1️⃣ ဘယ်သူ့ကိုမှ အားမကိုးပါနဲ့။
 ဘဝမှာ ကိုယ်ကလွဲရင် ဘယ်သူကမှ 
 ကိုယ့်အတွက် အမြဲရှိမနေနိုင်ဘူး။

2️⃣ ဘာကြောင့်ပဲဖြစ်ဖြစ် 
 ဘယ်နေရာပဲရောက်ရောက် ရိုးသားပါ။
ရိုးသားခြင်းဟာ လူ့တန်ဖိုးအစစ်ဖြစ်လို့
 ရိုးသားမှုမရှိလျှင် လူဟာ တန်ဖိုးမရှိပါဘူး။
 ဘာမှမရှိပေမယ့် အမြဲရိုးသားမှုရှိနေတော့ 
 ကိုယ်ဟာ တန်ဖိုးရှိတဲ့သူ ဖြစ်နေပါပြီ။

3️⃣ ဘာမှမသ်ိရင် အောက်ကျို့ရတယ်။ 
 ဒါကြောင့် သိအောင် လေ့လာပါ။
 ဘာမှမရှိရင် မျက်နှာငယ်ရတယ်။ 
 ရှိအောင် ကြိုးစားပါ။ငွေရှာပါ၊ ပိုက်ဆံစုပါ။ 
 ဘယ်သူ့အပေါ်မှ မမှီခိုဘဲ ဘယ်သူ့မျက်နှာကိုမှ
 မကြည့်ဘဲ နေနိုင်တဲ့အထိ ကြိုးစားရှာဖွေပါ။

4️⃣ တစ်ခုလိုချင်ရင်တစ်ခုပေးဆပ်ရတယ်။
 ဒါမဲ့ အဲ့ဒီအထဲမှာ ကိုယ်ကျင့်တရားမပါစေနဲ့။
 ကိုယ့်ဒဏ်ရာကို လူတိုင်းကို ချမပြပါနဲ့။
 မင်းသိအောင် ကိုယ်ချင်းစာပေးမယ့်သူထက်
 မင်းမသိအောင် ကြိတ်ပျော်နေမယ့်သူက 
 ပိုများပါတယ်။

5️⃣ လိုအပ်နေမှန်းသိရင်
တချို့ကထွက်သွားချင်တယ်။ 
 လွယ်လွယ်နဲ့ရရင် တန်ဖိုးမထားကြတော့ဘူး။ 
 ဒါကြောင့် အများကြီးဖက်တွယ်မနေပါနဲ့နော်။ 
 တချို့က အများကြီးချစ်တာနဲ့လုံးဝမတန်ဘူး။

6️⃣ တခါတေလမွာ
 အေးအေးဆေးဆေးလေး အနားယူပြီး 
 တစ်ယောက်ထဲ နေတတ်အောင် နေကြည့်ပါ။ 
 လွတ်လပ်ပေါ့ပါး စိတ်ချမ်းသာလာပြီးတော့ 
 တချို့အရာတွေက ကိုယ်ထင်ထားသလောက်
 အရေးမကြီးမှန်း၊ သိလာပါလိမ့်မယ်။

7️⃣ ပျော်ရွှင်မှုဆိုတာတစ်ခြားသူဆီမှာမရှိပါဘူး
 ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပြီး ကိုယ့်ဘဝထဲကပဲ
 ကိုယ်ကိုယ်တိုင် ရှာယူရတာပါ။
------------------------------------------------------------
#Credit; Original Author.