ကံတရားဆိုတာ မျက်နှာမလိုက်ဘူး။
ဆင်းရဲမှာကြောက်ရင် မနှမြောနဲ့ပေါ့။
နှမြောတဲ့သူဟာ ဆင်းရဲတတ်တယ်။
နှမြောတော့ မပေး။ မပေးတော့ မရ။
ဒါသဘာဝပါပဲ။

ရုပ်ဆိုးမှာကြောက်ရင် ဒေါသမကြီးနဲ့ပေါ့။
ဒေါသကြီးတဲ့သူဟာ ရုပ်ဆိုးတတ်တယ်တဲ့။
ရုပ်လှချင်ရင် မေတ္တာနဲ့ယှဉ်ပေါ့။

ဘဝ အဆင့်နိမ့်မှာ ကြောက်ရင် မာနမကြီးနဲ့ပေါ့။
မာနကြီးတဲ့သူဟာ တိရစ္ဆာန်ဘဝ ရောက်တတ်တယ်။
နှိမ့်ချတဲ့သူဟာ နိမ့်ကျမသွားပါဘူး။

အထီးကျန်မှာကြောက်ရင် မနာလိုစိတ်မများနဲ့ပေါ့။
မနာလိုစိတ်များတဲ့သူဟာ တစ်ယောက်ထဲ
အထီးကျန်တတ်တယ်။

မုဒိတာပွားနိုင်မှ သုခိတာအများဆိုင်တာမှတ်လား။

ဥာဏ်ထှိုင်းမှာကြောက်ရင် မေးဖို့ ဝန်မလေးနဲ့ပေါ့။
မမေးတဲ့သူဟာ မသိပဲ ထှိုင်းသွားတတ်တယ်။
မေးရင် သိတယ်။ သိရင် ဥာဏ်ပွင့်တယ်။
ဥာဏ်ပွင့်မှ အမှန်တင့်မှာပေါ့။

ရောဂါထူမှာကြောက်ရင် မညှဉ်းဆဲ မနှိပ်စက်နဲ့ပေါ့။
သူတစ်ပါးကို ညှဉ်းဆဲ နှိပ်စက်တဲ့သူဟာ
ရောဂါထူတတ်တယ်။

ကိုယ်က မနာချင်ရင် သူကိုလည်း နာအောင်
မလုပ်မှ ဖြစ်မှာပေါ့။

အသက်တိုမှာ ကြောက်ရင် 
သူများအသက် မသတ်နဲ့ပေါ့။
သူတစ်ပါးအသက်ကို သတ်တဲ့သူဟာ
အသက်တိုတတ်တယ်။
သီလလုံရင် အသက်ရှည်တယ် ကျန်းမာတယ်
လမ်းသာတယ်ပေါ့။

အရင်းစစ်တော့ ကိုယ်လုပ်သမျှ
ကိုယ်ပြန်ရတာပါပဲ။
ကိုယ်မှန်သမျှ ကိုယ်စံရတာပါပဲ။
ကိုယ်မှားသမျှ ကိုယ်အမှားရတာပါပဲ။
ကံတရားရဲ့သဘောကတော့
မျက်နှာလိုက်မှာ မဟုတ်ဘူးပေါ့။

#မနောပဒါယီ_အရှင်ဝိစိတ္တ
  🙏🙏🙏🙏🙏🙏🙏

🙏လုံးစုံများစွာ၊ သတ္တဝါ
ချမ်းသာကိုယ်စိတ် မြဲပါစေ။ 
ဥပဒ်ရန်ဘေး၊ကင်းစင်ဝေး 
ငြိမ်းအေးကြပါစေ။🙏

🙏အပ္ပမာဒေန သမ္မာဒေထ🙏