုယ်ဘယ်ရောက်မှန်းမသိ၊ ဘာဆက်လုပ်ရမှန်းမသိဘဲ 
စမ်းတဝါးဝါးနဲ့ လမ်းပျောက်နေတာက ပိုဆိုးပါတယ်။ 
ကျွန်တော်တို့ရဲ့ ဘ၀အချိူးအကွေ့တွေရောက်တိုင်းမှာ ရှေ့ဆက်ပြီး ဘယ်လမ်းကိုလျှောက်ရမှန်းမသိဘဲ 
လမ်းပျောက်သွားတဲ့ အခိုက်အတန့်တွေကြုံဖူးကြမှာပါ။ 

လက်ရှိအလုပ်ကနေ ပြောင်းသင့်မပြောင်းသင့်? 

လက်ရှိအချစ်ရေးကို လက်လွှတ်သင့်ပြီလား? 

ဘ၀တိုးတက်ဖို့အတွက် ဘာဆက်လုပ်သင့်လဲ? 

ငါအခုလုပ်နေတာ မှားများမှားနေပြီလား? 

ဒီလိုအတွေးတွေ၀င်ပြီး ဘာဆက်လုပ်ရမှန်းမသိဘူးဆိုရင်
ဒီအချက် ၄ ချက်ကိုလိုက်လုပ်ကြည့်ပါ။ 

၁။ စိတ်ကိုအရင်ရှင်းအောင်ထား ပြီးမှကျန်တဲ့ကိစ္စတွေကိုရှင်းပါ။ 

ကိုယ့်စိတ်ကိုတည်ငြိမ်အောင်အရင်ထားပြီးမှ ကျန်တဲ့ပြဿနာတွေကို ဖြေရှင်းဖို့ကြိုးစားပါ။ စိတ်ရှုပ်နေတဲ့အချိန်မှာ ဆုံးဖြတ်လိုက်တာတွေက အမှားများတတ်ပါတယ်။ မဆုံးဖြတ်ခင်မှာ သေချာစဉ်းစားပါ။ 

၂။ အခက်ခဲဆုံးအချိန်တွေက အောင်မြင်ဖို့ အနီးကပ်ဆုံးအချိန်တွေပါ။ 

ဘ၀မှာ အခက်ခဲဆုံးသောအချိန်တွေကို ဖြတ်သန်းနေရပြီဆိုရင် အခုထက်ပိုကောင်းတာ၊ ပိုအဆင်ပြေတော့မယ့် အချိန်ရောက်လာတော့မယ်ဆိုတာ မမေ့ပါနဲ့။ သာယာလှပတဲ့ မနက်ခင်းကိုရောက်ဖို့ မှောင်မိုက်တဲ့ညတွေကို ကျော်ဖြတ်ရတယ်ဆိုတာမမေ့ပါနဲ့။ 

၃။ မရေရာတဲ့ အနာဂတ်အတွက် ကြိုတွေးပြီးမပူပန်ပါနဲ့။ 

လက်ရှိကြိုးစားနေတာက ဘာအတွက်လဲဆိုတာ ရှင်းရှင်းလင်းလင်းသိအောင်လုပ်ပါ။ ဘာလို့လဲဆိုတော့ လက်ရှိလုပ်ဆောင်နေတာတွေက နောင်တစ်ချိန်မှာဘာဖြစ်လာမလဲဆိုတာကို ဆုံးဖြတ်ပေးမှာပါ။
 ပြီးဆုံးသွားတာတွေက ပြန်ပြင်လို့မရသလို ရောက်မလာသေးတဲ့ အနာဂတ်အတွက်လည်း ကြိုတွေးပြီးပူပန်မနေပါနဲ့။ လက်ရှိအခြေအနေကို ပြောင်းလဲနိုင်မှသာ အနာဂတ်ကိုပြောင်းလဲနိုင်မှာပါ။ 

၄။ ကျရှုံးတာတွေကို ဆင်ခြေမပေးပါနဲ့ 
အောင်မြင်ဖို့အတွက်ပဲ နည်းလမ်းရှာပါ။ 

ဘယ်တော့မှ ဆုံးရှုံးသွားတာတွေ၊ ကျရှုံးသွားတာတွေအတွက် အချိန်ကုန်မခံပါနဲ့။ သင်ခန်းစာရယူဖို့ပဲကြိုးစားပါ။ 
သင်ခန်းစာတွေကိုသင်ယူမှသာ နောင်တစ်ချိန်အတွက်
 ပိုမိုကောင်းမွန်တဲ့ ဆုံးဖြတ်ချက်တွေကိုချမှတ်နိုင်မှာပါ။
 ဆင်ခြေပေးတတ်တဲ့ ပါးစပ်လေးပိတ်ပြီး ပြဿနာတွေကိုဖြေရှင်းမှသာ အခက်အခဲတွေကပြေလည်ပြီး 
ဘာဆက်လုပ်ချင်လဲဆိုတာသိလာမှာပါ။ 
မဟုတ်ရင် ဆင်ခြေတွေနဲ့ပဲ လည်ထွက်နေပါလိမ့်မယ်။ 

ကိုယ့်ရဲ့ဆင်ခြေပေးတတ်တဲ့အကျင့်တွေ၊ မလုပ်တတ်ဘူးဆိုပြီး ထိုင်ညည်းတတ်တာတွေလျော့ပါ။ စိတ်ကိုရှင်းအောင်ထားပြီး လုပ်စရာရှိတာတွေဆက်လုပ်မယ်ဆိုရင် ကိုယ်ဘာကိုလိုချင်တာလဲ? ဘာတွေဖြစ်ချင်တာလဲ? ဆိုတာ သေချာသိလာနိုင်မယ့်အပြင် အောင်မြင်မှုလမ်းခရီးကို ကောင်းမွန်စွာလျှောက်လှမ်းနိုင်မှာပါ။ 

နိုင်သပြေ💞💞
reference - wechat
Credit to Htoo Zaw Wai
Photo - #NangNaungeYing