ချင်းပြည်နယ် သည် မြန်မာနိုင်ငံ၏ အနောက်ဖက်အကျဆုံး ပြည်နယ်တစ်ခု ဖြစ်သည်။ ချင်းပြည်နယ်သည် အကျယ်အဝန်း ၃၆,၀၁၉-စတုရန်း-ကီလိုမီတာ (၁၃,၉၀၇-စတုရန်းမိုင်) ရှိပြီး တောင်ဖက်တွင် ရခိုင်ပြည်နယ်၊ အနောက်တောင်ဖက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အရှေ့ဖက်တွင် စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီး၊ မြောက်ဖက်တွင် အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်နှင့် အနောက်ဖက်တွင် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တို့ဖြင့် ဝန်းရံထားသည်။ ပြည်နယ်၏ မြို့တော်မှာ ဟားခါးမြို့ ဖြစ်သည်။ ချင်းပြည်နယ်သည် တောင်တန်းထူထပ်မှုကြောင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲကာ မြန်မာနိုင်ငံတွင် ဖွံ့ဖြိုးမှု အနည်းဆုံးနေရာ ဖြစ်သည်။

တည်နေရာနှင့် အကျယ်အဝန်း 

ချင်းပြည်နယ်သည် ၁၃,၉၀၇ စတုရန်းမိုင်ကျယ်ဝန်းသည်။ လူနေကျဲသော တောင်ပေါ်ဒေသဖြစ်သည်။ မြန်မာနိုင်ငံ၏ အနောက်မြောက်ပိုင်းတွင်တည်ရှိပြီး ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ အိန္ဒိယနိုင်ငံနှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ဖြင့် ဝန်းရံထားသည်။ မြောက်လတ္တီတွဒ် ၂၁ ဒီဂရီ မှ ၂၄ ဒီဂရီ ၁၅မိနစ် အတွင်း၊ အရှေ့လောင်ဂျီတွဒ် ၉၃ ဒီဂရီ ၁၅မိနစ် မှ ၉၄ ဒီဂရီ အတွင်း တည်ရှိသည်။

ရာသီဥတု 

တောင်ပေါ်ဒေသဖြစ်၍၊ ချမ်းမြသော ရာသီဥတုရှိသည်။ အပူဆုံးသောလမှာ ဧပြီ နှင့် မေလများဖြစ်ပြီး ပျှမ်းမျှအပူချိန်မှာ ၆၀ ဒီဂရီဖာရင်ဟိုက် မှ ၇၀ ဒီဂရီဖာရင်ဟိုက် သာရှိသည်။ အအေးဆုံးကာလများတွင် အပူချိန်မှာ ၃၉ ဒီဂရီဖာရင်ဟိုက်မှ ရေခဲမှတ်အောက်ထိ ကျဆင်းတတ်ပါသည်။

ပျှမ်းမျှ မိုးရေချိန်မှာ ၈၀ မှ ၁၀ဝ လက်မအတွင်းရှိပြီး အထူးသဖြင့်တောင်ပိုင်းဒေသများမှာ မိုးပိုများတက်ပါသည်။

အုပ်ချုပ်ရေး
မြို့တော် 

ချင်းပြည်နယ်၏ မြို့တော်မှာ ဟားခါးမြို့ဖြစ်သည်။

ခရိုင်၊ မြို့နယ်၊ မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ကျေးရွာများ 

ချင်းပြည်နယ်ရှိ ခရိုင်များ
၂၀၁၇ခုနှစ်တွင် မတူပီခရိုင်ကို တိုးမြှင့်ခဲ့ရာမှ ချင်းပြည်နယ်တွင် ခရိုင် (၄)ခု ရှိလာခဲ့သည်။

ဖလမ်းခရိုင်
ဖလမ်းမြို့နယ်
ဖလမ်းမြို့
ရိဒ်ခေါဒါရ်မြို့
ဝေဘူလမြို့
တီးတိန်မြို့နယ်
တီးတိန်မြို့
ခိုင်ကမ်းမြို့
တွန်းဇံမြို့နယ်
တွန်းဇံမြို့
ကျီခါးမြို့
ဟားခါးခရိုင်
ဟားခါးမြို့နယ်
ဟားခါးမြို့
ဆူခွားရ်မြို့
ထန်တလန်မြို့နယ်
ထန်တလန်မြို့
နှာဟရိန်မြို့
မင်းတပ်ခရိုင်
မင်းတပ်မြို့နယ်
မင်းတပ်မြို့
မကွီအိမ်နူးမြို့
ကန်ပက်လက်မြို့နယ်
ကန်ပက်လက်မြို့
ကျင်ဒွေးမြို့
မတူပီခရိုင်
မတူပီမြို့နယ်
မတူပီမြို့
ရေဇွာမြို့
လိုင်လင်းပီမြို့
ပလက်ဝမြို့နယ်
ပလက်ဝမြို့
ဆမီးမြို့
မြို့နယ်(၉)ခု ၊ မြို့ (၁၈)မြို့ ၊ ရပ်ကွက် (၆၆)ရပ်ကွက်၊ ကျေးရွာအုပ်စု (၄၆၄) အုပ်စု နှင့် ရွာပေါင်း (၁၃၄၇) ရွာ ရှိပါသည်။

အခြား မြို့ရွာများ 

အိုက်ကား
စာလ်ထောင်(ဟာဆော်)
ရှာဗါး
ကျီခါး
လက်မေ
ထန်တလန်
ထုတ်လိုင်
ကန်ပက်လက်
လိုထော်
လုံလဲ
မတူပီ
ငဖိုင်းပီ
ပလက်ဝ
ပျဉ်ဝ
ဖို့ဝှိုက်
ရွာဖန်း
ဆမီး
ဆူရ်ခွား
တေဇန်
သိုင်းငင်း
တီးတိန်
တွန်းဇံ
ဝဘေူလ
ဆဘောင်တေး
ရိဒ်ခေါဒါရ်
လုမ်ဘန်
ဆတ်တား
ဘွာလ်ခွါး
တာရွှန်း
လုမ်ပီး
လိုင်ဇိုး
ဖိုင်ဖူ အေ (ဖိုင်ဖား အေ)
ဖိုင်ဖူ ဘီ (ဖိုင်ဖား ဘီ)
ရေဇွာ
ဒင်လာအိုပါး (ဒင်လိုပါး)
ခပီး
လုံးရန်
ဟာအိုဆဲင်
လုံခင်း
ဘွာန်လုံး
လောက်လုံး
ရမ်ထလို
ဟရင်ထန်း
ပါရ်သဲ
ဗာရ်း

စိတ်ဝင်စားဖွယ်နေရာများ 

ချင်းတောင်တန်းတွင် အမြင့်ဆုံးတောင်ထွဋ်ဖြစ်သော ဝိတိုရိယ (ခေါ်) နတ်မတောင် (ခေါ်) ခေါ်နူးစုမ်တောင်ထိပ်
အသည်းပုံ ရိဒ်ရေကန် (Rih Lake)[၄]
မတူပီမြို့နယ် ဘုံတလာရေတံခွန်
ချင်းပြည်နယ် မြောက်ပိုင်း ကနေဒီဆင်စခန်း
ကနေဒီတောင်
အွေကျီး တနောင်းရေအိုင်

ဒေသထွက်ကုန်များ 

ချင်းပြည်နယ် ထွတ်ကုန် သီးနှံများမှာ ပြောင်းဖူး၊ပဲတို့ဖြစ်သည်

#General_Knowledge
ကိုးကား : ဝီကီပီးဒီးယား