Words of Command or Drill Command ( စစ်မိန့်သံ ၊ အမိန့်ပေးသံ )
(1) All students , fall in = ကျောင်းသားအားလုံး .... တန်းစီ... ။
(2) In single rank , fall in = တစ်ယောက်တန်း ... တန်းစီ (သို့)
ရင်ဘောင်တန်း ....တန်းစီ... ။
(3) In single file , fall in = ရှေ့နောက် တစ်ယောက်တန်း ... တန်းစီ... ။
(4) In three ranks , fall in = သုံးယောက်တန်း .... တန်းစီ... ။
(5) Eyes front = ရှေ့ကြည့် ... ။
(6) Attention = သတိ ။
(7) By the right = ညာညှိ ....။ ( US usage Dress right )
(8) At close interval , by the right ( Dress right ) = ခါးထောက်...
ညာ....ညှိ ။
(9) At normal interval , by the right = လက်ဆန့် ... ညာညှိ
(လက်ဆန့် ပြီး ညာညှိ ပါ ...ဟု သီးခြား အမိန့်ပေးလိုသော အခါ
သုံးနိုင်သည် ။ သာမန်အားဖြင့်တော့ By the right / Dress Right
ဟုပြောရုံမျှဖြင့် လက်ဆန့် ညာညှိ ကြရမည်သာ ဖြစ်ပါသည် ။)
(10) One pace left , close march = ဘယ် (၁) လှမ်း... ကပ် ။
(11) Two paces right , close march = ညာ (၂) လှမ်း..ကပ် ။
(12) Two paces , forward march = ရှေ့ (၂) လှမ်း.... တက် ။
(13) Two paces , step back march = နောက် (၂) လှမ်း..ဆုတ် ။
(14) Count off = အမှတ်စဉ်...မှတ် ။
(15) Open order - march =တန်းချဲ.. ။ (တန်းစီရာတွင် ရှေ့တန်း နှင့်
နောက်တန်းများ အား ခပ်ကျဲကျဲ ချဲခိုင်းခြင်းဖြစ်သည်..။
သတိပြုရမည့် အချက်မှာ .. (၃)ယောက်တန်း တန်းစီထားပါက
ရှေ့ဆုံးတန်းနှင့် နောက်ဆုံးတန်းများသာ ချဲရမည်ဖြစ်ပြီး
အလယ်တန်းမှာ မူလ အနေအထားအတိုင်း ရှိရမည် ဖြစ်ပါသည် ။
(၅) ယောက်တန်းဆိုပါက ရှေ့ (၂) တန်း.. နောက်(၂) တန်း ချဲရမည်
ဖြစ်ပါသည်။ )
(16) Close order - march = တန်းစု ...။
(17) About-turn = နောက်လှည့် (US usage About-face )
(အင်္ဂလိပ်ဖြစ်ဖြစ်.. အမေရိကန်ဖြစ်ဖြစ်.. မည်သည့် အသုံးအနှုန်း
သုံးစေကာမူ နောက်လှည့်သွားမည်သာဖြစ်ပါသည်။)
(18) Right turn = ညာလှည့် ... ။(US usage Right face )
(19) Left turn = ဘယ်လှည့် ... ။(US usage Left face )
(20) Quick March = အမြန်လျောက်... ။
(21) Halt ! = ရပ် .... ။
(22) Squad halt = အဖွဲ့... ရပ် ။
(23) Mark time = အချိန်..မှတ် ။
(24) Double mark time = အပြေးချိန်.. မှတ် ။
(25) Slow mark time = အနှေးချိန်..မှတ် ။
(26) Double march = အပြေးတက် ။
(27) At ease = သက်သာ ..(Stand at ease လို့ လည်း သုံးနိုင်ပါတယ် ) ။
(US usage က သက်သာကို Parade Rest လို့ သုံးပြီး At ease ကို
အေးစေ အနေအထားနဲ့သုံးပါတယ်...
မြန်မာနိုင်ငံမှာတော့ English လို Command ပေးရင် သက်သာကို
At ease လို့ပဲ အသုံးများပါတယ်.. )
(28) Stand easy = အေးစေ .. ။
(29) Call the roll = အဖွဲ့လိုက်.....လူစစ်.. ။
(30) All students , attention = အားလုံး ..သတိ ။
(31) Salute the national flag =နိုင်ငံတော်အလံအား... အလေးပြု.. ။
(32) As you were = နေမြဲ (idiom) ။
(33) Salute General Aung San , the fallen leaders and comrades =
ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးလေပြီးသော ခေါင်းဆောင်ကြီး
များ နှင့် ရဲဘော်အပေါင်း အား.... အလေးပြု ။
(34) As you were = နေမြဲ ... ။ (idiom အသုံးအနှုန်း)
(35) Eyes right = အလေးပြုရန်..... ညာကြည့် ။
( အဖွဲ့လိုက် လမ်းလျောက်ချီတက် နေစဉ်အတွင်း ဗိုလ်ရှုခံ စင်မြင့်
ထက်ရှိ နိုင်ငံတော် သမ္မတ (သို့) တပ်မတော်ကာကွယ်ရေးဦးစီးချုပ်
တို့ ကဲ့သို့သော အကြီးအကဲများအား အလေးပြုသည့် ပုံစံဖြစ်ပြီး
ဦးခေါင်းအား ညာဘက် ၄၅ ဒီဂရီ လှည့်ပေးရသည့် အနအထား
ဖြစ်ပါသည် ။)
(36) Eyes left = အလေးပြုရန်... ဘယ်ကြည့် ။
(37) Carry on =ဆက်လုပ်..။
(38) Break off = တန်းဖြုတ်... ။ (တစ်နေ့တာအတွက် ခေတ္တ
တန်းဖြုတ်ခြင်းသာဖြစ်သည်..ထပ်မံတန်းစီရန်ရှိသေးသည့်
အနေအထားဖြစ်ပါသည်.. ဥပမာ.. နံနက်ခင်း Assembly လုပ်ပြီး
တန်းဖြုတ်ဟုပြောပါက Break off ကို သုံးရပါသည်.. )
(39) Fall out = တန်းဖြုတ်... ။ (Break off နှင့် အတူတူ ဖြစ်ပါသည်။
စာသင်ခန်းမ အတွင်း ပြန်၀င်ရန် ၊ မိမတို့၏ သက်ဆိုင်ရာ
အခန်းအတွင်း ပြန်၀င်ရန်အတွက် တန်းဖြုတ်ခြင်းဖြစ်သည်။
တစ်နေ့တာအတွက် အပြီး တန်းဖြုတ်ခြင်း မဟုတ်သေးပါ ။ )
(40) Dismiss = ပြီးစေ ဟုပြောခြင်းဖြစ်သည်....
Break off / Fall out ဟု မသုံးရပါ.. )