ဘဝမှာ အများကြီးမလိုပါဘူး ... စိတ်နှလုံးကိုပျော်ရွှင်အောင် ထားတတ်ဖို့ပဲ လိုအပ်တယ်ဆိုတာကို ဒီပန်းချီကားလေးထဲကနေ
တွေ့ရမှာဖြစ်ပါတယ် ...
-------------------------------------------------

ဒီပန်းချီကားရဲ့ နာမည်ဟာ
"ပျော်ရွှင်ခြင်း" လို့ အဓိပ္ပါယ်ရပါတယ်။
တစ်ခါက Nazim Hikmat လို့ခေါ်တဲ့ နာမည်ကျော်
တူရကီ ကဗျာဆရာတစ်ယောက်က
သူ့ မိတ်ဆွေ ပန်းချီဆရာတစ်ဦး ဖြစ်တဲ့
Abidin Dino ဆိုသူကို ပျော်ရွှင်ခြင်းရဲ့ ရုပ်ပုံကို
ပန်းချီဆေးရေး ပေးဖို့အတွက် တောင်းဆိုခဲ့ပါတယ်။
သူ့မိတ်ဆွေ ပန်းချီဆရာက
အခု ပုံမှာ မြင်နေရတဲ့အတိုင်း –
ကလေးတွေ အများကြီးနဲ့ မိသားစုလေးဟာ
အနုပ်စုတ်ကုပ်စုတ် အခန်းလေးတစ်ခုထဲ
သူတို့ရဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေနဲ့ အတူ
မိုးယိုပြီး ကျနေတဲ့ ခေါင်မိုးအောက်မှာ
ကျိုးပဲ့နေတဲ့ ကုတင်တစ်ခုပေါ်
ခြေချစရာ နေရာလပ်မရှိအောင်
ကျပ်ညှပ်သပ်ပြီး အိပ်နေကြရပေမယ့်
သူတို့တွေ အားလုံးရဲ့ မျက်နှာပေါ်မှာ
အေးချမ်းပျော်ရွှင်နေတဲ့ အပြုံးကိုယ်စီ
ရှိနေကြတဲ့ပုံလေးကို ရေးဆွဲပေးခဲ့ပါတယ်။
ဒီပန်းချီကားလေးဟာ အရမ်းကို နာမည်
ကျော်ကြားသွားခဲ့ပြီး လူတွေကို
ပျော်ရွှင်ခြင်းဆိုတာ ကိုယ့်ရဲ့
ဆင်းရဲဒုက္ခတွေကနေ ရှောင်ပြေး
ပုန်းရှောင်နေခြင်း မဟုတ်ပဲ
ကိုယ့်ရဲ့ ဆင်းရဲဒုက္ခတွေကို
ရိုးရိုးသားသား လက်သင့်ခံလိုက်ခြင်းပဲ
ဖြစ်တယ်ဆိုတဲ့ အသိကို ရစေခဲ့တဲ့
ပန်းချီကားတစ်ချပ် ဖြစ်လာခဲ့ပါတယ်။
ဘယ်လောက်ပဲ ခက်ခက်ခဲခဲ ကြိုးစား
ရုန်းကန်နေရတဲ့ အခြေအနေမျိုးမှာ ဖြစ်ဖြစ်
ကိုယ့်နံဘေးမှာ ရှိနေတဲ့ ကောင်းတဲ့
အချင်းအရာတွေကို မြင်တတ်ပါစေ။
ကိုယ် မတတ်နိုင်တဲ့ အကြောင်းကိစ္စတွေ
အတွက်လည်း ပူပန်သောကတွေ မထားပါနဲ့။
တတ်နိုင်သလောက် ဘဝကို
ပျော်ပျော်ရွှင်ရွှင်ပဲ ဖြတ်သန်းပါ။
ဖန်ဆင်းသျှင် အပေါ်မှာ ယုံကြည်မှု
အပြည့်အဝ ထားပါ။
ဒီလောက်ဆိုရင် ဘဝက
လုံလောက်တာထက်တောင် ပိုနေပါပြီ။ 💙🍀
#Copy_Credit 
#yooyar