🌸🌸🌸🌸🌸🌸🌸🌸🌸

တန်ခူးလ❣

ရာသီလအမည်= တန်ခူးလ
ရာသီအမည်= မိဿရာသီ
ရာသီပွဲတော်= သင်္ကြန်ပွဲ
ရာသီပန်း= ကံ့ကော်ပန်း
စန်းယှဉ်နက္ခတ်= စိတြနက္ခတ်
ရာသီရုပ် = ဆိတ်ရုပ်
တာရာ= တံငါတာရာ
ရက်= ရက်မစုံလ (၂၉ရက်)
ရက်ရာဇာ= ဗုဒ္ဓဟူးနှင့်သောကြာ
ပြဿဒါး= ကြာသပတေးနှင့်စနေ
နဂါးခေါင်း= အနောက်သို့လှည့်၏။
🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸

ကဆုန်လ❣

ရာသီလအမည်= ကဆုန်လ 
ရာသီအမည်= ပြဿရာသီ
ရာသီပွဲတော်= ညောင်ရေသွန်းပွဲတော်
ရာသီပန်း= စံကားပန်း
စန်းယှဉ်နက္ခတ်= ဝိသာခါနက္ခတ်
ရာသီရုပ် = နွားလားဥဿဘရုပ်
တာရာ= တံငါတာရာ
ရက်= ရက်စုံ (၃၀)ရက်
ရက်ရာဇာ= ကြာသပတေးနှင့်စနေ
ပြဿဒါး= ဗုဒ္ဓဟူးနှင့်သောကြာ
နဂါးခေါင်း= အနောက်သို့လှည့်၏။
🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸

နယုန်လ❣

ရာသီလအမည်= နယုန်လ
ရာသီအမည်= မေထုန်ရာသီ
ရာသီပွဲတော်= စာတော်ပြန်ပွဲ
ရာသီပန်း= စံပယ်ပန်း
စန်းယှဉ်နက္ခတ်= ဇေဋ္ဌနှင့်မိဂသီ
ရာသီရုပ် = မိန်းမ၊ ယောက်ျားစုံတွဲရုပ်
တာရာ= မြင်းတာရာ
ရက်= ရက်မစုံ (၂၉)ရက်
ရက်ရာဇာ= အင်္ဂါနှင့်ကြာသပတေး
ပြဿဒါး= တနင်္ဂနွေ၊ တနင်္လာ
နဂါးခေါင်း= မြောက်ဘက်သို့လှည့်၏။
🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸

ဝါဆိုလ❣

ရာသီလအမည်= ဝါဆိုလ
ရာသီအမည်= ကဋကဋ်ရာသီ
ရာသီပွဲတော်= ပဉ္စင်းခံပွဲတော်
ရာသီပန်း= ပုန်းညက်ပန်း
စန်းယှဉ်နက္ခတ်= ပြုဗ္ဗာသန်နက္ခတ်
ရာသီရုပ် = ပုစွန်လုံးရုပ်
တာရာ= ဗျိုင်းတာရာ
ရက်= ရက်စုံ(၃၀) ရက်
ရက်ရာဇာ= တနင်္ဂနွေနှင့်ဗုဒ္ဓဟူး
ပြဿဒါး= အင်္ဂါနှင့်ရာဟု
နဂါးခေါင်း= မြောက်ဘက်သို့လှည့်၏။
🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸

ဝါခေါင်လ❣

ရာသီလအမည်= ဝါခေါင်လ
ရာသီအမည်= သိဟ်ရာသီ
ရာသီပွဲတော်= စာရေးတံမဲပွဲတော်
ရာသီပန်း= ခတ္တာပန်း
စန်းယှဉ်နက္ခတ်= သရဝဏ်နက္ခတ်
ရာသီရုပ် = ခြင်္သေ့ရုပ်
တာရာ= ဗျိုင်းတာရာ
ရက်= ရက်မစုံ(၂၉)ရက်
ရက်ရာဇာ= ဗုဒ္ဓဟူးနှင့်သောကြာ
ပြဿဒါး= ကြာသပတေးနှင့်စနေ
နဂါးခေါင်း= မြောက်ဘက်သို့လှည့်၏။
🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸

တော်သလင်းလ❣

ရာသီလအမည်= တော်သလင်းလ
ရာသီအမည်= ကန်ရာသီ
ရာသီပွဲတော်= လှေပြိုင်ပွဲ၊ သစ်ဆင်းပွဲ
ရာသီပန်း= ရင်းမာပန်း
စန်းယှဉ်နက္ခတ်= ပြုဗ္ဗာဘဒြပိုဒ်နက္ခတ်
ရာသီရုပ် = သမီးကညာရုပ်
တာရာ= ဗျိုင်းတာရာ
ရက်= ရက်စုံ(၃၀)ရက်
ရက်ရာဇာ= ကြာသပတေးနှင့်စနေ
ပြဿဒါး= ဗုဒ္ဓဟူးနှင့်သောကြာ
နဂါးခေါင်း= အ‌ရှေ့ဘက်သို့လှည့်၏။
🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸

သီတင်းကျွတ်လ❣

ရာသီလအမည်= သီတင်းကျွတ်လ
ရာသီအမည်= တူရာသီ
ရာသီပွဲတော်= မီးထွန်းပွဲ
ရာသီပန်း= ကြာပန်း
စန်းယှဉ်နက္ခတ်= အဿဝတီနက္ခတ်
ရာသီရုပ် = ချိန်ခွင်ကိုင်ကုန်သည်ရုပ်
တာရာ= ကျီးတာရာ
ရက်= ရက်မစုံ (၂၉)ရက်
ရက်ရာဇာ= အင်္ဂါနှင့်ကြာသပတေး
ပြဿဒါး= တနင်္ဂနွေ၊ တနင်္လာ
နဂါးခေါင်း= အရှေ့ဘက်သို့လှည့်၏။
🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸

တန်ဆောင်မုန်းလ❣

ရာသီလအမည်= တန်ဆောင်မုန်းလ
ရာသီအမည်= ဗြိစ္ဆာရာသီ
ရာသီပွဲတော်= ကထိန်ပွဲ
ရာသီပန်း= ခဝဲပန်း
စန်းယှဉ်နက္ခတ်= ကြတ္တိကာနက္ခတ်
ရာသီရုပ် = ကင်းမလက်မည်းရုပ်
တာရာ= ကျီးတာရာ
ရက်= ရက်စုံ (၃၀) ရက်
ရက်ရာဇာ= တနင်္ဂနွေနှင့်ဗုဒ္ဓဟူး
ပြဿဒါး= အင်္ဂါနှင့်ရာဟု
နဂါးခေါင်း= အရှေ့ဘက်သို့လှည့်၏။
🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸

နတ်တော်လ❣

ရာသီလအမည်= နတ်တော်လ
ရာသီအမည်= ဓနုရာသီ
ရာသီပွဲတော်= စာဆိုတော်ပွဲ
ရာသီပန်း= သဇင်ပန်း
စန်းယှဉ်နက္ခတ်= မိဂသီနက္ခတ်
ရာသီရုပ် = လတစ်ပိုင်းမြင်းတစ်ပိုင်းလေးကိုင်ရုပ်
တာရာ= ဟင်္သာတာရာ
ရက်= ရက်မစုံ (၂၉)ရက်
ရက်ရာဇာ= ဗုဒ္ဓဟူးနှင့်သောကြာ
ပြဿဒါး= ကြာသပတေးနှင့်စနေ
နဂါးခေါင်း= တောင်ဘက်သို့လှည့်၏။
🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸

ပြာသိုလ❣

ရာသီလအမည်= ပြာသိုလ
ရာသီအမည်= မကာရရာသီ
ရာသီပွဲတော်= မြင်းခင်းသဘင်ပွဲ
ရာသီပန်း= ခွါညိုပန်း
စန်းယှဉ်နက္ခတ်= ဖုသျှနက္ခတ်
ရာသီရုပ် = ရေထမ်းသမားရုပ်
တာရာ= ပုစွန်တာရာ
ရက်= ရက်စုံ (၃၀) ရက်
ရက်ရာဇာ= ကြာသပတေးနှင့်စနေ
ပြဿဒါး= ဗုဒ္ဓဟူးနှင့်သောကြာ
နဂါးခေါင်း= တောင်ဘက်သို့လှည့်၏။
🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸

တပို့တွဲလ❣

ရာသီလအမည်= တပို့တွဲလ
ရာသီအမည်= ကုံရာသီ
ရာသီပွဲတော်= ထမနဲပွဲ
ရာသီပန်း= ပေါက် လဲ ပန်း
စန်းယှဉ်နက္ခတ်= မာဃနက္ခတ်
ရာသီရုပ် = ရေထမ်းသမား(မြူတာအိုးရာသီရုပ်)
တာရာ= ချိန်တာရာ
ရက်= ရက်မစုံ (၂၉) ရက်
ရက်ရာဇာ= အင်္ဂါနှင့်ကြာသပတေး
ပြဿဒါး= တနင်္ဂနွေ၊ တနင်္လာ
နဂါးခေါင်း= တောင်ဘက်သို့လှည့်၏။
🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸

တပေါင်းလ❣

ရာသီလအမည်= တပေါင်းလ
ရာသီအမည်= မိန်ရာသီ
ရာသီပွဲတော်= သဲပုံစေတီပွဲ
ရာသီပန်း= သရဖီပန်း
စန်းယှဉ်နက္ခတ်= ဥတ္တရဖဂူနိနက္ခတ်
ရာသီရုပ် = ငါးနှစ်ကောင်ရုပ်
တာရာ= ဆံကျင်တာရာ
ရက်= ရက်စုံ (၃၀) ရက်
ရက်ရာဇာ= တနင်္ဂနွေနှင့်ဗုဒ္ဓဟူး
ပြဿဒါး= အင်္ဂါနှင့်ရာဟု
နဂါးခေါင်း= အ‌နောက်သို့လှည့်၏။

🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸

              ဆယ့်နှစ်လရာသီမိုး❣

-တန်းခူးမည်မှတ်ဖတ်စွတ်ရေတိုး သင်္ကြန်မိုး၊

-ကဆုန်အတွင်းမြေသင်းပျံ့ပျံ့မိုးနှံ့နှံ့၊

-နယုန်မိုးသေးမြက်သားမွေး၊

-ဝါဆိုလပြောင်းမိကျောင်းဖွေးဖွေး မိုးအေးအေး၊

-ဝါခေါင်တကြောင်း ထနောင်းကြောင်ကျစ် ဆူးရစ်ပွင့်ကမိုးမရွာ၊ ရွာပါ သော်လည်းမိုးမသည်း။

-တော်သလင်းတိမ်ညို စဖိုသည်ဆင်းရဲ မိုးမဆဲ၊

-သီတင်းကျွတ်တွင်ပလ္လင်ဆေးမိုးရွာသွန်းဖြိုး၊

-တန်ဆောင်မုန်းတွင်ဆီးနှင်းတဖြိုက်မိုးတလိုက်၊

-နတ်တော်ရောက်ငြားမိုးသားမငြိမ်ဆင်ရာတိမ်၊

-ပြာသိုချမ်းပြင်း ဆီးနှင်းရောယှက် နှမ်း ပုံပျက်၊

-တပို့တွဲ နွှဲရွာခြင်း ကျန်မိုးကြွင်း၊

-တပေါင်းလည်းကူး မိုးသားကျူး။
#Credit✍